“တခ်ိန္က Made in Burma ဆိုၿပီး ျမန္မာထုတ္ပစၥည္းေတြ တစ္ကမာၻလုံးကို ျဖန႔္ခဲ့ဖူးတယ္ဆိုတာ”

“တခ်ိန္က Made in Burma ဆိုၿပီး ျမန္မာထုတ္ပစၥည္းေတြ တစ္ကမာၻလုံးကို ျဖန႔္ခဲ့ဖူးတယ္ဆိုတာ”

“တခ်ိန္က Made in Burma ဆိုၿပီး ျမန္မာထုတ္ပစၥည္းေတြ တစ္ကမာၻလုံးကို ျဖန႔္ခဲ့ဖူးတယ္ဆိုတာ”

တစ္ခ်ိန္က Made in Burma ဆိုၿပီး ျမန္မာျပည္ကပစၥည္းေတြ တစ္ကမာၻလုံးကို ျဖန႔္ခဲ့ဖူးတယ္။ Made in Burma ဆိုၿပီး ျမန္မာျပည္က ပစၥည္းေတြ တစ္ကမာၻလုံးကို ျဖန႔္ခဲ့ဖူးတယ္။ တခ်ိန္က ျမန္မာျပည္မွာ ဒီဇြန္းေတြ ထုတ္လုပ္ခဲ့ႏိုင္တယ္။

၁၉၆၂ ခုႏွစ္ ဦးေနဝင္းလက္ထက္ကစလို႔ စက္႐ုံအလုပ္႐ုံေတြကို ျပည္သူပိုင္သိမ္းၿပီး အကုန္ ဖ်က္စီးခဲ့တယ္။ ထုတ္လုပ္တဲ့ ပစၥည္းေတြကို အေနာက္ဥေရာပအထိ Export လုပ္ႏိုင္ခဲ့တယ္။

Made in Burma ေရးထားသမွ်ပစၥည္းနဲ႔ စက္႐ုံေတြ ျပည္သူပိုင္ သိမ္းေတာ့ Made in India လို႔ ေျပာင္းေရးၿပီး ခိုးထုတ္လုပ္ခဲ့ၾကတယ္။ သစ္သား ေလးခြ၊ ကြၽဲခ်ိဳေလးခြ၊ ဝါးနဲ႔ လုပ္ထားတဲ့ ငါးမွ်ားတံ အစုံ။

ဝါးဖက္ ခေမာက္ ေဆးတံအိုး ကြမ္းသား ထမ္းပိုး ဝါးထမ္းပိုး ဝါးနဲ႔ ထန္းေခါက္ အသုံးျပဳၿပီး ယက္လုပ္ထားတဲ့ျခင္း နဲ႔ ေတာင္း အမ်ိဳးမ်ိဳး ႐ႊံ႕နဲ႔ ျပဳလုပ္ထားတဲ့ အိုးပုတ္ ဂ်ိဳး႐ုပ္ ေက်ာက္သင္ပုန္း စတဲ့ ကုန္ပစၥည္းေတြကို ပုဂၢလိကပိုင္ အေနနဲ႔ ထုတ္လုပ္ၿပီး အဂၤလန္ / အေမရိကန္ထိ တင္သြင္းႏိုင္ခဲ့တယ္။

လူတိုင္းသုံးဖူးတဲ့ က်ားပ႐ုပ္ဆီက တခ်ိန္က ျမန္မာျပည္မွာထုတ္လုပ္ခဲ့တာပါ။ ဦးေနဝင္းက ျပည္သူပိုင္သိမ္းေတာ့ စကၤာပူကို ထြက္ေျပးၿပီး ယေန႔ထိ ထုတ္လုပ္ေနဆဲပဲ။ ငွက္သိုက္ရည္လည္း ယခင္က ျမန္မာျပည္မွာပဲထုတ္လုပ္ခဲ့ပါတယ္။

ဂ်ပန္နဲ႔ အျခားႏိုင္ငံက ကားအင္ဂ်င္ေတြဝယ္ၿပီး ျပည္တြင္းမွာ ေဘာ္ဒီ႐ိုက္ တပ္ဆင္ၿပီး တ႐ုတ္ထံ တင္ပို႔ေရာင္းခ်ခဲ့ဖူးၾကတယ္။ ျမန္မာေတြ ထုတ္တဲ့ကားကို တ႐ုတ္ေတြ ဝယ္စီးၾကရတယ္။ ေျပာရင္ ရယ္စရာ ျဖစ္ေနမလားပဲ။

