ညီမလေး ဒီလိုယောကျာ်းမျိုးကို ပိုင်ဆိုင်ခွင့်ရခဲ့ရင် ည အိပ်ယာ ဝင်တိုင်းရှိခိုးပြီးအိပ်…
ညီမလေး ဒီလိုယောကျာ်းမျိုးကို ပိုင်ဆိုင်ခွင့်ရခဲ့ရင် ည အိပ်ယာ ဝင်တိုင်းရှိခိုးပြီးအိပ်…
“တကယ်ချစ်တဲ့ ယောကျာ်းလေး ဆိုတာဒီလိုပါ”
အနာဂါတ် အစီအစဉ် တခုခု သင့်အတွက် ကြိုးစားနေပါလိမ့်မယ်
►သဘောထားချင်းမတိုက်ဆိုင်တဲ့ကိစ္စတွေ ရှိနေခဲ့ရင်လည်း အတတ်နိုင်ဆုံး သင့် ဆန္ဒ ကို လိုက်လျောပေးတတ်တယ်…
►အပိုငွေကုန်ပေါက်တွေ အပျော်အတွက် ငွေကြေးသုံးစွဲတာတွေ လျော့ပြီး သင့်အတွက် လိုအပ်တာလေးတွေ ဖြည့်စည်းပေးဖို့ အသုံးချတတ်ပါတယ်…
►သုံးနေကျ Password ဖွင့်ပြောပြတာမျိုး ရှိပါလိမ့်မယ် လျှိဝှက်ချက်ဆိုတာ သူနဲ့သင့်ကြားမထားတတ်တော့ပါဘူး
►ဘာပဲလုပ်လုပ် သင့်ဆီက ခွင့်တောင်း တတ်ပါတယ်….တချို့ကိစ္စတွေအတွက် အကြံဉာဏ် တောင်းတတ်တယ်။
►သင်နှစ်သက်တဲ့ အစားအသောက် (ဒါမှမဟုတ်)သင်နှစ်သက်တဲ့ ပစ္စည်းတခုခု လမ်းကြုံတွေ့တဲ့အခါ ဝယ်လာပေးတတ်တယ်။
►သင် အပြုအမူတိုင်းဟာ သူ့အတွက် ချစ်ဖို့ကောင်းနေပါလိမ့်မယ်။
►စိတ်ဆိုးတဲ့အခါ ပြဿနာ ကို ပြေလည်အောင်ပြောပြတတ်တယ် ။သင်မှားနေရင်တောင် တခါတလေ သူ့ဘက်က မာနကို လျော့ချထားတတ်ပါတယ်
►သင် မနှစ်သက်တဲ့အခါတွေ ဆို အတတ်နိုင်ဆုံးရှောင်ရှားတယ် ။တချို့ ကိစ္စတွေ ဆို သင့်ကြောင့် ငြင်းဆန်ပစ်လိုက်တဲ့အထိ ရှိနေတတ်တယ်။
►အတူရှိနေချိန် တိုင်း သင့်လက်ဖဝါးလေးကို ဆုပ်ကိုင်ထားတတ်တယ် ။
►သင်က သူ့ကို သက်သက်မဲ့ ရစ်နေရင်တောင် သူ့အမှားလား ဆိုပြီး ကိုယ့်ကိုယ်ကို ဆန်းစစ်နေတတ်တယ်။
►အတိတ် က သင် ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ သူ အလေးထားတာ သင်နဲ့သူ့ရဲ့ မနက်ဖြန်ပါ…။
►အပေါင်းအသင်း တွေရှေ့မှာလည်း သင့်ကို ဘယ်လောက်ချစ်တဲ့အကြောင်းကို ကြွားစရာတခုလိုပြောပြနေတတ်တယ်။
►သူ့ ဖုန်း Wallpaper မှာ သင့်Photo လေးထည့်ထားတတ်တယ်….။
►သူပေးထားတဲ့ ချစ်စနိုးနာမည်ပြောင်လေး သင့်ကို ခဏခဏခေါ်နေတတ်တယ်။
►ကြိုက်သလောက်စားပါ ။တက်လာတဲ့ ကိုယ်အလေးချိန် ကို သူ အပြစ် မရှာတတ်ပါ…။
►ဒေါသထွက်ရင်တောင်မှ သင့်အပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်တာမျိုးမရှိဘူး။
►သူရဲ့ မိန်းကလေး မိတ်ဆွေ တွေအကြောင်းလည်း သင့်ကို ပြောပြထားတတ်ပါတယ်
►သင် တောင်းတဲ့ ကတိကို အတတ်နိုင်ဆုံးပေးတတ်တယ် ။တည်အောင်လည်း လိုက်နာတယ်။
►သင် အောင်မြင်မှု ကံကောင်းမှုတွေကြုံတဲ့အခါ သူက သင့်ထက် ပျော်နေတတ်ပါတယ်။
►သင်က သဝန်တို တဲ့အခါ နားလည်အောင် စိတ်ရှည်ရှည်နဲ့ရှင်းပြတတ်တယ် ။
►သင့် မွေးနေ့ကို သူမမေ့ဘူး ။ အမှတ်တရနေ့တွေကို သူမမေ့ဘူး။
►သင့် ခံစားချက်ကို သူများထက်ပိုပြီးနားလည်တယ်…..
►Facebook မှာ သူတင်သမျှ ဟာ သင့်ကို ဘယ်လောက်ထိ ချစ်တဲ့အကြောင်းတွေချည်း….။
►အတူစကားပြောနေရင်းမှ ရုတ်ချည်း အခြေအနေပြောင်းသွားတဲ့အခါ(သင်က စိတ်ဆိုးတဲ့အခါ)ဟာသလေးတွေနဲ့ အခြေအနေပြောင်းလဲပစ်တတ်ပါတယ်။
►မေးစရာမလိုပါဘူး ။ ဒီနေ့ဘယ်သွားမယ် …ဘယ်မှာ ရှိမယ် … ဘာတွေ လုပ်မယ်ဆိုတာ သင့်ကိုအမြဲ အစီရင်ခံနေမှာပါ…။
►သင့်ကို သူ့ကြောင့် မျက်ရည် မကျစေပါဘူး ။
►အခမ်းနားဆုံးမဖြစ်နိုင်ရင်တောင် အကောင်းဆုံးတော့ သင့်အတွက် ကြိုးစား ဖန်တီး ပေးနေပါလိမ့်မယ်….။
►သူ့ဘဝ ရဲ့ ပျော်စေတဲ့ကိစ္စ ရှိလာခဲ့ရင် ဦးဆုံးသတိရမိသူဟာ သင်ပါပဲ…။
►ယုံကြည်ချက် … နားလည်မှု …သစ္စာ တရား ဒါတွေဟာ သင့်မတောင်းလည်း သူ့ဆီက အလိုလိုရမယ့် ချစ်ခြင်းမေတ္တာ တခုပါ…။
ဒီလို အချက်တော်တော်များများနဲ့ကိုယ်ညီတဲ့ ချစ်သူ ယောကျာ်းလေး မျိုးပိုင်ဆိုင်ထားတယ် မဟုတ်လား….။
သင်ဟာ . . . တကယ်ကံကောင်းတဲ့…..မိန်းကလေးပါ….
ချစ်သူ တိုင်း ထာ ဝရပျော်ရွင်ပေါင်းဖက်နိုင်ပါစေ ချစ်နိုင်ကြပါစေရှင်……။ W_Y_L_S
Zawgyi