“သင္ဟာ သားသမီးေတြအေပၚမွာ စိတ္ဒဏ္ရာေပးတဲ့ မိဘျဖစ္ေနေၾကာင္း ေဖာ္ျပေနတဲ့လကၡဏာ (၈) ခု”

“သင္ဟာ သားသမီးေတြအေပၚမွာ စိတ္ဒဏ္ရာေပးတဲ့ မိဘျဖစ္ေနေၾကာင္း ေဖာ္ျပေနတဲ့လကၡဏာ (၈) ခု”

“သင္ဟာ သားသမီးေတြအေပၚမွာ စိတ္ဒဏ္ရာေပးတဲ့ မိဘျဖစ္ေနေၾကာင္း ေဖာ္ျပေနတဲ့လကၡဏာ (၈) ခု”

မိဘေတြရဲ႕လြဲမွားတဲ့ အခ်ိဳ႕အျပဳအမူေတြေၾကာင့္ သားသမီးေတြမွာ အသက္ႀကီးတဲ့အထိ စိတ္ဒဏ္ရာေတြ ရသြားတတ္ၾကပါတယ္။ ဒါ့အျပင္ သားသမီးေတြက မိဘေတြနဲ႔ စိတ္ခ်င္း ေဝးသြားႏိုင္ပါတယ္။

အဲဒါေၾကာင့္ ဘယ္လိုအခ်က္ေတြက ကေလးေတြကို စိတ္ဒဏ္ရာျဖစ္ေစလဲ ဆိုတာကို love media ကေန ေဝမွ်ေပးလိုက္ပါတယ္ေနာ္။

၁။ ကေလးအခ်င္းခ်င္း ႏႈိင္းယွဥ္ျခင္း

ကေလးတစ္ေယာက္ခ်င္းစီရဲ႕ အျပဳအမူ၊ စိတ္ေနစိတ္ထား၊ ဉာဏ္ရည္ဉာဏ္ေသြးကို မိဘတိုင္း သတိထားမိတတ္ၾကပါတယ္။ ဒါေပမယ့္ မတူတဲ့ကေလးႏွစ္ေယာက္ကို ႏႈိင္းယွဥ္ၿပီးေျပာဆိုတာက သူတို႔အတြက္ ႀကိဳးစားလိုစိတ္ ေလ်ာ့ပါးေစတဲ့အျပင္ စိတ္ဖိစီးမႈေတြလည္း ရေစမွာပါ။ ၿပီးေတာ့ ေမာင္ႏွမအခ်င္းခ်င္းလည္း မနာလိုတာေတြျဖစ္ေစပါတယ္။

၂။ သင့္ရဲ႕ျပႆနာေတြကို ကေလးေတြအေပၚမွာ ဝန္ထုပ္ဝန္ပိုးျဖစ္ေစျခင္း

လူတိုင္းလူတိုင္းမွာ ျပႆနာအခက္အခဲကိုယ္စီ ရွိၾကပါတယ္။ ဒါေပမယ့္ ျပႆနာတစ္ခုခု ျဖစ္လာတိုင္း ကေလးေတြအေပၚကို လႊဲခ်အျပစ္တင္တာက ကေလးေတြအတြက္ စိတ္မလုံၿခဳံမႈ ခံစားရေစပါတယ္။ ကေလးဘဝမွာ ေပ်ာ္႐ႊင္မႈကို အျပည့္အဝေပးသင့္ပါတယ္။

၃။ စိတ္လိုက္မာန္ပါျပဳမူျခင္း

သင္က စိတ္ခံစားခ်က္ကို မထိန္းခ်ဳပ္ႏိုင္ဘဲ စိတ္လိုက္မာန္ပါ ျပဳမူတတ္သူဆိုရင္ ကေလးေတြက သင္နဲ႔ ေဝးကြာေနမွာပါ။ စိတ္လိုက္မာန္ပါ ျပဳလုပ္တဲ့ရလဒ္ကေတာ့ ေနာင္တပါပဲ။ စိတ္အေႏွာင့္အယွက္ ျဖစ္တဲ့အခါတိုင္း စိတ္ကိုတည္တည္ၿငိမ္ၿငိမ္ထားၿပီးမွ ေျဖရွင္းပါ။

