မတည်ငြိမ်မှုတွေကိုကိုင်တွယ်နေရတာကြောင့်သဘောတူညီချက်တွေ အကောင်အထည်မဖော်နိုင်ခဲ့ကြောင်း ဝန်ခံ၊ရဲရဲလျှောက်လှမ်းလာကြဖို့ပြော

ဩဂုတ်လ ၁ ရက်နေ့။

ငြိမ်းချမ်းရေးတံခါးဖွင့်ထားတာကြောင့် ရဲရဲလျှောက်လှမ်းလာကြဖို့ပြောကြားခဲ့သည်။

အာဏာစသိမ်းခဲ့တဲ့ ၂၀၂၁ခုနှစ်အတွင်းမှာ မတည်ငြိမ်မှု၊ဆူပူမှုတွေနဲ့ ကပ်ရောဂါတွေဖြေရှင်းနေရတာ ကြောင့် စစ်ခေါင်း‌ဆောင်ကိုယ်တိုင်သဘောတူခဲ့တဲ့ ၊

အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်မဖော်နိုင်ခဲ့ဘူးလို့ အာဏာသိမ်း စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က ဒီကနေ့ သြဂုတ် ၁ရက်နေ့မှာ ပြောပါသည်။

ဒါကြောင့်အခု ၂၀၂၂ခုနှစ်အတွင်းမှာတော့ ဒီငါးချက်ထဲက ဦးစားပေးဆောင်ရွက်နိုင်တာကို ဆောင်ရွက်မှာဖြစ်ပြီး ပြည်တွင်းရေး၊ တရားစီရင်ရေး၊ ဥ‌ပဒေပြုရေးနဲ့ နိုင်ငံတော်အချုပ်အခြာ အာဏာကို ထိပါးမှုမဖြစ်အောင် ဆောင်ရွက်နေတယ်လို့ ပြောလာပါသည်။

တဖက်မှာတော့ ဇူလိုင် ၂၅ရက်မှာ တကျော့ပြန်သေဒဏ်စီရင်မှုကို လုပ်ခဲ့ပြီးနောက် အာဆီယံအစည်းအဝေးတွေမှာ အာဏာသိမ်း စစ်ကောင်စီရဲ့ နိုင်ငံရေးအရမသက်ဆိုင်သူ ကိုယ်စားလှယ်ကို ဖိတ်ကြားနေတာကိုပါ ၊

လုံးဝရပ်ဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက တရားဝင် ထုတ်ဖော်ပြောထားသလို နိုင်ငံတကာရဲ့ ပြစ်တင်ရှုံချမှုတွေကိုပါ ရင်ဆိုင်နေရတာလည်း ဖြစ်ပါသည်။

Zawcode:

မတည်ငြိမ်မှုတွေကိုကိုင်တွယ်နေရတာကြောင့်သဘောတူညီချက်တွေ အကောင်အထည်မဖော်နိုင်ခဲ့‌ကြောင်း ဝန်ခံ၊ရဲရဲလျှောက်လှမ်းလာကြဖို့ပြော

ဩဂုတ်လ ၁ ရက်နေ့။

ငြိမ်းချမ်းရေးတံခါးဖွင့်ထားတာကြောင့် ရဲရဲလျှောက်လှမ်းလာကြဖို့ပြောကြားခဲ့သည်။

အာဏာစသိမ်းခဲ့တဲ့ ၂၀၂၁ခုနှစ်အတွင်းမှာ မတည်ငြိမ်မှု၊ဆူပူမှုတွေနဲ့ ကပ်ရောဂါတွေဖြေရှင်းနေရတာ ကြောင့် စစ်ခေါင်း‌ဆောင်ကိုယ်တိုင်သဘောတူခဲ့တဲ့ ၊

အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်မဖော်နိုင်ခဲ့ဘူးလို့ အာဏာသိမ်း စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က ဒီကနေ့ သြဂုတ် ၁ရက်နေ့မှာ ပြောပါသည်။

ဒါကြောင့်အခု ၂၀၂၂ခုနှစ်အတွင်းမှာတော့ ဒီငါးချက်ထဲက ဦးစားပေးဆောင်ရွက်နိုင်တာကို ဆောင်ရွက်မှာဖြစ်ပြီး ပြည်တွင်းရေး၊ တရားစီရင်ရေး၊ ဥ‌ပဒေပြုရေးနဲ့ နိုင်ငံတော်အချုပ်အခြာ အာဏာကို ထိပါးမှုမဖြစ်အောင် ဆောင်ရွက်နေတယ်လို့ ပြောလာပါသည်။

တဖက်မှာတော့ ဇူလိုင် ၂၅ရက်မှာ တကျော့ပြန်သေဒဏ်စီရင်မှုကို လုပ်ခဲ့ပြီးနောက် အာဆီယံအစည်းအဝေးတွေမှာ စစ်ကောင်စီရဲ့ နိုင်ငံရေးအရမသက်ဆိုင်သူ ကိုယ်စားလှယ်ကို ဖိတ်ကြားနေတာကိုပါ ၊

လုံးဝရပ်ဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက တရားဝင် ထုတ်ဖော်ပြောထားသလို နိုင်ငံတကာရဲ့ ပြစ်တင်ရှုံချမှုတွေကိုပါ ရင်ဆိုင်နေရတာလည်း ဖြစ်ပါသည်။

Leave a Reply

Your email address will not be published.