ဦးေနဝင္းက အဲလိုလုပ္ခဲ့ၿပီးေနာက္ ေနာက္တက္လာတဲ့ ေကာင္ေတြကလည္း သစ္ေတာေတြျဖဳန္း ေတာင္ဂတုံး၊ ျမစ္ကို ၿဖိဳဖ်က္ အဆက္ဆက္ လုပ္ခဲ့ျပန္ေရာ။

အခ်ိန္တိုအတြင္း လုပ္ပိုင္ခြင့္ရခိုက္ ျမန္ျမန္ခ်မ္းသာေအာင္လို႔ ေက်ာက္သံပတၱျမားေလာက္ အားထား ခိုးယူလာၾကတယ္။

ဘာပစၥည္းမွ ထိထိေရာက္ေရာက္ကိုယ္တိုင္ ထုတ္လုပ္ဖို႔ စိတ္မကူးခဲ့ၾကဘူး။ အခုလဲ ဝူဟန္ေၾကာင့္ တ႐ုတ္ဘက္က ကုန္ၾကမ္းမရႏိုင္ေတာ့ ျပည္တြင္းကစက္႐ုံတခ်ိဳ႕ ပိတ္ထားရျပန္ၿပီ။

ျပည္တြင္းဆိုေပမဲ့ တ႐ုတ္ပိုင္စက္႐ုံက မ်ားတာပါ။ တ႐ုတ္ထုတ္၊ ထိုင္းထုတ္ နဲ႔ အိႏၵိယထုတ္ေတြပဲ အျမတ္ေပးၿပီး အလြယ္တကူ ဝယ္ယူသုံးၾကတယ္။

ဒါေၾကာင့္လည္း တိုင္းျပည္ဟာ မြဲသထက္မြဲ ငတ္သထက္ ငတ္ငတ္လာခဲ့ၾကတယ္။ လူသုံးကုန္ ပစၥည္းတင္ ျပည္ပက ဝယ္သုံးတာ မဟုတ္ဘူး။ စားေသာက္ကုန္ေတြက အစ ဘာအသား ဘာပါတယ္ မသိၾကဘဲ ပင္လယ္စာ ဆိုၿပီး စားေနၾကတာ ေတြ တပုံႀကီး။

လူေတြလဲ အသိဉာဏ္ေခါင္းပါးလာၿပီး လူေကာင္ ေသးေသးလာတယ္။ေဆးဝါးဆိုလဲ ပုဂၢလိကပိုင္ အေနနဲ႔ ဆရာခို နဲ႔ထြန္းေ႐ႊဝါေလာက္ပဲ ထုတ္ႏိုင္ေသးတယ္။ ဒီၾကားထဲ ဘိေႏၷာေဆးဆိုၿပီး အဂၤလိပ္ေဆးေတြႀကိတ္ၿပီးေရာထည့္ေရာင္းေတာ့ ေသၾကတာေတြ မနည္းဘူး။

တကယ္စဥ္းစားၾကည့္ ကိုယ့္ျပည္တြင္းျဖစ္က မရွိမေလာက္ကို ျဖစ္ေနတယ္။ က်ေနာ္စကၤာပူမွာ အၾကာႀကီး ေနခဲ့တယ္။

က်ေနာ့္စားဖိုထဲမွာ Made in Myanmar ဆိုလို႔ ငါးနီတူးေျခာက္ ေလးပဲ ရွိခဲ့ဖူးတယ္။Anchovy fish ကိုယ္ပိုင္ ပစၥည္း မထုတ္လုပ္ႏိုင္တဲ့ ႏိုင္ငံဟာ ကမာၻ႔ေျမပုံေပၚမွာ ၾကာၾကာ မရပ္တည္ႏိုင္ပါဘူး။

ျပည္တြင္းျဖစ္ မ်ားမ်ား ထုတ္လုပ္ႏိုင္ၿပီး၊ ျပည္ပကို မ်ားမ်ားတင္ပို႔ႏိုင္မွ နလန္ထူႏိုင္မယ္။ စက္ပစၥည္းေတြ ထုတ္လုပ္ႏိုင္မွ မဟုတ္ပါဘူး။ဥပမာ ေျပာရရင္ ထိုင္းက ျမန္မာထက္ အဆ ၁၀၀ မက သာတယ္ဆိုရမယ္။

