အိမ်တံခါး မပိတ်ပဲ အိပ်နေတဲ့ အသက်(၁၀၀)နှစ် အဖွားအိုကို အသက် (၂၀) အရွယ် အမျိုးသားမှ အိပ်ခန်းမှားဝင်မိပြီး… See more

အိမ်တံခါး မပိတ်ပဲ အိပ်နေတဲ့ အသက်(၁၀၀)နှစ် အဖွားအိုကို အသက် (၂၀) အရွယ် အမျိုးသားမှ အိပ်ခန်းမှားဝင်မိပြီး… See more

အိမ်တံခါး မပိတ်ပဲ အိပ်နေတဲ့ အသက်(၁၀၀)နှစ် အဖွားအိုကို အသက် (၂၀) အရွယ် အမျိုးသားမှ အိပ်ခန်းမှားဝင်မိပြီး… See more

အိန္ဒိယနိုင်ငံတွင် အသက် ၁၀၀ နှစ် ရှိပြီဖြစ်သော အဖွားအိုတစ်ဦးကို အသက် ၂၀ အရွယ် အမျိုးသားတစ်ဦး အဓ္ဓမပြုကျင့်ခဲ့တဲ့သတင်းကြောင့် တစ်နိုင်ငံလုံး အထူးအဆန်း အထိတ်တလန့်ဖြစ်ခဲ့ရသည်။

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း နာဒီးယားပြည်နယ်ရှိ ကျေးရွာတစ်ရွာ၏ အိမ်တစ်လုံး၌ အဖွားအို၏ အော်ဟစ်အကူညီတောင်းသံကြောင့် အိမ်သားများ အခန်းထဲသို့ သွားကြည့်ခဲ့ရာ အဖွားအို၏ ကုတင်အောက်တွင် အမျိုးသားတစ်ဦး ဝင်ပုန်းနေတာကို တွေ့ရှိခဲ့သဖြင့် ဖမ်းဆီးခဲ့ကြသည်။

“အာဂ ဘစ်ဝက်စ်” လို့ အမည်ရတဲ့ အသက် ၂၀ အရွယ် အမျိုးသားကို ဖမ်းဆီးစစ်ဆေးခဲ့ရာ အရက်အမူးလွန်နေပြီး သူ့ကိုယ်သူ ဘာလုပ်မိလို့ လုပ်မိမှန်းမသိကြောင်း ပြောဆိုခဲ့ပါတယ်။ အသက် ၁၀၀ အဖွားအိုကို ဆေးရုံသို့ တင်ပို့ခဲ့ပြီး ဆေးစစ်မှုများ ပြုလုပ်ပေးခဲ့ပြီး ဗုဒ္ဓဟူးနေ့က ဆေးရုံမှ ပြန်ဆင်းနိုင်ခဲ့ကြောင်း သိရှိရသည်။

“ကျေးရွာထုံးစံအတိုင်းပေါ့ အိမ်တံခါးတွေ သော့မပိတ်ပဲ အဖွားကြီးက သူ့အခန်းထဲမှာ သူအိပ်နေတာ၊ အဖွားကြီးက အောဟစ်အကူညီတောင်းလို့ မိသားစုတွေ သွားကြည့်တော့ ကုတင်အောက်မှာ အမျိုးသားတစ်ယောက် ပုန်းနေတာကို တွေ့တာပါပဲ” ဟု အကြီးတန်းရဲအရာရှိ “ရူပက်စ် ကူးမား” က ပြောသည်။

လက်ရှိမှာတော့ စွပ်စွဲခံရသူ အမျိုးသားကို ဒေသတွင်းတရားရုံးမှာ ၂ ပတ်ကြာစစ်ဆေးမှာဖြစ်ပြီး နောက်ထပ် ကြားနာမှုတွေ လုပ်ဆောင်သွားမှာဖြစ်ကြောင်း သတင်းရရှိသည်။

Credit


Leave a Reply

Your email address will not be published.