အမေတာ္ျမနန္းႏြယ္ ရဲ႕ပါးကိုနမ္းမိလို႔ မေသ႐ုံတစ္မယ္ ျဖစ္ခဲ့ရသူ(ျဖစ္ရပ္မွန္)

အမေတာ္ျမနန္းႏြယ္ ရဲ႕ပါးကိုနမ္းမိလို႔ မေသ႐ုံတစ္မယ္ ျဖစ္ခဲ့ရသူ(ျဖစ္ရပ္မွန္)

Zawgyi

အမေတာ္ျမနန္းႏြယ္ ရဲ႕ပါးကိုနမ္းမိလို႔ မေသ႐ုံတစ္မယ္ ျဖစ္ခဲ့ရသူ(ျဖစ္ရပ္မွန္)

လုံၿခဳံေရး ႏွင့္အစစအရာရာ ကိစၥမ်ားအတြက္ ဘုရားေဂါပကအဖြဲ႕မွခန႔္အပ္ထားေသာ ဝန္ထမ္းမ်ားမွ အလွည့္က် တာဝန္ယူရသည္။

တစ္ရက္ စာေရးသူ ျမနန္းႏြယ္ အေဆာင္ သို႔ေရာက္ရွိစဥ္ ဝန္ထမ္းတစ္ဦးမွအမေတာ္အားပြဲဆက္သူတစ္ဦးအတြက္ ကိုယ္စားဆုေတာင္းေပးေနသည္ကို ျမင္မိသည္။အမ်ားအားျဖင့္ အဆိုပါ ပုဂၢိဳလ္တို႔သည္ အစီစဥ္တက်ေျပာဆို ပြဲအပ္ဆုေတာင္းေပးၾကပါသည္။

ထိုသူသည္ သုံးေလးဦးဆက္တိုက္ ေျပာဆိုဆုေတာင္းေပးၿပီးေနာက္ ခတၱခဏ စာေရးသူ အနီးရွိ ထိုင္ခုံတြင္ ထိုင္၍ နားေနခိုက္တြင္စာေရးသူသိလိုသမွ်ကိုသြားေရာက္ေမးျမန္းရင္းစကားလက္ဆုံက်ကာအမေတာ္ ျမနန္းႏြယ္ ရဲ႕

ထူးျခားဆန္းျပားျဖစ္ရပ္မ်ားနဲ႔ ဆုေတာင္ျပည့္ပုံမ်ားကို မွတ္သားခဲ့ရသည္။ထိုမွတ္သားခဲ့သည္မ်ားအထဲမွ အမေတာ္ ျမနန္းႏြယ္ ရဲ႕ပါးကို နမ္းမိ၍အသက္မေသ႐ုံတမယ္ျဖစ္ခဲ့ရသူတစ္ေယာက္အေၾကာင္းကို စာဖတ္သူမ်ား သိရွိေစရန္ ေရးသားလိုက္ပါသည္။

ထိုသို႔ အသက္ဆူံးရႈံးရန္သိသိေလးလိုသည္ အထိျဖစ္ခဲ့ရသူမွာအျခားမဟုတ္ယခုထိုအေၾကာင္းကိုေျပာျပေသာ ဝန္ထမ္းရဲ႕ အေဖျဖစ္သည္။

သူ၏ အေဖမွာ ဘုရားတြင္ ဝန္ထမ္းအျဖစ္ လုပ္သက္၃၅နစ္ အထိလုပ္သြားသူျဖစ္ၿပီးအခုတိုင္ အသက္ ၉၃ႏွစ္ထိအသက္ရွင္လ်က္ရွိေသးေၾကာင္း ေရွးဦးစြာေျပာျပသည္။

နာမည္မွာ ဦးဘခ်စ္ျဖစ္သည္။ ယခုအျဖစ္အပ်က္မွာ ဦးဘခ်စ္ အလုပ္ဝင္စက ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။သူသည္ ေပ်ာ္ေပ်ာ္ေနတက္ မ်က္ႏွာေျပာင္တက္သည္။

တစ္ရက္သူ၏စိတ္ထဲမွာ အမေတာ္ ရဲ႕႐ုပ္ပုံသည္ အရမ္းခ်စ္စရာေကာင္းၿပီး ေခ်ာေမာလွပေနသည္ကို သာေတြးမိေနသည္။ထိုေနာက္႐ုတ္တရက္ အမေတာ္ နားကိုသြားၿပီး အမေတာ္၏ ပါးကို နမ္းလိုက္မိသည္။

ညဘက္ေရာက္ေသာအခါေနရင္းထိုင္ရင္း အထက္လန္ေအာက္ေလ်ာျဖစ္ကာေဆး႐ုံသို႔ ခ်က္ခ်င္းပို႔လိုက္ရသည္။ေဆးေတြ သြင္းၿပီး လူလည္းမေသ႐ူံတမယ္သာက်န္သည္။ထို႔ေနာက္ အမေတာ္ ကိုကန္ေတာ့ပြဲေပးကာေတာင္းပန္ရသည္။