ကမာၻ႔ႏိုင္ငံ အသီးသီးေတြမွာ ထိုင္းက တင္သြင္းတဲ့ ပစၥည္းေတြ မ်ားတယ္။ဘာေတြ ထင္လို႔လဲ ထန္းသီးဆံ (တႏွစ္ပတ္လုံးစားလို႔ရတယ္)။

အုန္းေရနဲ႔ အုန္းႏို႔၊ ထန္းလ်က္ခဲ၊ မန္က်ည္းသီးမွည့္၊ ငါးပိ ငါးေျခာက္၊ အင္ဥ (၅ ႏွစ္အထိ အထားခံတယ္)။ဆန္ အမ်ိဳးမ်ိဳး၊ ပင္လယ္ထြက္ ပစၥည္းအမ်ိဳးမ်ိဳး၊ လိုင္ခ်ီးသီး (၅ ႏွစ္ အထားခံ) အသီးအႏွံ မ်ိဳးစုံ၊ သားေရထည္ ပစၥည္း၊

ဆီသြတ္ဗူး အမ်ိဳးမ်ိဳး၊ ဆားေရစိမ္ အမ်ိဳးမ်ိဳး၊ ပဲအမ်ိဳးမ်ိဳး ၾကာဇံ နဲ႔ ေခါက္ဆြဲ စတာေတြကို ေသသပ္ လွပစြာထုတ္ပိုးၿပီး အမ်ိဳးေပါင္း ေထာင္နဲ႔ခ်ီ တင္သြင္းႏိုင္ပါတယ္။

ျပည္တြင္းမွာ ၁၀၀ က်ပ္တန္ ဆိုေပမဲ့ ျပည္ပေရာက္ရင္ ေသာင္းဂဏန္း ေပးစားၾကရပါတယ္ကိုယ္စြမ္းကိုယ္စေတြ ျခစ္ျခဳပ္ သုံးၿပီး ကိုယ္တိုင္ ထုတ္လုပ္ၾကဖို႔အခ်ိန္ က်ေနပါၿပီ။

တခ်ိန္က ဘာျဖစ္ခဲ့ျဖစ္ခဲ့ ႀကိဳးစားလုပ္ၾကဖို႔ လိုၿပီ ကိုယ့္ႏိုင္ငံက ငမြဲမို႔ စက္ပစၥည္းေတြ လႈိင္လႈိင္ဝယ္သုံးေနခ်ိန္မွာ တိုးတက္ၿပီးႏိုင္ငံေတြက လက္နဲ႔ လုပ္တဲ့ လက္မႈပစၥည္းထည္ေတြကိုပိုၿပီး တန္ဘိုးထား ေဈးႀကီးေပး ဝယ္သုံးေနၾကေလရဲ႕ ။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။

Unicode

“တချိန်က Made in Burma ဆိုပြီး မြန်မာထုတ်ပစ္စည်းတွေ တစ်ကမ္ဘာလုံးကို ဖြန့်ခဲ့ဖူးတယ်ဆိုတာ”

တစ်ချိန်က Made in Burma ဆိုပြီး မြန်မာပြည်ကပစ္စည်းတွေ တစ်ကမ္ဘာလုံးကို ဖြန့်ခဲ့ဖူးတယ်။ Made in Burma ဆိုပြီး မြန်မာပြည်က ပစ္စည်းတွေ တစ်ကမ္ဘာလုံးကို ဖြန့်ခဲ့ဖူးတယ်။ တချိန်က မြန်မာပြည်မှာ ဒီဇွန်းတွေ ထုတ်လုပ်ခဲ့နိုင်တယ်။

၁၉၆၂ ခုနှစ် ဦးနေဝင်းလက်ထက်ကစလို့ စက်ရုံအလုပ်ရုံတွေကို ပြည်သူပိုင်သိမ်းပြီး အကုန် ဖျက်စီးခဲ့တယ်။ ထုတ်လုပ်တဲ့ ပစ္စည်းတွေကို အနောက်ဥရောပအထိ Export လုပ်နိုင်ခဲ့တယ်။

