28 July 2022 မှ 3 Aug 2022 အထိတစ်ပတ်စာ ၇ ရက်သားသမီး ဟောစာတမ်း ဆရာငြိမ်း..

28 July 2022 မှ 3 Aug 2022 အထိတစ်ပတ်စာ ၇ ရက်သားသမီး ဟောစာတမ်း ဆရာငြိမ်း..

#တနင်္ဂနွေ

ဒီကာလအတွင်း ကူညီမယ့်သူတွေပေါလာတတ်ပါ တယ်။ဒါကြောင့်သူ များတွေဆီက အကူအညီတောင်းမယ်ဆိုရင်တော့ ဒီအပတ်မှာဆောင်ရွက်ပါ။

ကြာသပတေး၊ အင်္ဂါနံပါသော အမည် နေ့နံများ သတိထားပါ။ အိမ်၊ ခြံမြေ ဝင်ကိန်းရှိသည်။ အိမ်ခန်း၊ ဆိုင်ခန်း ရောင်ဝယ်၊ ငှား ကိစ္စများ ဆောင်ရွက်ရမည်။

သင့်အနေနဲ့ အိုင်ဒီယာအသစ်တွေ၊ဖန်တီးမှုအသစ်တွေကိုထုတ်သုံးမှပဲ အဆင်ပြေပါလိမ့် မယ်။

လမ်း ဟောင်းအတိုင်းလိုက်နေရင်သူများတွေက ရှေ့ရောက်သွားပါလိမ့်မယ်။လျှပ်စစ်ပစ္စည်း၊ ရေလုပ်ငန်း၊ ရွှေ၊ငွေ၊ရတနာပစ္စည်းများ၊

ယာဉ်အမျိုးမျိုး ယွန်းထည်ပစ္စည်း၊ ဝါး၊ ဝက်၊ စသော ပစ္စည်းများ အရောင်းအဝယ်၊ အဆင်ပြေမည်။

သင်၏ ကုသိုလ် ကံကြမ္မာသည် ယခင်ကကဲ့သို့ မကောင်းလှသေးချေ။ ရင်းနှီးမြှပ်နှံလို ပါက အထူးဂရုစိုက်ပြီးမှ ဆောင်ရွက် ပါ။

ငွေဝင်ရာလမ်းကြောင်း ခိုင်မာမှုရှိနေရင်တောင် အသုံးနဲ့အဖြုန်းနားလည် နိုင်ဖို့လို ပါတယ်။ ကျန်းမာရေး အားကောင်းနေမယ့်ကာလပါပဲ။

ကျန်းမာရေးလိုက်စားမှုတွေစတင်လို့အလွန်ကောင်းပါတယ်။ အချစ်ရေး မှာတော့ စိတ်ချမ်းသာရတတ်ပါတယ်။

ချစ်သူဆီက အကူအညီကောင်းတွေရလာတတ်ပါတယ်။ အိမ်ထောင်ရေးမှာလဲ စိတ်ချမ်းသာစရာ များလာမယ့်ကာလပါပဲ။

ပညာရေးကတော့ ပညာအသစ်တစ်ခုသင်တန်းအသစ်တစ်ခုစတင် သင်ယူလို့ ကောင်းပါတယ်။

အကျိုးပေးဂဏန်း 3/6/8 အထူးဟော ကံသင့်ပါတယ်။ ယတြာ စမူဆာ ၃ ခုဘုရားကပ်လှူလိုက်ပါ။

#တနင်္လာ

ဒီကာလအတွင်း လှောင်ထားတဲ့ ကုန်တွေစျေးကောင်းရလာတတ်ပါ တယ်။ ခေတ်မီကိရိယာများ ကွန်ပျူတာ၊ ဖုန်း၊ အင်တာနက်စသည့် ပစ္စည်းများ ဝင်မည်။

သွားနာ၊ သွားကိုက် ဝေဒနာခံစားရမည်။မိမိနေအိမ်တွင် ဘုရားပွဲ၊ အုန်းပွဲ(အိမ်တွင်း) အုန်းသီးတစ်ခုခုမှ အုန်းရိုးထွက်လာသည်ကို

မြင်ရ လျှင် ကောင်းသောနိမိတ်ဖြစ်မည်။စီးပွားရေးမှာရလဒ်ကောင်းတွေရလာတတ်ပါတယ်။ဆိုင်များဖောက်သည်သစ်တွေရလာ မယ့်ကာလပါပဲ။

