“ထိုင္းႏိုင္ငံမွာ ေပ်ာက္ဆုံးသြားတဲ့ ခင္ပြန္းကို (၅) ႏွစ္ၾကာရွာေဖြခဲ့တဲ့ ကရင္အမ်ိဳးသမီး”

“ထိုင္းႏိုင္ငံမွာ ေပ်ာက္ဆုံးသြားတဲ့ ခင္ပြန္းကို (၅) ႏွစ္ၾကာရွာေဖြခဲ့တဲ့ ကရင္အမ်ိဳးသမီး”

ထိုင္းႏိုင္ငံ ဖက္ဘူရီခ႐ိုင္ ကန္ကက်န္ အမ်ိဳးစားသစ္ေတာထဲမွာ လြန္ခဲ့တဲ့ (၅) ႏွစ္ကတဲကေပ်ာက္ဆုံးသြားခဲ့တဲ့ ဘီလီ ေဖၚရၾကည္ (ကရင္တိုင္းရင္းသား အခြင့္အေရး တက္ႂကြလႈပ္ရွားေနသူ ေခါင္းေဆာင္)ကို ရွာေဖြေနတဲ့

ဇနီးျဖစ္သူ မုေနာ္ကို DSI (အထူးစုံစမ္းစစ္ေဆးေရးအဖြဲ႕) သူမေယာက္က်ား အ႐ိုး DNA ေတြ႕ၿပီျဖစ္ေၾကာင္း အေၾကာင္းၾကား ထုတ္ျပန္ခဲ့ပါတယ္။ငါးႏွစ္ၾကာ ေပ်ာက္ဆုံးေနခဲ့တဲ့ ႏိုင္ဘီလီဟာ နယ္စပ္ေဒသကရင္ေၾကး႐ႊာေတြကို ထိုင္းသစ္ေတာအဖြဲ႕က က်ဴးေက်ာ္ဆိုမီးမီး႐ိူ႔ဖ်က္ဆီး တာေတြကိုဦးေဆာင္တိုက္ပြဲဝင္ေနသူပါ။

ကေလးငါးေရာက္မိခင္ မုေနာ္ဟာ ဘဝကို ခက္ခက္ခဲခဲ႐ုန္းကန္ရင္း သူ႔ရဲ႕ခင္ပြန္း ကို ထိုင္းသစ္ေတာအဖြဲ႕က အစေဖ်ာက္လိုက္တယ္ဆိုတာ အမႈမွန္ ေပၚထုတ္ေပးဘို႔ ထိုင္းတရား႐ုံးကို ဦးတိုက္ေရွာက္ထားၿပီး သတၱိရွိရွိ နဲ႔ ငါးႏွစ္ၾကာ တိုက္ပြဲဝင္ ေတာင္းဆိုခဲ့ရတာပါ။

ထိုင္းျမန္မာနယ္စပ္အေျခစိုက္ ကေလးနဲ႔ အမ်ိဳးသမီးမ်ားကာကြယ္ ေစာင့္ေရွာက့္ေရး (SAW) အဖြဲ႕ရဲ႕ နာရကႀကီး ထိုင္းေရွ႕ေနႀကီး ႏိုင္ဆူရဖုန္း Surapong Kongchantuk က တရားလိုရဲ႕ ေရွ႕ေနအျဖစ္ အခေၾကးေငြမယူဘဲ အမႈလိုက္ေပးခဲ့ပါတယ္။

၂၀၁၄ ခုႏွသစ္ ဧၿပီလ ၁၇ ရက္ေန႔ကတဲက ကရင္တိုင္းရင္းသား ဘီလီဟာ မိခင္အိမ္ကို လမ္းမွာ ထိုင္းသစ္ေတာအရာရွိေတြက ဖမ္းဆီးခံရၿပီးကတဲက ေပ်ာက္ဆုံးသြားခဲ့တယ္၊ သူ႔ကိုျပန္လြတ္လိုက္ၿပီလို႔ သစ္ေတာထိမ္းအဖြဲ႕ကေျပာခဲ့ေပမယ့္ ဒီကေန႔အထိ ဘီလီျပန္ေရာက္မလာခဲ့ပါဘူး။

၂၀၁၉ စက္တင္ဘာလမွာေတာ့ ထိုင္းစစ္ေဆးေရးအဖြဲ႕ေတြဟာ ႏိုင္ဘီလီရဲ႕ အ႐ိုးကို ေရေအာက္မွာ ျမဳပ္ထားတဲ့ သံစည္ပိုင္းအတြင္းမွာ ေတြ႕ခဲ့ၿပီလို ဝန္ခံခဲ့ၿပီး ေနာက္ အမႈမွန္ေပၚေပါက္ေရးမွာ အေရးပါတဲ့ တိုးတက္မႈပါ လို႔ ေရွ႕ေနႀကီး ဆူရဖုန္းကဆိုပါတယ္။

ထိုင္းႏိုင္ငံမွာ ထိုင္းလူမ်ိဳးနဲ႔ ကရင္တိုင္းရင္းသားေတြ ခုလို အစေဖ်ာက္ခံရမႈေတြ အမ်ားႀကီးရွိခဲ့ပါတယ္၊ အာဏာပိုင္အဖြဲ႕ေတြ ကိုယ္တိုင္ပါေနလို႔ အမႈမွန္မေပၚခဲ့ပါဘူး၊ ခုလို ဘီလီအသတ္ခံရမႈမွာ ထိုင္းအထူးစုံစမ္းစစ္ေဆးေရးအဖြဲ႕က

