ဆိုက္ကားနင္းၿပီး သားသမီးေလးေယာက္လုံးကို ပညာတတ္ႀကီးျဖစ္ေအာင္ ပံ့ပိုးေပးခဲ့ေသာဖခင္ကို ထုတ္ႂကြားလာခဲ့သည့္ မိန္းကေလး

အခ်ိဳ႕ေသာသားသမီးေတြသည္ မိသားစုကဆင္းရဲတာကို ထုတ္ျပရန္ရွက္ေၾကာက္ေနတတ္ေပမယ့္ အခ်ိဳ႕ကေတာ့ ကိုယ့္ရဲ႕မိသားစုဘယ္လိုအေျခအေနမ်ိဳးပဲေရာက္ေနပါေစ ေပ်ာ္႐ႊင္ခ်ိန္ေတြမွာတူတူေပ်ာ္ၿပီး စိတ္ညစ္ခ်ိန္မွာလည္း မွ်ေဝခံစားကာ လူ႔အသိုင္းအဝိုင္းတြင္လည္း ကိုယ့္ရဲ႕မိသားစုကိုထုတ္ျပဖို႔ ဝန္မေလးတတ္ၾကေပ။

သို႔ျဖစ္၍ ဖိလစ္ပိုင္ႏိုင္ငံမွ မိန္းကေလးတစ္ဦးသည္ Bicol Universityကေန လူမႈေရးလုပ္ငန္းဆိုင္ရာ သိပၸံဒီဂရီဘြဲ႕ကို ရရွိခ်ိန္တြင္ သူမအတြက္ေထာက္ပံ့ေပးခဲ့ေသာ ေနာက္ကြယ္ကမိသားစုကို ထုတ္ႂကြားျပခဲ့သည္။

မိန္းကေလးရဲ႕ ဖခင္သည္ ၿမိဳ႕ထဲဆိုက္ကားနင္းသူတစ္ေယာက္ျဖစ္ၿပီး ႏွစ္ေပါင္း၂၀ေက်ာ္အၾကာ ထိုအလုပ္နဲ႔ပဲဝင္ေငြရွာကာ အသက္ေမြးဝမ္းေက်ာင္းျပဳခဲ့၍ သားသမီးေလးေယာက္လုံးကို ပညာတတ္ႀကီးေတြျဖစ္ေအာင္ ပံ့ပိုးေပးခဲ့သည္။

မိန္းကေလးရဲ႕ မိခင္ျဖစ္သူကလည္း သူမတတ္ႏိုင္သည့္ဖက္ကေန သူမ်ားအိမ္ေတြမွာ အကူသန႔္ရွင္းေရးသမားလုပ္ကိုင္ၿပီး သားသမီးေတြအနာဂတ္လွပေရးအတြက္ အနစ္နာခံေကြၽးေမြးေစာင့္ေရွာက္ေပးခဲ့တာကို ေက်းဇူးသိတတ္စြာျဖင့္ စာႀကိဳးစားၿပီးေတာ့ ေအာင္ျမင္မႈကို ဆြတ္ခူးေပးခဲ့သည္။

#Credit

Unicode

ဆိုက်ကားနင်းပြီး သားသမီးလေးယောက်လုံးကို ပညာတတ်ကြီးဖြစ်အောင် ပံ့ပိုးပေးခဲ့သောဖခင်ကို ထုတ်ကြွားလာခဲ့သည့် မိန်းကလေးအချို့သောသားသမီးတွေသည် မိသားစုကဆင်းရဲတာကို ထုတ်ပြရန်ရှက်ကြောက်နေတတ်ပေမယ့် အချို့ကတော့ ကိုယ့်ရဲ့မိသားစုဘယ်လိုအခြေအနေမျိုးပဲရောက်နေပါစေ ပျော်ရွှင်ချိန်တွေမှာတူတူပျော်ပြီး စိတ်ညစ်ချိန်မှာလည်း မျှဝေခံစားကာ လူ့အသိုင်းအဝိုင်းတွင်လည်း ကိုယ့်ရဲ့မိသားစုကိုထုတ်ပြဖို့ ဝန်မလေးတတ်ကြပေ။

သို့ဖြစ်၍ ဖိလစ်ပိုင်နိုင်ငံမှ မိန်းကလေးတစ်ဦးသည် Bicol Universityကနေ လူမှုရေးလုပ်ငန်းဆိုင်ရာ သိပ္ပံဒီဂရီဘွဲ့ကို ရရှိချိန်တွင် သူမအတွက်ထောက်ပံ့ပေးခဲ့သော နောက်ကွယ်ကမိသားစုကို ထုတ်ကြွားပြခဲ့သည်။

မိန်းကလေးရဲ့ ဖခင်သည် မြို့ထဲဆိုက်ကားနင်းသူတစ်ယောက်ဖြစ်ပြီး နှစ်ပေါင်း၂၀ကျော်အကြာ ထိုအလုပ်နဲ့ပဲဝင်ငွေရှာကာ အသက်မွေးဝမ်းကျောင်းပြုခဲ့၍ သားသမီးလေးယောက်လုံးကို ပညာတတ်ကြီးတွေဖြစ်အောင် ပံ့ပိုးပေးခဲ့သည်။

မိန်းကလေးရဲ့ မိခင်ဖြစ်သူကလည်း သူမတတ်နိုင်သည့်ဖက်ကနေ သူများအိမ်တွေမှာ အကူသန့်ရှင်းရေးသမားလုပ်ကိုင်ပြီး သားသမီးတွေအနာဂတ်လှပရေးအတွက် အနစ်နာခံကျွေးမွေးစောင့်ရှောက်ပေးခဲ့တာကို ကျေးဇူးသိတတ်စွာဖြင့် စာကြိုးစားပြီးတော့ အောင်မြင်မှုကို ဆွတ်ခူးပေးခဲ့သည်။

#Credit

Leave a Reply

Your email address will not be published.