နေအိမ်ရှိ၊ ထီး၊ ဖိနပ်၊ နာရီအဟောင်းများ စွန့်ပစ်ပါ။ အိမ်၊ ခြံမြေ ရောင်းဝယ်ခြင်းကိစ္စများ နှောင့်နှေး နေမည်။ ဓါတ်ရိုက် ဓါတ်ဆင်နည်း အသုံးပြုပါ။

အုန်းသီး၊ အုတ်၊ ဦးထုပ်၊ အိုး၊ အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ခြင်း လုပ်ငန်းများ မှလွဲ၍အခြား လုပ်ငန်းတွေလဲ အဆင်ပြေမည်။

တစ်ခုကောင်းတာ ကတော့ အဓိဌာန်ဝင်ခြင်း တွေ၊ စေတီတွေလှည့်ပြီး ပုတီး စိပ်တာမျိုးတွေကတော့ ဒီနေ့ရက်တွေမှာလုပ်ဆောင်မယ်ဆိုရင် အကျိုးထူး တတ်ပါတယ်။

စားဝတ်နေရေးပြေ လည်ဖို့ ငွေနောက်ပဲလိုက်ရမလား ။ပညာရမဲ့အလုပ်တွေပဲလုပ်ရမလားစသည်ဖြင့် တွေဝေဒွိဟ ဖြစ်ရတာတွေများ တတ်ပါတယ်။

အချစ်ရေး ကတော့ အကောင်းဘက်ကို များပါတယ်။ ချစ်လွန်းအားကြီးပြီး သဝန်တိုတဲ့ကိစ္စတွေ ပေါ်လာရင်တော့ ပြဿနာဖြစ်ရ တတ်ပါတယ်။

အိမ်ထောင်ရေးကတော့ အိမ်ထောင်ဘက်က အိမ်မကပ်တာမျိုး တွ ေရှိနေတတ်ပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီးတော့အထူးကောင်းတယ်။

အကျိုးပေးဂဏန်း 4/5/7 အထူးဟော စီးပွားကောင်းမည်။ယတြာ လက်ဖက်ရည်ဘုရားကပ်လှူလိုက်ပါ။

#အင်္ဂါ

ဒီကာလအတွင်းလုပ်ချင်တဲ့ကိစ္စတွေကို အချိန်ဇယားနဲ့လုပ်မရတတ်ပါ။ လူမှုရေးကိစ္စတွေကြောင့်နှောင့်နှေး ကြန့်ကြာရ တတ်ပါတယ်။

အန္တရာယ်နှင့် ယှဉ်ပြီး အမြတ်မြန်မြန်ပေါ်မည့် မှန်းဆလုပ်ကိုင် ရသော လုပ်ငန်းများကို ဝေးဝေးကရှောင်သင့် ပါတယ်။

ဥစ္စာဓန ယိုစိမ့်မှုများ ရှိနေသည်။ ဂရုစိုက်စေလိုပါသည်။ သင့်အား ဒုက္ခရောက် စေမည့် သို့မဟုတ် သူတစ်ပါးအား

ဒုက္ခရောက်စေမည့် ကိစ္စရပ်များကို ခိုင်းစေမည့်သူများ၏ သြဇာလောင်းရိပ်မှ လွတ်မြောက်ရန် ကြိုးစားပါ။ ရည်မှန်းချက်များ

လွဲချော်သွားတက် သောကြောင့် သင်၏အကြံအစည် စီမံကိန်းမျာကို အမြန်ဆုံးစတင် ဆောင်ရွက်စေလိုပါသည်။

ဖခင်ရဲ့ အလုပ် များ၊အထက်လူကြီးတွေရဲ့အလုပ်တွေကို ဝိုင်းကူပေးနေရ တတ်ပါတယ်။မိတ်ဆွေကောင်းထက်မိမိကိုမကောင်းတာတွေလုပ်ဖို့

တွန်းအားပေးနေသူတွေနဲ့ကြုံရတတ်ပါတယ်။ ကျန်းမာရေးကတော့ အနည်းငယ်အားနည်းပါတယ်။

မထင်မှတ်ဘဲရောဂါဝေဒနာ ကြီးသွားတတ်ပါတယ်။အချစ်ရေး ကံအား ကောင်းနေပါတယ်။ ချစ်သူစုံတွဲများ ပျော်ရွှင်ကြည်နူး ရမည့်ကာလဖြစ်ပါသည်။

အချစ်သစ်ရလွယ် တာမျိုးလဲဖြစ်တတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ အပြင်ပယောဂကြောင့်အိမ်ထောင်ဘက်နဲ့စကားများရ တတ် ပါတယ်။

