



















Unicode Version

အခုတစ်လော အမေးများနေတဲ့ ငွေကြေးခက်ခဲမှုတွေ အဆင်ပြေစေရန်….

အခုတစ်လောမေးနေကြတာက ငွေကြေးခက်ခဲမှု ဘယ်တော့ပျောက်မလဲ

ဆရာမနည်းလမ်းလေးတစ်ခုပြောပြမယ်

ဇွဲရှိရှိလုပ်ကြဘို့တော့လိုပါတယ်

တနလ်ာနံဖြစ်တဲ့ငွေကိုနိုင်ဘို့ တနလ်ာနံရဲ့ဆပွတ်

သူ့ကိုနိုင်လိုဆကိုခို ဆိုသလိုစနေနေ့မှာပြုလုပ်ကြရပါမယ်

(1)မိမိတို့ရဲ့ ခြေသည်းလက်သည်းဆံပင်ဖျားစတိ ကို ညှပ်ပြီးမိမိတို့ရဲ့ဘုမ္မိအရပ်ကိုပစ်ရပါမယ်

(2)သုဂတော ကို ပုတီးဆယ်ပတ်စိပ် ဘုရားကိုပူဇော်ရပါမယ်

(3)အထည်ဟောင်းကိုမရှိသူပေးမလား စွန့်ပစ်မလား လုပ်ရပါမယ်

(4)မိမိတတ်နိုင်သလောက်ငွေကြေးကို အလှူခံပုဂ္ဂိုလ်ကိုလှူပေးရပါမယ်

(5)အမှိုက်တွေရှင်း သန့်ရှင်းရေးလုပ်ပစ်ရပါမယ်

(6)ထမင်းစားခန်း မီးဖိုချောင်များကိုသန့်သန့်ရှင်းရှင်းထားပေးရပါမယ်

(7)မိမိတို့အိမ်မျက်နှာစာအခန်းမှာကျက်သရေရှိသောပုံကားများချိတ်ရပါမယ် လှပသောပုံများ

*ရီမောနေသောမိသားစုပုံဆိုပိုကောင်း.*ချိတ်ပေးရပါမယ်

(8)တတ်နိုင်သလောက် ဘုန်းကြီးကျောင်းအားတိုင်ကပ်နာရီလှူခြင်း

(9)သက်ကြီးရွယ်အိုများအား စိပ်ပုတီးလှူခြင်း နွားနို့ထမင်းဝေခြင်း

(10)အပတ်စဉ် သိုမဟုတ် တစ်လ တစ်ကြိမ် ပြုလုပ်ကြပါ

ကံပွင့်ကံကောင်း၍ လိုရာပြည့်စုံတော်မူကြပါစေ

Dawniniaung 09421146014

Leave a Reply

Your email address will not be published.