၄။ ကေလးရဲ႕ခံစားခ်က္ကို မ်က္ကြယ္ျပဳျခင္း

ကေလးရဲ႕ခံစားခ်က္ကို မသိဘဲ “အဆင္ေျပသြားမွာေနာ္” လို႔ႏွစ္သိမ့္ေပးတာက မထိေရာက္ပါဘူး။ ကေလးေတြရဲ႕ စိတ္အေျခအေန၊ ခံစားခ်က္၊ ျပႆနာေတြကို မိဘေတြက နားေထာင္ေပးဖို႔ လိုအပ္ပါတယ္။ မိဘေတြအတြက္ အေသးအမႊားလို႔ထင္ရေပမယ့္ ကေလးေတြအတြက္ေတာ့ အရမ္းခံစားရတဲ့အရာ ျဖစ္ေနႏိုင္ပါတယ္။

၅။ မသင္ျပေပးဘဲ အျပစ္ေပးျခင္း

အျပစ္ေပးတာက အလြယ္ဆုံးပါပဲ။ ဒါေပမယ့္ ကေလးရဲ႕အျပဳအမူ မွားေနေၾကာင္း လမ္းေၾကာင္းတည့္ေပးဖို႔ေတာ့ လိုအပ္ပါတယ္။ ကေလးေတြရဲ႕အခ်ိဳ႕အျပဳအမူေတြ လြဲမွားေနရင္ သင္ေပး႐ုံ၊ ေျပာျပေပး႐ုံနဲ႔ ရေပမယ့္ အခ်ိဳ႕မိဘေတြက အျပစ္ေပးတာကိုပဲ ေ႐ြးခ်ယ္လိုက္ၾကပါတယ္။

၆။ အၿမဲေဝဖန္အျပစ္တင္ျခင္း

ကေလးေတြကို မလိုအပ္ဘဲ ေနရာတကာ လိုက္ေဝဖန္ေနတာက ေကာင္းတဲ့အခ်က္မဟုတ္ပါဘူး။ ေကာင္းတဲ့အခ်က္ေတြကိုေတာ့ မသိက်ိဳးကြၽန္ျပဳထားၿပီး ေနရာတကာ အျပစ္တင္ေနရင္ ကေလးအတြက္ စိတ္ေပ်ာ္႐ႊင္မႈ၊ လြတ္လပ္မႈဆိုတာ ရွိေတာ့မွာမဟုတ္ပါဘူး။ လိုအပ္တဲ့အခါမွသာ ေဝဖန္အျပစ္တင္တာကို ျပဳသင့္ပါတယ္။

၇။ အဆိုးျမင္တဲ့ စကားလုံးေတြကို ေ႐ြးခ်ယ္ေျပာဆိုျခင္း

ကေလးေတြကို ႐ိုင္းျပတဲ့စကား၊ အဆိုးျမင္တဲ့စကားေတြကို ေျပာေလေလ သူတို႔မွာ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈ နည္းပါးလာေလေလပါပဲ။ အဆိုးျမင္တဲ့စကားေတြေၾကာင့္ ကေလးေတြရဲ႕ အျပဳအမူေတြကိုပါ ထိခိုက္လာေစပါတယ္။

သူတို႔ကိုယ္သူတို႔ အရမ္းကို အသုံးမဝင္တဲ့လူပါလားလို႔ အထင္ေရာက္သြားေစပါတယ္။ ကေလးေတြအတြက္ ခ်ီးက်ဴးတဲ့စကားက မျဖစ္မေန လိုအပ္ပါတယ္။