လင်မယားချင်းနားလည်မှုရှိဖို့ အလွန်လိုအပ်ပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီးတော့လဲ အနည်းင

ယ်ပေါ့နေ တဲ့ သဘောရှိပါတယ်။ စာအပေါ်စိတ်နှစ်လို့မရတာလေးတွေရှိနေတတ်ပါတယ်။

အကျိုးပေးဂဏန်း 1/2/4 အထူးဟော စိတ်နဲ့လူနဲ့မကပ်သလိုဖြစ်နေတတ်ပါတယ်။ ယတြာ အကြော်စုံဘုရားကပ်ပါ။

#ဗုဒ္ဓဟူး/ရာဟု

ဒီကာလအတွင်းကုသိုလ်ကံသည် အကောင်းအဆိုးမျှတနေမည်။ စီးပွားရေးကိစ္စရပ်များ နှေးကွေးနေ၏။

ရံဖန်ရံခါ အဟန့်အတား ရှိနေသော်ငြားလည်း သင်သည်လုပ်ငန်းပြီးစီးအောင် ဆောင်ရွက်နိုင်ပါလိမ့်မည်။

ဥစ္စာဓနကံ တိုးတတ်လာပြီဖြစ် သော်လည်း အလွန်အကျွံမသုံးစွဲ မိရန်ဂရုစိုက်ပါ။ဝန်ထမ်းများတစ်နေ့လုပ်ရမယ့်အလုပ်ကို တစ်နေ့မလုပ်တာကြောင့် အလုပ်အကြွေးတွေများလာတတ်ပါတယ်။

ငွေချေးခြင်း၊အကြွေးတောင်းခြင်း၊ စုမဲစုခြင်း စတဲ့ ငွေကြေးဆိုင်ရာကိစ္စများရှောင် ရှားသင့်တဲ့ကာလပါပဲ။

အလုပ်နေရာပြောင်းရွေ့ရတာမျိုးတွေ၊နယ်မှာ ယာယီ တာဝန်ထမ်းဆောင်ရတာမျိုးတွေလဲကြုံရတတ်တဲ့ ကာလပါပဲ။

အိမ်တွင်းရေးအပူများတဲ့အတွက် အိမ်မှာမနေချင် သလို မျိုးဖြစ်နေတတ်ပါတယ်။

အချစ်ရေးမှာတော့ သင်၏ စိတ်ကြိုက် တွေ့ရှိပါက ချစ်ရေးဆိုရန် အချိန်ရောက်ရှိ နေပါပြီ။ အချိန်ဆွဲနေရင်သူများနောက်ပါသွားတတ်ပါတယ်။

စီးပွားရေး ဆိုင်ရာအစည်းအဝေးများကတော့ ရလဒ် ကောင်း ထွက်လာဖို့ခက်ခဲတဲ့ကာလပါပဲ။

အလုပ်ပိုတွေရှိနေရင်ခဏမေ့ထားပြီးတော့ ပင်မအရေးကြီးတာတွေ ကို ဦးစားပေး လုပ်ကြည့်လိုက်ပါ။

ကျန်းမာရေးအဘက်ဘက်က အားနည်းနေနိုင်တာကိုတွေ့ရတယ်။ အိမ်ထောင်ရေး အနည်းငယ် ပူပန်ရ တတ်ပါတယ်။

သောက်စားတတ် တဲ့အိမ်ထောင်ဘက်ရထားသူဆိုပိုဆိုးပါတယ်။ပညာရေး ကတော့ ဆိတ်ငြိ မ်အေးချမ်းတဲ့နေရာတွေမှာ စာလုပ်စေချင်ပါတယ်။

အကျိုးပေးဂဏန်း 2/6/7 အထူးဟော စိတ်ညစ်စရာများနေမည် ယတြာ သကြားဖြူးထားတဲ့မုန့်တစ်မျိုးမျိုးဘုရားကပ်ပါ။

#ကြာသပတေး

ဒီကာလအတွင်းသင်၏လုပ်ငန်း (သို့မဟုတ်) အလုပ်အကိုင်တွင် ပြဿနာအသေးအမွှားလေးတွေပဲ ဖြစ်ပေါ်နေပါမည်။

ထို့အပြင်လူမှုရေးပြဿနာတွေကိုလဲမိမိက ကြားဝင်ဖြေရှင်းရမည်။ ကိုယ်ရေးကိုယ်တာပြဿနာ များလည်း ရှိနေပါသည်။