Made in Burma ရေးထားသမျှပစ္စည်းနဲ့ စက်ရုံတွေ ပြည်သူပိုင် သိမ်းတော့ Made in India လို့ ပြောင်းရေးပြီး ခိုးထုတ်လုပ်ခဲ့ကြတယ်။ သစ်သား လေးခွ၊ ကျွဲချိုလေးခွ၊ ဝါးနဲ့ လုပ်ထားတဲ့ ငါးမျှားတံ အစုံ။

ဝါးဖက် ခမောက် ဆေးတံအိုး ကွမ်းသား ထမ်းပိုး ဝါးထမ်းပိုး ဝါးနဲ့ ထန်းခေါက် အသုံးပြုပြီး ယက်လုပ်ထားတဲ့ခြင်း နဲ့ တောင်း အမျိုးမျိုး ရွှံ့နဲ့ ပြုလုပ်ထားတဲ့ အိုးပုတ် ဂျိုးရုပ် ကျောက်သင်ပုန်း စတဲ့ ကုန်ပစ္စည်းတွေကို ပုဂ္ဂလိကပိုင် အနေနဲ့ ထုတ်လုပ်ပြီး အင်္ဂလန် / အမေရိကန်ထိ တင်သွင်းနိုင်ခဲ့တယ်။

လူတိုင်းသုံးဖူးတဲ့ ကျားပရုပ်ဆီက တချိန်က မြန်မာပြည်မှာထုတ်လုပ်ခဲ့တာပါ။ ဦးနေဝင်းက ပြည်သူပိုင်သိမ်းတော့ စင်္ကာပူကို ထွက်ပြေးပြီး ယနေ့ထိ ထုတ်လုပ်နေဆဲပဲ။ ငှက်သိုက်ရည်လည်း ယခင်က မြန်မာပြည်မှာပဲထုတ်လုပ်ခဲ့ပါတယ်။

ဂျပန်နဲ့ အခြားနိုင်ငံက ကားအင်ဂျင်တွေဝယ်ပြီး ပြည်တွင်းမှာ ဘော်ဒီရိုက် တပ်ဆင်ပြီး တရုတ်ထံ တင်ပို့ရောင်းချခဲ့ဖူးကြတယ်။ မြန်မာတွေ ထုတ်တဲ့ကားကို တရုတ်တွေ ဝယ်စီးကြရတယ်။ ပြောရင် ရယ်စရာ ဖြစ်နေမလားပဲ။

ဦးနေဝင်းက အဲလိုလုပ်ခဲ့ပြီးနောက် နောက်တက်လာတဲ့ ကောင်တွေကလည်း သစ်တောတွေဖြုန်း တောင်ဂတုံး၊ မြစ်ကို ဖြိုဖျက် အဆက်ဆက် လုပ်ခဲ့ပြန်ရော။

အချိန်တိုအတွင်း လုပ်ပိုင်ခွင့်ရခိုက် မြန်မြန်ချမ်းသာအောင်လို့ ကျောက်သံပတ္တမြားလောက် အားထား ခိုးယူလာကြတယ်။

ဘာပစ္စည်းမှ ထိထိရောက်ရောက်ကိုယ်တိုင် ထုတ်လုပ်ဖို့ စိတ်မကူးခဲ့ကြဘူး။ အခုလဲ ဝူဟန်ကြောင့် တရုတ်ဘက်က ကုန်ကြမ်းမရနိုင်တော့ ပြည်တွင်းကစက်ရုံတချို့ ပိတ်ထားရပြန်ပြီ။

ပြည်တွင်းဆိုပေမဲ့ တရုတ်ပိုင်စက်ရုံက များတာပါ။ တရုတ်ထုတ်၊ ထိုင်းထုတ် နဲ့ အိန္ဒိယထုတ်တွေပဲ အမြတ်ပေးပြီး အလွယ်တကူ ဝယ်ယူသုံးကြတယ်။

ဒါကြောင့်လည်း တိုင်းပြည်ဟာ မွဲသထက်မွဲ ငတ်သထက် ငတ်ငတ်လာခဲ့ကြတယ်။ လူသုံးကုန် ပစ္စည်းတင် ပြည်ပက ဝယ်သုံးတာ မဟုတ်ဘူး။ စားသောက်ကုန်တွေက အစ ဘာအသား ဘာပါတယ် မသိကြဘဲ ပင်လယ်စာ ဆိုပြီး စားနေကြတာ တွေ တပုံကြီး။