၈။ ကိုယ္ပိုင္လြတ္လပ္ခြင့္မေပးျခင္း

မိဘနဲ႔ သားသမီးအၾကားမွာ ယုံၾကည္မႈက မျဖစ္မေန လိုအပ္တဲ့အရာပါ။ သင့္သားသမီးေတြကို လမ္းမွားေရာက္မွာ စိုးရိမ္တဲ့စိတ္နဲ႔ လြတ္လပ္ခြင့္မေပးဘဲ မ်က္စိေဒါက္ေထာက္ၾကည့္ေန႐ုံနဲ႔ ကိုယ္ပိုင္အေတြးအေခၚေတြကို ပိတ္ပင္သလိုပါပဲ။ ကေလးေတြအတြက္ ကိုယ္ပိုင္အခ်ိန္၊ ကိုယ္ပိုင္ေနရာ၊ ကိုယ္ပိုင္စိတ္ကူးေတြ ရွိလာေအာင္ လမ္းဖြင့္ေပးဖို႔ လိုအပ္ပါတယ္။

Crd,

Unicode

“သင်ဟာ သားသမီးတွေအပေါ်မှာ စိတ်ဒဏ်ရာပေးတဲ့ မိဘဖြစ်နေကြောင်း ဖော်ပြနေတဲ့လက္ခဏာ (၈) ခု”

မိဘတွေရဲ့လွဲမှားတဲ့ အချို့အပြုအမူတွေကြောင့် သားသမီးတွေမှာ အသက်ကြီးတဲ့အထိ စိတ်ဒဏ်ရာတွေ ရသွားတတ်ကြပါတယ်။ ဒါ့အပြင် သားသမီးတွေက မိဘတွေနဲ့ စိတ်ချင်း ဝေးသွားနိုင်ပါတယ်။

အဲဒါကြောင့် ဘယ်လိုအချက်တွေက ကလေးတွေကို စိတ်ဒဏ်ရာဖြစ်စေလဲ ဆိုတာကို love media ကနေ ဝေမျှပေးလိုက်ပါတယ်နော်။

၁။ ကလေးအချင်းချင်း နှိုင်းယှဉ်ခြင်း

ကလေးတစ်ယောက်ချင်းစီရဲ့ အပြုအမူ၊ စိတ်နေစိတ်ထား၊ ဉာဏ်ရည်ဉာဏ်သွေးကို မိဘတိုင်း သတိထားမိတတ်ကြပါတယ်။ ဒါပေမယ့် မတူတဲ့ကလေးနှစ်ယောက်ကို နှိုင်းယှဉ်ပြီးပြောဆိုတာက သူတို့အတွက် ကြိုးစားလိုစိတ် လျော့ပါးစေတဲ့အပြင် စိတ်ဖိစီးမှုတွေလည်း ရစေမှာပါ။ ပြီးတော့ မောင်နှမအချင်းချင်းလည်း မနာလိုတာတွေဖြစ်စေပါတယ်။

၂။ သင့်ရဲ့ပြဿနာတွေကို ကလေးတွေအပေါ်မှာ ဝန်ထုပ်ဝန်ပိုးဖြစ်စေခြင်း

လူတိုင်းလူတိုင်းမှာ ပြဿနာအခက်အခဲကိုယ်စီ ရှိကြပါတယ်။ ဒါပေမယ့် ပြဿနာတစ်ခုခု ဖြစ်လာတိုင်း ကလေးတွေအပေါ်ကို လွှဲချအပြစ်တင်တာက ကလေးတွေအတွက် စိတ်မလုံခြုံမှု ခံစားရစေပါတယ်။ ကလေးဘဝမှာ ပျော်ရွှင်မှုကို အပြည့်အဝပေးသင့်ပါတယ်။

၃။ စိတ်လိုက်မာန်ပါပြုမူခြင်း

သင်က စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ဘဲ စိတ်လိုက်မာန်ပါ ပြုမူတတ်သူဆိုရင် ကလေးတွေက သင်နဲ့ ဝေးကွာနေမှာပါ။ စိတ်လိုက်မာန်ပါ ပြုလုပ်တဲ့ရလဒ်ကတော့ နောင်တပါပဲ။ စိတ်အနှောင့်အယှက် ဖြစ်တဲ့အခါတိုင်း စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီးမှ ဖြေရှင်းပါ။