လုပ်ငန်းရှင်များစီးပွားရေးကောင်းပေမယ့်ဈေးကွက်သည် အေးနေပါသည်။မိမိ စျေးကွက်ကိုလှုပ်နိုးနိုင်သူတွေအကျိုး အမြတ် ကြီးပါလိမ့်မယ်။

ရင်းနှီးမှုမှ အမြတ်အစွန်းများသည်လည်း အားရစရာကောင်းနေတတ်ပါတယ်။ ထိုအခြေအနေတွင် ရင်းနှီးမြှပ် နှံမှုတွေကို မိမိစိတ်ကူးအတိုင်းလုပ်ပါ။

စိတ်ထဲလိုချင်တာတွေကိုကောင်းစွာအကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။စက်ပစ္စည်း လျှပ်စစ်ပစ္စည်းများဝယ်ယူလို့ကောင်းတဲ့ကာလပါပဲ။

အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကို ချမှတ်လို့ကောင်းတဲ့ကာလပါပဲ။ လုပ်ဖော်ကိုင်ဖက်များ အထက်အရာရှိများနှင့် ပိုမို၍ဆက်သွယ်မှုများပါစေ။

ချစ်သူစုံတွဲများ အတူတူပျော်ရွှင်ချိန်များပေးပါ။ အလုပ်ကြောင့် ချစ်သူကိုဥပေက္ခာပြုထားသလိုဖြစ်နေတတ်ပါတယ်။

ကျန်းမာရေးဒေါင်ဒေါင်မြည်ကောင်းနေတတ်ပါတယ်။ ဆေးစတင်မှီဝဲခြင်းတွေ၊ ဆေးစစ်ခြင်းတွေဆောင်ရွက်လို့ကောင်းတဲ့နေ့ရက်တွေဖြစ်ပါတယ်။

အိမ်ထောင်ရေးအဆင်ပြေသာ ယာမဲ့နေ့ရက်တွေပဲဖြစ်ပါတယ်။ပညာရေးကတော့ စာမေးပွဲကံအင်တာဗျူးကံအားကောင်းနေတာမျိုးတွေ့ရပါတယ်။

စာမေးပွဲ မှာရလဒ်ကောင်းမဲ့နေ့ရက်တွေပါပဲ။ အကျိုးပေးဂဏန်း 1/3/7 အထူးဟော ကံမြင့်မားနေပါတယ်။ ယတြာ နို့ဆီတစ်ဗူး ရဟန်းတစ်ပါးကိုလောင်းလှူလိုက်ပါ။

#သောကြာ

ဒီကာလအတွင်းစန်းအားကောင်းနေသဖြင့် လူချစ်လူခင်များခြင်းတွေ၊ကူညီမဲ့သူပေါများခြင်းတွေ ကြုံတွေ့ရတတ် ပါတယ်။

အလှူမင်္ဂလာများမိသားစုအတွင်းကြုံရတတ်ပါတယ်။ ရွှေငွေလက်ဝတ်ရတနာများဝယ်မယ်ဆိုရင်လဲဒီကာလမှာဝယ် ယူလို့အလွန်ကောင်းပါတယ်။

မိသားစုအတွင်း ဆိုးတဲ့သူတစ်ဦးကြောင့် အားလုံးစိတ်ဆင်းရဲရတတ်ပါတယ်။

မိမိလိုချင်နေ တဲ့အရာတွေကိုလဲ မိမိချစ်ခင်ရသူတွေကလက်ဆောင်ပေးတာမျိုးတွေကြုံရတတ်ပါတယ်။

ရန်အနှောက်အယှက်နှင့်အမှုအခင်း ရှိနေသူများဒီအပတ်အတွင်းကောင်းစွာဖြေရှင်းနိုင်ပါလိမ့်မယ်။

ဝန်ထမ်းသစ်ခန့်အပ်ခြင်းများဒီကာလမှာဆောင်ရွက်နိုင်ပါတယ်။ ဖခင်ထံကနေအကူအညီကောင်းတွေလဲရလာတတ်ပါတယ်။

လိုချင်နေတဲ့ငွေကြေးအကူအညီတွေကိုလဲ ရလွယ်ပါတယ်။ အာရုံ ကြောနှင့်ဆိုင်သော ဝေဒနာများ၊ သွေးသားနှင့်ဆိုင်သော ဝေဒနာများ ခံစားရတတ်သည်။

အမဲသား၊ ဝက်သားရှောင်ပါ။ မိမိ ဆန္ဒနှင့် အလုပ်ထွက်/ပြောင်းခြင်း မကောင်းသေးပါ။ ခေါင်းလျှော်တာကအစဒီကာလမှာသတိထားပြီး ရှောင်သင့်သည်။

