လမ်းပေါ်တွင် နှစ်ပေါင်း၂၀ကျော်သည်ထိ အိမ်ခြေရာမဲ့ဘဝကို ရောက်ခဲ့ရသော ကျောင်းဆရာ

လမ်းပေါ်တွင် နှစ်ပေါင်း၂၀ကျော်သည်ထိ အိမ်ခြေရာမဲ့ဘဝကို ရောက်ခဲ့ရသော ကျောင်းဆရာ

ဖိလစ်ပိုင်နိုင်ငံ Cebu Cityရှိ လမ်းပေါ်တွင်သာ နေထိုင်သော Bertaအမည်ရှိ အမျိုးသားကြီးတစ်ဦးသည် မိသားစုလည်းမရှိ တစ်ကိုယ်တည်းသမားဖြစ်ပြီး ဖြတ်သွားဖြတ်လာသူများထံမှ စားစရာအချို့တောင်းရမ်းကာ စားသောက်ပြီး အသက်ဆက်ခဲ့သည်။

ထူးခြားစွာဖြင့် အမျိုးသားကြီးသည် တောင်းရမ်းသည့်အခါ အင်္ဂလိပ်ဘာသာစကားကိုပြောခဲ့ပြီး အများမှ အိုးမဲ့အိမ်မဲ့ သူတောင်းစားတစ်ယောက်ဖြစ်နေ၍ အထင်မကြီးသည့်အပြင် လှောင်ရယ်ခဲ့ကြသည်။

အမှန်တကယ်မှာ အမျိုးသားကြီးသည် တစ်ချိန်ကကျောင်းဆရာတစ်ယောက်ဖြစ်ခဲ့ပြီး အကြောင်းမလှစွာဖြင့် စိတ်ကျန်းမာရေးအခြေအနေကြောင့် လမ်းဘေးအိပ် လမ်းဘေးစားဘဝကို ရောက်ရှိခဲ့ရသည်။

အမျိုးသားကြီးသည် နှစ်၂၀ကြာပြီးနောက် ကံကောင်းစွာပဲ ဒေသရှိပြန်လည်ထူထောင်ရေး စင်တာမှ တွေ့ရှိခဲ့ပြီး ဆေးကုသပေးကာ စိတ်ကျန်းမာရေးပြန်ကောင်းလာသောအခါ စီမံခန့်ခွဲရေးဝန်ထမ်းအဖြစ် အလုပ်ခန့်ခဲ့သည်။

Zawgyi






Leave a Reply

Your email address will not be published.