လင်မယားချင်းကွာရှင်းရန် ပစ္စည်းများခွဲဝေကြရာ စကားများပြီး ဇနီးဖြစ်သူမှ သည်းမခံနိုင်သဖြင့်… See more

Zawgyi

လင်မယားချင်းကွာရှင်းရန် ပစ္စည်းများခွဲဝေကြရာ စကားများပြီး ဇနီးဖြစ်သူမှ သည်းမခံနိုင်သဖြင့်… See more

လင် မယားချင်းကွာရှင်းရန်ပစ္စည်းများခွဲဝေကြရာမှ ဇနီးဖြစ်သူဓားဖြင့်ခုတ်သတ်ခံရမှု ဇီးကုန်းမြို့နယ်၌ ဖြစ်ပွားကြောင်း သတင်းရရှိသည်။ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်၊ သပြေစိန်ကျေးရွာအုပ်စု၊ ဂုံမင်းမြောင်ရွာ၌ ယမန်နေ့ည ၆ နာရီခွဲခန့်တွင်

လူသတ်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြရာအခင်းဖြစ်ကျေးရွာရှိကျော်ဇင်ဦး(၂၈)နှစ်၏နေအိမ်ပေါ်၌ ပလတ်စတစ်ထိုင်ခုံပေါ်တွင် ဦးခေါင်းဝဲဘက်အထက်ပြတ်ရှရာ(၁)ချက်ဖြင့် သေဆုံးနေသည့် မနွဲ့နွဲ့ဝင်း(၂၈)နှစ်ကိုတွေ့ရှိခဲ့ကြသည်။

သေဆုံးသူမနွဲ့နွဲ့ဝင်းသည် ကျော်ဇင်ဦးနှင့်တ ရားဝင်လင်မယားဖြစ်ပြီးလူမှုရေးကိစ္စတစ်ခုကြောင့် သဘောထားချင်း တိုက်ဆိုင်မှုမရှိသဖြင့်ကွာရှင်းရန်ခင်ပွန်းသည်က တရားရုံးသို့ဦးတိုက်လျှောက်ထားကာ အိမ်ပေါ်မှနှင်ချသဖြင့် မနွဲ့နွဲ့ဝင်းမှာ

ဘုရားပျိုကျေးရွာအုပ်စု၊ ကျွှဲကွင်းကျေးရွာရှိမိဘများနေအိမ်သို့ သွားရောက်နေထိုင်ခဲ့ကြောင်းမှတ်တမ်းအရသိရသည်။ ယင်းနောက် အခင်းဖြစ်သည့်ရက်၌ မနွဲ့နွဲ့ဝင်းမှာ ခင်ပွန်းကျော်ဇင်ဦး၏နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီး

ယောက္ခမဖြစ်သူနှင့်ရန်ဖြစ်စကားများခဲ့သည့်အပြင် ယင်းနေ့ညနေ ၆ နာရီခွဲတွင် ကွာရှင်းရန်အ လို့ ငှာလင်မယားပိုင်ပစ္စည်းများခွဲဝေစဉ်ထပ်မံစကားများခဲ့ကြရာ၌ သည်းမခံနိုင်သဖြင့် ကျော်ဇင်ဦးကဓားမဖြင့် ခုတ်သတ်ကာထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သည်။

ထို့ကြောင့် လူသတ်မှုဖြင့် ပြစ်မှုကျူးလွန်သူကိုအမှုဖွင့်လှစ်ထားပြီး နံနက်ပိုင်း၌ ကျော်ဇင်ဦး(၂၈)နှစ်ကိုဖမ်းဆီးရမိသဖြင့် ဇီးကုန်းမြို့မရဲစခန်းသို့ခေါ်ဆောင်ကာတရားစွဲတင်ရေး ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

Unicode








crd

Leave a Reply

Your email address will not be published.