လူတွေလဲ အသိဉာဏ်ခေါင်းပါးလာပြီး လူကောင် သေးသေးလာတယ်။ဆေးဝါးဆိုလဲ ပုဂ္ဂလိကပိုင် အနေနဲ့ ဆရာခို နဲ့ထွန်းရွှေဝါလောက်ပဲ ထုတ်နိုင်သေးတယ်။ ဒီကြားထဲ ဘိန္နောဆေးဆိုပြီး အင်္ဂလိပ်ဆေးတွေကြိတ်ပြီးရောထည့်ရောင်းတော့ သေကြတာတွေ မနည်းဘူး။

တကယ်စဉ်းစားကြည့် ကိုယ့်ပြည်တွင်းဖြစ်က မရှိမလောက်ကို ဖြစ်နေတယ်။ ကျနော်စင်္ကာပူမှာ အကြာကြီး နေခဲ့တယ်။

ကျနော့်စားဖိုထဲမှာ Made in Myanmar ဆိုလို့ ငါးနီတူးခြောက် လေးပဲ ရှိခဲ့ဖူးတယ်။Anchovy fish ကိုယ်ပိုင် ပစ္စည်း မထုတ်လုပ်နိုင်တဲ့ နိုင်ငံဟာ ကမ္ဘာ့မြေပုံပေါ်မှာ ကြာကြာ မရပ်တည်နိုင်ပါဘူး။

ပြည်တွင်းဖြစ် များများ ထုတ်လုပ်နိုင်ပြီး၊ ပြည်ပကို များများတင်ပို့နိုင်မှ နလန်ထူနိုင်မယ်။ စက်ပစ္စည်းတွေ ထုတ်လုပ်နိုင်မှ မဟုတ်ပါဘူး။ဥပမာ ပြောရရင် ထိုင်းက မြန်မာထက် အဆ ၁၀၀ မက သာတယ်ဆိုရမယ်။

ကမ္ဘာ့နိုင်ငံ အသီးသီးတွေမှာ ထိုင်းက တင်သွင်းတဲ့ ပစ္စည်းတွေ များတယ်။ဘာတွေ ထင်လို့လဲ ထန်းသီးဆံ (တနှစ်ပတ်လုံးစားလို့ရတယ်)။

အုန်းရေနဲ့ အုန်းနို့၊ ထန်းလျက်ခဲ၊ မန်ကျည်းသီးမှည့်၊ ငါးပိ ငါးခြောက်၊ အင်ဥ (၅ နှစ်အထိ အထားခံတယ်)။ဆန် အမျိုးမျိုး၊ ပင်လယ်ထွက် ပစ္စည်းအမျိုးမျိုး၊ လိုင်ချီးသီး (၅ နှစ် အထားခံ) အသီးအနှံ မျိုးစုံ၊ သားရေထည် ပစ္စည်း၊

ဆီသွတ်ဗူး အမျိုးမျိုး၊ ဆားရေစိမ် အမျိုးမျိုး၊ ပဲအမျိုးမျိုး ကြာဇံ နဲ့ ခေါက်ဆွဲ စတာတွေကို သေသပ် လှပစွာထုတ်ပိုးပြီး အမျိုးပေါင်း ထောင်နဲ့ချီ တင်သွင်းနိုင်ပါတယ်။

ပြည်တွင်းမှာ ၁၀၀ ကျပ်တန် ဆိုပေမဲ့ ပြည်ပရောက်ရင် သောင်းဂဏန်း ပေးစားကြရပါတယ်ကိုယ်စွမ်းကိုယ်စတွေ ခြစ်ခြုပ် သုံးပြီး ကိုယ်တိုင် ထုတ်လုပ်ကြဖို့အချိန် ကျနေပါပြီ။

တချိန်က ဘာဖြစ်ခဲ့ဖြစ်ခဲ့ ကြိုးစားလုပ်ကြဖို့ လိုပြီ ကိုယ့်နိုင်ငံက ငမွဲမို့ စက်ပစ္စည်းတွေ လှိုင်လှိုင်ဝယ်သုံးနေချိန်မှာ တိုးတက်ပြီးနိုင်ငံတွေက လက်နဲ့ လုပ်တဲ့ လက်မှုပစ္စည်းထည်တွေကိုပိုပြီး တန်ဘိုးထား ဈေးကြီးပေး ဝယ်သုံးနေကြလေရဲ့ ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။


Leave a Reply

Your email address will not be published.