၄။ ကလေးရဲ့ခံစားချက်ကို မျက်ကွယ်ပြုခြင်း

ကလေးရဲ့ခံစားချက်ကို မသိဘဲ “အဆင်ပြေသွားမှာနော်” လို့နှစ်သိမ့်ပေးတာက မထိရောက်ပါဘူး။ ကလေးတွေရဲ့ စိတ်အခြေအနေ၊ ခံစားချက်၊ ပြဿနာတွေကို မိဘတွေက နားထောင်ပေးဖို့ လိုအပ်ပါတယ်။ မိဘတွေအတွက် အသေးအမွှားလို့ထင်ရပေမယ့် ကလေးတွေအတွက်တော့ အရမ်းခံစားရတဲ့အရာ ဖြစ်နေနိုင်ပါတယ်။

၅။ မသင်ပြပေးဘဲ အပြစ်ပေးခြင်း

အပြစ်ပေးတာက အလွယ်ဆုံးပါပဲ။ ဒါပေမယ့် ကလေးရဲ့အပြုအမူ မှားနေကြောင်း လမ်းကြောင်းတည့်ပေးဖို့တော့ လိုအပ်ပါတယ်။ ကလေးတွေရဲ့အချို့အပြုအမူတွေ လွဲမှားနေရင် သင်ပေးရုံ၊ ပြောပြပေးရုံနဲ့ ရပေမယ့် အချို့မိဘတွေက အပြစ်ပေးတာကိုပဲ ရွေးချယ်လိုက်ကြပါတယ်။

၆။ အမြဲဝေဖန်အပြစ်တင်ခြင်း

ကလေးတွေကို မလိုအပ်ဘဲ နေရာတကာ လိုက်ဝေဖန်နေတာက ကောင်းတဲ့အချက်မဟုတ်ပါဘူး။ ကောင်းတဲ့အချက်တွေကိုတော့ မသိကျိုးကျွန်ပြုထားပြီး နေရာတကာ အပြစ်တင်နေရင် ကလေးအတွက် စိတ်ပျော်ရွှင်မှု၊ လွတ်လပ်မှုဆိုတာ ရှိတော့မှာမဟုတ်ပါဘူး။ လိုအပ်တဲ့အခါမှသာ ဝေဖန်အပြစ်တင်တာကို ပြုသင့်ပါတယ်။

၇။ အဆိုးမြင်တဲ့ စကားလုံးတွေကို ရွေးချယ်ပြောဆိုခြင်း

ကလေးတွေကို ရိုင်းပြတဲ့စကား၊ အဆိုးမြင်တဲ့စကားတွေကို ပြောလေလေ သူတို့မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းပါးလာလေလေပါပဲ။ အဆိုးမြင်တဲ့စကားတွေကြောင့် ကလေးတွေရဲ့ အပြုအမူတွေကိုပါ ထိခိုက်လာစေပါတယ်။

သူတို့ကိုယ်သူတို့ အရမ်းကို အသုံးမဝင်တဲ့လူပါလားလို့ အထင်ရောက်သွားစေပါတယ်။ ကလေးတွေအတွက် ချီးကျူးတဲ့စကားက မဖြစ်မနေ လိုအပ်ပါတယ်။

၈။ ကိုယ်ပိုင်လွတ်လပ်ခွင့်မပေးခြင်း

မိဘနဲ့ သားသမီးအကြားမှာ ယုံကြည်မှုက မဖြစ်မနေ လိုအပ်တဲ့အရာပါ။ သင့်သားသမီးတွေကို လမ်းမှားရောက်မှာ စိုးရိမ်တဲ့စိတ်နဲ့ လွတ်လပ်ခွင့်မပေးဘဲ မျက်စိဒေါက်ထောက်ကြည့်နေရုံနဲ့ ကိုယ်ပိုင်အတွေးအခေါ်တွေကို ပိတ်ပင်သလိုပါပဲ။ ကလေးတွေအတွက် ကိုယ်ပိုင်အချိန်၊ ကိုယ်ပိုင်နေရာ၊ ကိုယ်ပိုင်စိတ်ကူးတွေ ရှိလာအောင် လမ်းဖွင့်ပေးဖို့ လိုအပ်ပါတယ်။

Crd,


Leave a Reply

Your email address will not be published.