အချိန်မီ အိမ်ပြန်မရောက်သည့် ယောင်္ကျားကို မိန်းမဖြစ်သူမှ သည်းမခံနိုင်လို့ဆိုကာ…

အခ်ိန္မီ အိမ္ျပန္မေရာက္သည့္​ေယာက်ၤားကိုမိန္းမျဖစ္သူမွ သည္းမခံနိုင္လို႔ဆိုကာ…

အခိ်န္မီအိမ္ျပန္မလာလုိ႔ဇနီးကလင္ျဖစ္သူကုိ ဓားျဖင့္ထိုးသတ္လုိက္တာပါတဲ႔ မႏၱေလးတိုင္းေဒသႀကီး​ေက်ာက္ဆည္ၿမိဳ႕နယ္ လက္ပံေက်းရြာတြငေယာက်ာ္းျဖစ္သူကို မိန္းမျဖစ္သူက အခိ်န္မီအိမ္ျပန္မေရာက္သည့္

အေၾကာင္းျပခ်က္ျဖင့္ဓားျဖင့္ထိုးသတ္မႈ ျဖစ္ပြားခဲ့ေၾကာင္း​ေက်ာက္ဆည္ၿမိဳ႕မ ရဲစခန္းမွ သိရိွရသည္။ျဖစ္စဥ္မွာေန႔လယ္ ၁ နာရီခန္႔တြငေက်ာက္ဆည္ၿမိဳ႕နယ္ လက္ပံေက်းရြာတြင္ ေနထိုင္သူ

ကိုသိန္းထြန္း (ခ) အဒစ္သည္ ညီမျဖစ္သူႏွင့္အတူ ေနအိမ္၌ရိွေနစဥ္ တ၀ိုင္းတည္း အိမ္ခ်င္းကပ္ရပ္ေနအိမ္မွ ညီျဖစ္သူ ရွရစ္ထံမွ ”ငါ့အစ္ကို ငါ့ညီမေလးေတြ ငါ့ကို လာၾကည့္ၾကပါဦး၊ ငါ့ကို ငါ့မိန္းမ ကပ္ဘီက ဓားနဲ႔ထိုးလို႔ ေသေတာ့မယ္” ဟု ေအာ္သံၾကားခဲ့ရၿပီး

၎၏ မိန္းမ ကပ္ဘီထံမွလည္း ”ငါ့ ေယာက်ာ္းငါ ဓားနဲ႔ထိုးသတ္တယ္၊ သတၱိရိွတဲ့သူလာခဲ့၊ အကုန္သတ္မယ္”ဟု ေအာ္သံၾကားေၾကာင္း၊ ထို႔ေနာက္ ကိုသိန္းထြန္းက တာ၀န္ရိွသူမ်ား ကို သြားေရာက္ေခၚယူ၍ အခင္းျဖစ္ ေနရာသို႔ သြားေရာက္ၾကည့္႐ႈရာ ရွရစ္မွာ

၀ဲဘက္နံေဘးထိုးသြင္းဒဏ္ရာ၊ ၀ဲဘက္ ရင္ဘတ္ ျပတ္ရွဒဏ္ရာမ်ားႏွင့္ ေသဆံုးေနေၾကာင္း ေတြ႕ရိွခဲ့ရသည္။ျပစ္မႈက်ဴးလြန္သူ ကပ္ဘီကို ကနဦး စစ္ေဆးခ်က္အရ လက္ဖက္ရည္ဆိုင္တြင္ အလုပ္လုပ္သည့္

ရွရစ္အခိ်န္မီအိမ္ျပန္ မေရာက္ျခင္းေၾကာင့္ ဓားျဖင့္ထိုးသတ္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ထြက္ဆိုထားၿပီး ေက်ာက္ ဆည္ၿမိဳ႕မရဲစခန္းက အမႈဖြင့္ စစ္ေဆးလ်က္ရိွေၾကာင္း ေက်ာက္ဆည္ၿမိဳ႕မရဲစခန္းမွ ဒုရဲမွဴးသိန္း၀င္းက ေျပာၾကားသည္။

Unicode

အချိန်မီ အိမ်ပြန်မရောက်သည့် ယောင်္ကျားကို မိန်းမဖြစ်သူမှ သည်းမခံနိုင်လို့ဆိုကာ…

အချိန်မီအိမ်ပြန်မလာလို့ ဇနီးကလင်ဖြစ်သူကို ဓားဖြင့်ထိုးသတ်လိုက်တာပါတဲ့ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် လက်ပံကျေးရွာတွင် ယောကျာ်းဖြစ်သူကို မိန်းမဖြစ်သူက အချိန်မီအိမ်ပြန်မရောက်သည့်

အကြောင်းပြချက်ဖြင့် ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွားခဲ့ကြောင်း ကျောက်ဆည်မြို့မ ရဲစခန်းမှ သိရှိရသည်။ဖြစ်စဉ်မှာနေ့လယ် ၁ နာရီခန့်တွင် ကျောက်ဆည်မြို့နယ် လက်ပံကျေးရွာတွင် နေထိုင်သူ

ကိုသိန်းထွန်း (ခ) အဒစ်သည် ညီမဖြစ်သူနှင့်အတူ နေအိမ်၌ရှိနေစဉ် တဝိုင်းတည်း အိမ်ချင်းကပ်ရပ်နေအိမ်မှ ညီဖြစ်သူ ရှရစ်ထံမှ ”ငါ့အစ်ကို ငါ့ညီမလေးတွေ ငါ့ကို လာကြည့်ကြပါဦး၊ ငါ့ကို ငါ့မိန်းမ ကပ်ဘီက ဓားနဲ့ထိုးလို့ သေတော့မယ်” ဟု အော်သံကြားခဲ့ရပြီး

၎င်း၏ မိန်းမ ကပ်ဘီထံမှလည်း ”ငါ့ ယောကျာ်းငါ ဓားနဲ့ထိုးသတ်တယ်၊ သတ္တိရှိတဲ့သူလာခဲ့၊ အကုန်သတ်မယ်”ဟု အော်သံကြားကြောင်း၊ ထို့နောက် ကိုသိန်းထွန်းက တာဝန်ရှိသူများ ကို သွားရောက်ခေါ်ယူ၍ အခင်းဖြစ် နေရာသို့ သွားရောက်ကြည့်ရှုရာ ရှရစ်မှာ

ဝဲဘက်နံဘေးထိုးသွင်းဒဏ်ရာ၊ ဝဲဘက် ရင်ဘတ် ပြတ်ရှဒဏ်ရာများနှင့် သေဆုံးနေကြောင်း တွေ့ရှိခဲ့ရသည်။ပြစ်မှုကျူးလွန်သူ ကပ်ဘီကို ကနဦး စစ်ဆေးချက်အရ လက်ဖက်ရည်ဆိုင်တွင် အလုပ်လုပ်သည့်

ရှရစ်အချိန်မီအိမ်ပြန် မရောက်ခြင်းကြောင့် ဓားဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထွက်ဆိုထားပြီး ကျောက် ဆည်မြို့မရဲစခန်းက အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ကျောက်ဆည်မြို့မရဲစခန်းမှ ဒုရဲမှူးသိန်းဝင်းက ပြောကြားသည်။

#Credit

Leave a Reply

Your email address will not be published.