ခရီးဝေး သွားကိန်း မကောင်းသေးပါ။ မဖြစ်မနေ သွားမည်ဆိုပါက တနင်္လာနှင့် သောကြာနေ့ရှောင်ပြီးသွားပါ။အချစ်ရေးကံကောင်းနေ တတ်ပါတယ်။

အဆင်မပြေတဲ့ ချစ်သူတွေပြန်ပြေလည်မယ့်နေ့ရက်တွေပါပဲ။ ပညာရေးနဲ့ပတ်သက်ပြီးအားနည်းချက်တွေကို အကောင်းဆုံးဖြစ်အောင်ပြုပြင်နိုင်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း 1/2/4 အထူးဟော စိတ်ချမ်းသာစရာများပါလိမ့်မယ်ယတြာ လက်ကိုင်ပဝါတစ်ထည် မိတ်ဆွေတစ်ဦးကိုလက်ဆောင်ပေးလိုက်ပါ။

#စနေ

ဒီကာလအတွင်းအပျော်အပါး အရှုပ်အထွေးကိစ္စရှောင်ပါ။ ဘာသာရေးအဓိဌာန်တစ်ခု မပျက်မကွက် ဆောင်ရွက်ပါ။

ကျန်းမာရေးအားနည်းနေမည်။သွေးတိုး၊ နှလုံး၊ အာရုံကြောနှင့်ဆိုင်သော ဝေဒနာ၊ ဆီးချိုဝေဒနာ ခံစားရတတ်သည်။

ပြည်တွင်း၊ ပြည်ပခရီးဝေးသွားပါက အင်္ဂါနှင့် သောကြာနေ့ရှောင်သွားပါ။ အင်္ဂါနံ၊ သောကြာနံပါသော အမည်ပိုင်ရှင် များနှင့် စကားများရမည်။

ရေလုပ်ငန်း၊ ငါးလုပ်ငန်း၊ အဖျော်ယမကာလုပ်ငန်း၊ ရေသန့်ဘူး၊ လျှပ်စစ် ပစ္စည်းများ၊ ယပ်တောင်၊

ယွန်းထည်ပစ္စည်းများ၊ ဝါး၊ ဝက်၊ အလှကုန်ပစ္စည်းများ အရောင်းအဝယ် အဆင်ပြေမည်။ငွေကြေးလက်မလွန်ပါစေနဲ့။

လက်လွန် သွားရင်ဆုံးတတ်ပါတယ်။ငွေအပေးအယူကိစ္စများ ပြီးစလွယ်မလုပ်ပါနဲ့။စာချုပ်နဲ့သေချာဆောင်ရွက်မှစိတ်ချရပါလိမ့်မယ်။

လက်ကားစီးပွားရေးများ ရောင်းမထွက်တဲ့ပစ္စည်းတွေကိုလှောင်မိတတ်ပါတယ်။ ဒါကြောင့် ငွေအချိန်အတော်ကြာမြုပ်သွား တတ်ပါတယ်။

အချစ်ရေးမှာတော့ ဝေးနေတဲ့ချစ်သူတွေအဆင်ပြေပေမယ့် နီးနေတဲ့ ချစ်သူတွေ၊အလုပ်တူလို့နေတိုင်းမြင်နေရ တဲ့ချစ်သူစုံတွဲတွေကတော့

အဆင်မပြေဖြစ်လွယ်ပါတယ်။အိမ်ထောင်ရေးမှာတော့ စိတ်ညစ်စရာနည်းပါလိမ့်မယ်။

မိသားစု အေးချမ်းသာယာမှုတွေရှိနေတတ်ပါတယ်။ မိသားစုစီးပွားရေးများကောင်းနေတတ်ပါတယ်။

ပညာရေးအားအနည်းဆုံးပါပဲ။ မိမိ ကိုယ်တိုင်ဉာဏ်ဝီရိယထည့်နိုင်မှအဆင်ပြေလိမ့်မယ်။

အကျိုးပေးဂဏန်း ၃/၉/၂အထူးဟော ကံအင်အားနည်းနေမည်။ ယတြာ လုပ်ကိုင်ဆောင်ရွက်သမျှ ဘုရားရှင်ကိုဦးထိပ်ပန်ပြီးမှဆောင်ရွက်ပါ။

၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09 77 5555 695 , 09 44 5555 695


Leave a Reply

Your email address will not be published.