မူးယစ္ရမ္းကားသည့္ သားျဖစ္သူမွ အေဖျဖစ္သူအား ျပႆနာရွာသျဖင့္ ျပန္လည္ခုခံရာမွ အနီးနားရွိ… See more

Zawgyi

မူးယစ္ရမ္းကားသည့္ သားျဖစ္သူမွ အေဖျဖစ္သူအား ျပႆနာရွာသျဖင့္ ျပန္လည္ခုခံရာမွ အနီးနားရွိ… See more

ၿမိတ္ၿမိဳ႕၊ အလယ္ကြ်န္းနယ္ေျမ၊ ပါရမီ ၂ ရပ္ကြက္တြင္ သားျဖစ္သူမွ အေဖျဖစ္သူ၏ အသက္အားရန္ရွာသျဖင့္ ျပန္လည္ခုခံရာ သားျဖစ္သူေသဆံုးသြားေၾကာင္း သိရပါတယ္။

ပါရမီ ၂ ရပ္၊အဏၰဝါလမ္းသြယ္ ရွိ ဦးစိုးလြင္(ခ)ဦးအာလစ္ ေနအိမ္အေပၚထပ္တြင္ရွိေနစဥ္ ေနအိမ္ေအာက္ထပ္တြင္ရွိသည့္သားျဖစ္သူ ေအးနိုင္(ခ)မတ္ရွာဖီက ေနအိမ္ေအာက္ထပ္မွာရွိတဲ့ ပရိေဘာဂတခ်ိဳ႕ကို ဖ်က္ဆီး ၿပီး ကေလးမ်ားအား ရိုက္နွက္ေနတာေၾကာင့္

ဦးစိုးလြင္မွ ကေလးမ်ားကိုမရိုက္နွက္ရန္ေျပာဆိုဆံုးမစဥ္ ေအးနိုင္(ခ)မတ္ရွာဖီမွ ၎ေနထိုင္သည့္ အိမ္အေပၚထပ္သို႔ တက္ကာ ဆဲဆိုႀကိမ္းေမာင္းၿပီး ဓါးရွည္ျဖင့္ခုတ္ရန္ျပဳတာေၾကာင့္ ဦးစိုးလြင္(ခ)ဦးအာလစ္မွ အနီးရွိ တံခါးမင္းတံုးျဖင့္

ရိုက္ခဲ့ေၾကာင္းသိရပါတယ္။တံခါးမင္းတံုးျဖင့္အရိုက္ခံရသူ ေအးနိုင္(ခ)မတ္ရွာဖီတြင္ ဝဲဘက္ဦးေခါင္းေနာက္ေစ့ဖူးေရာင္ေပါက္ၿပဲဒဏ္ရာ၊ဝဲဘက္ပါးျပင္ညိဳမဲဒဏ္ရာနွင့္ ဝဲဘက္နားေသြးထြက္ဒဏ္ရာ(သတိေမ့-စိုးရိမ္ရ)ျဖင့္ ခ်မ္းေျမ႕က်န္းမာေရးအေထာက္အကူျပဳယာဥ္ျဖင့္

ၿမိတ္ျပည္သူ႔ေဆးရံုသို႔ပိုေဆာင္စဥ္ ရရွိဒဏ္ရာျဖင့္ေသဆံုးသြားေၾကာင္းသိရပါတယ္။ျဖစ္စဥ္နွင့္ပတ္သက္ၿပီး တံခါးမင္းတံုးျဖင့္ရိုက္နွက္သူ ဦးစိုးလြင္(ခ)ဦးအာလစ္ (၇၁)နွစ္၊ အား ၿမိတ္ၿမိဳ႕မ ရဲစခန္းမွ အေရးယူထားေၾကာင္းသိရပါတယ္။

ျမတ္ထြဋ္ (ၿမိတ္)

Unicode

မူးယစ်ရမ်းကားသည့် သားဖြစ်သူမှ အဖေဖြစ်သူအား ပြဿနာရှာသဖြင့် ပြန်လည်ခုခံရာမှ အနီးနားရှိ… See more

မြိတ်မြို့၊ အလယ်ကျွန်းနယ်မြေ၊ ပါရမီ ၂ ရပ်ကွက်တွင် သားဖြစ်သူမှ အဖေဖြစ်သူ၏ အသက်အားရန်ရှာသဖြင့် ပြန်လည်ခုခံရာ သားဖြစ်သူသေဆုံးသွားကြောင်း သိရပါတယ်။

ပါရမီ ၂ ရပ်၊အဏ္ဏဝါလမ်းသွယ် ရှိ ဦးစိုးလွင်(ခ)ဦးအာလစ် နေအိမ်အပေါ်ထပ်တွင်ရှိနေစဉ် နေအိမ်အောက်ထပ်တွင်ရှိသည့်သားဖြစ်သူ အေးနိုင်(ခ)မတ်ရှာဖီက နေအိမ်အောက်ထပ်မှာရှိတဲ့ ပရိဘောဂတချို့ကို ဖျက်ဆီး ပြီး ကလေးများအား ရိုက်နှက်နေတာကြောင့်

ဦးစိုးလွင်မှ ကလေးများကိုမရိုက်နှက်ရန်ပြောဆိုဆုံးမစဉ် အေးနိုင်(ခ)မတ်ရှာဖီမှ ၎င်းနေထိုင်သည့် အိမ်အပေါ်ထပ်သို့ တက်ကာ ဆဲဆိုကြိမ်းမောင်းပြီး ဓါးရှည်ဖြင့်ခုတ်ရန်ပြုတာကြောင့် ဦးစိုးလွင်(ခ)ဦးအာလစ်မှ အနီးရှိ တံခါးမင်းတုံးဖြင့်

ရိုက်ခဲ့ကြောင်းသိရပါတယ်။တံခါးမင်းတုံးဖြင့်အရိုက်ခံရသူ အေးနိုင်(ခ)မတ်ရှာဖီတွင် ဝဲဘက်ဦးခေါင်းနောက်စေ့ဖူးရောင်ပေါက်ပြဲဒဏ်ရာ၊ဝဲဘက်ပါးပြင်ညိုမဲဒဏ်ရာနှင့် ဝဲဘက်နားသွေးထွက်ဒဏ်ရာ(သတိမေ့-စိုးရိမ်ရ)ဖြင့် ချမ်းမြေ့ကျန်းမာရေးအထောက်အကူပြုယာဉ်ဖြင့်

မြိတ်ပြည်သူ့ဆေးရုံသို့ပိုဆောင်စဉ် ရရှိဒဏ်ရာဖြင့်သေဆုံးသွားကြောင်းသိရပါတယ်။ဖြစ်စဉ်နှင့်ပတ်သက်ပြီး တံခါးမင်းတုံးဖြင့်ရိုက်နှက်သူ ဦးစိုးလွင်(ခ)ဦးအာလစ် (၇၁)နှစ်၊ အား မြိတ်မြို့မ ရဲစခန်းမှ အရေးယူထားကြောင်းသိရပါတယ်။

မြတ်ထွဋ် (မြိတ်)

Crd

Leave a Reply

Your email address will not be published.