အမွန္အတိုင္းထုတ္ျပန္ခဲ့ရတာဟာ ထိုင္းႏိုင္ငံရဲ႕ တရားစီရင္ေရးကို ဘီလီရဲ႕ အမႈက စံျပေအာင္ႏိုင္မႈျဖစ္ၿပီး ေနာက္ေနာင္ ခုလို အစေဖ်ာက္မႈမ်ိဳးေတြ အဆုံးသတ္သြားေစဘို႔ လမ္းစ ဘဲလို႔ ေရွ႕ေနႀကီး ဆူလဖုန္ကေျပာခဲ့ပါတယ္။

Credit:SAW

Unicode

“ထိုင်းနိုင်ငံမှာ ပျောက်ဆုံးသွားတဲ့ ခင်ပွန်းကို (၅) နှစ်ကြာရှာဖွေခဲ့တဲ့ ကရင်အမျိုးသမီး”

ထိုင်းနိုင်ငံ ဖက်ဘူရီခရိုင် ကန်ကကျန် အမျိုးစားသစ်တောထဲမှာ လွန်ခဲ့တဲ့ (၅) နှစ်ကတဲကပျောက်ဆုံးသွားခဲ့တဲ့ ဘီလီ ဖေါ်ရကြည် (ကရင်တိုင်းရင်းသား အခွင့်အရေး တက်ကြွလှုပ်ရှားနေသူ ခေါင်းဆောင်)ကို ရှာဖွေနေတဲ့

ဇနီးဖြစ်သူ မုနော်ကို DSI (အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့) သူမယောက်ကျား အရိုး DNA တွေ့ပြီဖြစ်ကြောင်း အကြောင်းကြား ထုတ်ပြန်ခဲ့ပါတယ်။ငါးနှစ်ကြာ ပျောက်ဆုံးနေခဲ့တဲ့ နိုင်ဘီလီဟာ နယ်စပ်ဒေသကရင်ကြေးရွှာတွေကို ထိုင်းသစ်တောအဖွဲ့က ကျူးကျော်ဆိုမီးမီးရိူ့ဖျက်ဆီး တာတွေကိုဦးဆောင်တိုက်ပွဲဝင်နေသူပါ။

ကလေးငါးရောက်မိခင် မုနော်ဟာ ဘဝကို ခက်ခက်ခဲခဲရုန်းကန်ရင်း သူ့ရဲ့ခင်ပွန်း ကို ထိုင်းသစ်တောအဖွဲ့က အစဖျောက်လိုက်တယ်ဆိုတာ အမှုမှန် ပေါ်ထုတ်ပေးဘို့ ထိုင်းတရားရုံးကို ဦးတိုက်ရှောက်ထားပြီး သတ္တိရှိရှိ နဲ့ ငါးနှစ်ကြာ တိုက်ပွဲဝင် တောင်းဆိုခဲ့ရတာပါ။

ထိုင်းမြန်မာနယ်စပ်အခြေစိုက် ကလေးနဲ့ အမျိုးသမီးများကာကွယ် စောင့်ရှောက့်ရေး (SAW) အဖွဲ့ရဲ့ နာရကကြီး ထိုင်းရှေ့နေကြီး နိုင်ဆူရဖုန်း Surapong Kongchantuk က တရားလိုရဲ့ ရှေ့နေအဖြစ် အခကြေးငွေမယူဘဲ အမှုလိုက်ပေးခဲ့ပါတယ်။

၂၀၁၄ ခုနှသစ် ဧပြီလ ၁၇ ရက်နေ့ကတဲက ကရင်တိုင်းရင်းသား ဘီလီဟာ မိခင်အိမ်ကို လမ်းမှာ ထိုင်းသစ်တောအရာရှိတွေက ဖမ်းဆီးခံရပြီးကတဲက ပျောက်ဆုံးသွားခဲ့တယ်၊ သူ့ကိုပြန်လွတ်လိုက်ပြီလို့ သစ်တောထိမ်းအဖွဲ့ကပြောခဲ့ပေမယ့် ဒီကနေ့အထိ ဘီလီပြန်ရောက်မလာခဲ့ပါဘူး။

၂၀၁၉ စက်တင်ဘာလမှာတော့ ထိုင်းစစ်ဆေးရေးအဖွဲ့တွေဟာ နိုင်ဘီလီရဲ့ အရိုးကို ရေအောက်မှာ မြုပ်ထားတဲ့ သံစည်ပိုင်းအတွင်းမှာ တွေ့ခဲ့ပြီလို ဝန်ခံခဲ့ပြီး နောက် အမှုမှန်ပေါ်ပေါက်ရေးမှာ အရေးပါတဲ့ တိုးတက်မှုပါ လို့ ရှေ့နေကြီး ဆူရဖုန်းကဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ထိုင်းလူမျိုးနဲ့ ကရင်တိုင်းရင်းသားတွေ ခုလို အစဖျောက်ခံရမှုတွေ အများကြီးရှိခဲ့ပါတယ်၊ အာဏာပိုင်အဖွဲ့တွေ ကိုယ်တိုင်ပါနေလို့ အမှုမှန်မပေါ်ခဲ့ပါဘူး၊ ခုလို ဘီလီအသတ်ခံရမှုမှာ ထိုင်းအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က

အမှန်အတိုင်းထုတ်ပြန်ခဲ့ရတာဟာ ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေးကို ဘီလီရဲ့ အမှုက စံပြအောင်နိုင်မှုဖြစ်ပြီး နောက်နောင် ခုလို အစဖျောက်မှုမျိုးတွေ အဆုံးသတ်သွားစေဘို့ လမ်းစ ဘဲလို့ ရှေ့နေကြီး ဆူလဖုန်ကပြောခဲ့ပါတယ်။

Credit:SAW

Leave a Reply

Your email address will not be published.