ပြည်မှာ လုပ်တဲ့ မောင်မယ်သစ်လွင် ကြိုဆိုပွဲပါ

ပြည်မှာ လုပ်တဲ့ မောင်မယ်သစ်လွင် ကြိုဆိုပွဲပါ




 




 



 



 

 



ပြည်တက္ကသိုလ် မှာ ယမန်နေ့ မေ ၁၉ရက်က လုပ်ခဲ့တဲ့ မောင်မယ်သစ်လွင် ကြိုဆိုပွဲပါတဲ့

ဓာတ်ပုံရိုက်တော့ mask ဆွဲတင်တဲ့​ ကောင်နဲ့ စာအုပ်နဲ့ ကွယ်တဲ့ ကောင်မတွေနဲ့

ကင်မရာ ကိုယ့်ဘက် လှည့်လာရင် ခုံအောက် ပြေးဝင်တော့မယ့် မျက်နှာတွေနဲ့

လူမှုရေးပြစ်ဒဏ်ဆိုတာ အဲ့တာပါပဲ ကိုယ်လုပ်ခဲ့တဲ့ အရိပ်မဲကြီးက ဘဝတစ်ခုလုံး ရှက်စရာ ဖြစ်နေတာပါ

ဒီကျောင်းသားတွေ ပညာသင်ခွင့် ပိတ်ခံရတဲ့အထိ အရေးယူခံရဖို့ မဖြစ်နိုင်ပေမယ့် အခုတက်နေတဲ့ ပညာရေးကို အသိအမှတ်မပြုပဲ ဖယ်ရှားခံရမှာပါ

အဲ့ဒီအချိန်မှ ဘယ်လို မျက်နှာမျိုးတွေနဲ့ ကျောင်းကို ပြန်လာမလဲဆိုတာ စောင့်ကြည့်ပါအုံးမယ်

ပဲခူးတိုင်းဒေသကြီး ပြည်တက္ကသိုလ်၏ ၂၀၂၂ – ၂၀၂၃ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက တက္ကသိုလ် ဘက်စုံသုံးခန်းမ၌ ကျင်းပရာ

 

ပြည်တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးဆရာ၊ဆရာမများ၊ သင်တန်းရေးရာဌာနမှူးနှင့် မောင်မယ်သစ်လွင်ကျောင်းသား၊ ကျောင်းသူများတက်ရောက်သည်

ပါမောက္ခချုပ် ဒေါက်တာသက်လွင် က ယနေ့မျက်မှောက်ကြုံတွေ့နေရတဲ့ခေတ်သည် ပညာခေတ်ဖြစ်ကြောင်း၊ ပညာခေတ်ဖြစ်တာနှင့် အညီ အရာရာကို ပညာဖြင့်သာဆုံးဖြတ်ပါကြောင်း

လူတစ်ဦးတစ်ယောက်ချင်းမှသည် နိုင်ငံတစ်နိုင်ငံအထိ ဖွံ့ဖြိုးတိုးတက်မှုကို ပညာနဲ့သာတိုင်းတာကြပါကြောင်း၊ ပညာရပ်တွေဟာလည်း အချိန်နာရီနှင့်အမျှ ယနေ့ကမ္ဘာကြီးတွင် ဖွံ့ဖြိုးတိုးတက်နေပါကြောင်း

မောင်မယ်သစ်လွင်တို့သည် တစ်ချိန်မှာ အမိမြန်မာနိုင်ငံတော်ကြီးကို ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးအဖြစ် ပုံဖော်ထုဆစ်ကြမည့် မျိုးဆက်သစ်လူငယ်များပဲဖြစ်ကြကြောင်း

သင်ကြားသင်ယူမှုတွေ ပြုလုပ်ဆောင်ရွက်နိုင်အောင်လည်း နိုင်ငံတော်က အခက်အခဲများကြားမှ ပညာရေးမနှောင့်နှေးရအောင် စီမံဖန်တီးပေးလျက်ရှိကြောင်း ဟောပြောခဲ့သည်


Leave a Reply

Your email address will not be published.