ေနာင္တြင္လည္း အမေတာ္ ကို ဤကဲ့သို႔မေလးမစားမလုပ္ရဲေတာ့ေခ်။ဦးဘခ်စ္ အတြက္ေတာ့ဘဝတြင္ မေမ့ႏိုင္စရာ အျဖစ္အပ်က္တစ္ခုအျဖစ္ အမွတ္ရေနမွာ မလြဲေပ။ေနာင္လည္းအလ်င္းသင့္သလို ဆက္လတ္ေရးသားပါဦးမည္။

Unicode

အမတော်မြနန်းနွယ် ရဲ့ပါးကိုနမ်းမိလို့ မသေရုံတစ်မယ် ဖြစ်ခဲ့ရသူ(ဖြစ်ရပ်မှန်)

လုံခြုံရေး နှင့်အစစအရာရာ ကိစ္စများအတွက် ဘုရားဂေါပကအဖွဲ့မှခန့်အပ်ထားသော ဝန်ထမ်းများမှ အလှည့်ကျ တာဝန်ယူရသည်။

တစ်ရက် စာရေးသူ မြနန်းနွယ် အဆောင် သို့ရောက်ရှိစဉ် ဝန်ထမ်းတစ်ဦးမှအမတော်အားပွဲဆက်သူတစ်ဦးအတွက် ကိုယ်စားဆုတောင်းပေးနေသည်ကို မြင်မိသည်။အများအားဖြင့် အဆိုပါ ပုဂ္ဂိုလ်တို့သည် အစီစဉ်တကျပြောဆို ပွဲအပ်ဆုတောင်းပေးကြပါသည်။

ထိုသူသည် သုံးလေးဦးဆက်တိုက် ပြောဆိုဆုတောင်းပေးပြီးနောက် ခတ္တခဏ စာရေးသူ အနီးရှိ ထိုင်ခုံတွင် ထိုင်၍ နားနေခိုက်တွင်စာရေးသူသိလိုသမျှကိုသွားရောက်မေးမြန်းရင်းစကားလက်ဆုံကျကာအမတော် မြနန်းနွယ် ရဲ့

ထူးခြားဆန်းပြားဖြစ်ရပ်များနဲ့ ဆုတောင်ပြည့်ပုံများကို မှတ်သားခဲ့ရသည်။ထိုမှတ်သားခဲ့သည်များအထဲမှ အမတော် မြနန်းနွယ် ရဲ့ပါးကို နမ်းမိ၍အသက်မသေရုံတမယ်ဖြစ်ခဲ့ရသူတစ်ယောက်အကြောင်းကို စာဖတ်သူများ သိရှိစေရန် ရေးသားလိုက်ပါသည်။

ထိုသို့ အသက်ဆူံးရှုံးရန်သိသိလေးလိုသည် အထိဖြစ်ခဲ့ရသူမှာအခြားမဟုတ်ယခုထိုအကြောင်းကိုပြောပြသော ဝန်ထမ်းရဲ့ အဖေဖြစ်သည်။

သူ၏ အဖေမှာ ဘုရားတွင် ဝန်ထမ်းအဖြစ် လုပ်သက်၃၅နစ် အထိလုပ်သွားသူဖြစ်ပြီးအခုတိုင် အသက် ၉၃နှစ်ထိအသက်ရှင်လျက်ရှိသေးကြောင်း ရှေးဦးစွာပြောပြသည်။

နာမည်မှာ ဦးဘချစ်ဖြစ်သည်။ ယခုအဖြစ်အပျက်မှာ ဦးဘချစ် အလုပ်ဝင်စက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။သူသည် ပျော်ပျော်နေတက် မျက်နှာပြောင်တက်သည်။

တစ်ရက်သူ၏စိတ်ထဲမှာ အမတော် ရဲ့ရုပ်ပုံသည် အရမ်းချစ်စရာကောင်းပြီး ချောမောလှပနေသည်ကို သာတွေးမိနေသည်။ထိုနောက်ရုတ်တရက် အမတော် နားကိုသွားပြီး အမတော်၏ ပါးကို နမ်းလိုက်မိသည်။

ညဘက်ရောက်သောအခါနေရင်းထိုင်ရင်း အထက်လန်အောက်လျောဖြစ်ကာဆေးရုံသို့ ချက်ချင်းပို့လိုက်ရသည်။ဆေးတွေ သွင်းပြီး လူလည်းမသေရူံတမယ်သာကျန်သည်။ထို့နောက် အမတော် ကိုကန်တော့ပွဲပေးကာတောင်းပန်ရသည်။

နောင်တွင်လည်း အမတော် ကို ဤကဲ့သို့မလေးမစားမလုပ်ရဲတော့ချေ။ဦးဘချစ် အတွက်တော့ဘဝတွင် မမေ့နိုင်စရာ အဖြစ်အပျက်တစ်ခုအဖြစ် အမှတ်ရနေမှာ မလွဲပေ။နောင်လည်းအလျင်းသင့်သလို ဆက်လတ်ရေးသားပါဦးမည်။


Leave a Reply

Your email address will not be published.