ဇေယျာသော်နောက်ဆုံးသီဆိုသွားတဲ့သီချင်းထုတ်လွှင့်၊ ရရှိလာသည့်ငွေများကို တော်လှန်ရေးအတွက်အသုံးပြုသွားမည်ဟု ရန်ရန်ချမ်းပြော

ဆဏ်း/People’s Spring

အကြမ်းဖက်စစ်ကောင်စီ၏ မတရားသေဒဏ်ပြစ်ဒဏ်စီရင်ခံခဲ့ရသည့် ဇေယျာသော် နောက်ဆုံးသီဆိုသွားသည့် သီချင်းကို We Click ယူကျူ့၌ တင်ထားပြီး ယင်းသီချင်းမှရရှိလာသည့်ငွေများကို တော်လှန်ရေးအတွက်အသုံးပြုမည်ဟု ရန်ရန်ချန်းက အသိပေးထားသည်။

“ဒီသီချင်းလေးဟာ ဇေယျာသော်နောက်ဆုံးဆိုသွားတဲ့သီချင်းလေးဖြစ်ပါတယ်။ အမှန်ကဒီသီချင်းလေးမှာ တစ်ခြားသူငယ်ချင်းတွေပါပါသေးတယ်။

အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့သုံးယောက်ပဲပါနိုင်ခဲ့ပါတယ်။ တိုင်းပြည်အခြေအနေကြောင့် ကျွန်တော်တို့မထုတ်တော့ဘူးလို့ဆုံးဖြတ်ခဲ့ကြပေမယ့် ဒီအချိန်ဟာထုတ်ဖို့အသင့်ဆုံးလို့ ယူစရာရော ၊ ဒီသီချင်းလေးကို ဝိုင်းclick ရာကရတဲ့ငွေတွေကို တော်လှန်ရေးအတွက်အသုံးပြုချင်တာရောကြောင့် ထုတ်ဖြစ်ခဲ့ပါတယ်။ ” ဟု ရန်ရန်ချန်းက ရေးသားထားသည်။

သီချင်း၏အမည်မှာ ‘ငါတို့ဒဏ္ဍာရီ’ ဖြစ်ပြီး ဇေယျာသော် ၊ရန်ရန်ချန်း နှင့် R ဇာနည်တို့က သီဆိုထားသည်။

သီချင်းဖြန့်ချိသည့် ဇူလိုင် ၂၅ သည် Acid အဖွဲ့၏ ၂၂ နှစ်မြောက် နှစ်ပတ်လည်နေ့လည်းဖြစ်သည်။

ယင်းသီချင်းကို We Click ယူကျူ့ချန်နယ်၌ ည ၉နာရီခွဲတွင်တင်ပေးမည်ဟု ကြေညာခဲ့သော်လည်း ယူကျူ့ဘက်က စီစစ်နေသောကြောင့်ဟုဆိုကာ အချိန်၁နာရီခန့်နောက်ကျ၍ တင်ခဲ့ရသည်။

ယင်းသီချင်း၏နောက်ဆုံးတွင် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများပြုလုပ်သည့် အချိန်က ဇေယျာသော်၏ အင်တာဗျူးကိုလည်း ထည့်ပေးထားသည်။

ယင်းသီချင်းကိုနားထောင်၍ ပရိသတ်များက ဇေယျာသော်ကိုသတိရကြောင်း နှင့် ၎င်းတို့၏ စိတ်ထဲတွင် အမြဲရှိနေမည့် သူရဲကောင်းတစ်ဦးဖြစ်ကြောင်း မှတ်ချက်ပေးထားကြသည်။

ယင်းသီချင်းကို ကြည့်ရှုလိုသူများအနေဖြင့်
https://youtube.com/c/WECLICK2 တွင်ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။

ဗီဒီယိုဖိုင်တင်ထားသည့် နှစ်နာရီကျော် အချိန်အတွင်း ဝင်ရောက်ကြည့်ရှု့သူ ငါးသောင်းကျော်ရှိသည်။

ဇေယျာသော်နောက်ဆုံးသီဆိုသွာတဲ့သီချင်းထုတ်လွှင့်၊ ရရှိလာသည့်ငွေများကို တော်လှန်ရေးအတွက်အသုံးပြုသွားမည်ဟု ရန်ရန်ချမ်းပြော
ဆဏ်း/People’s Spring

အကြမ်းဖက်စစ်ကောင်စီ၏ မတရားသေဒဏ်ပြစ်ဒဏ်စီရင်ခံခဲ့ရသည့် ဇေယျာသော် နောက်ဆုံးသီဆိုသွားသည့် သီချင်းကို We Click ယူကျူ့၌ တင်ထားပြီး ယင်းသီချင်းမှရရှိလာသည့်ငွေများကို တော်လှန်ရေးအတွက်အသုံးပြုမည်ဟု ရန်ရန်ချန်းက အသိပေးထားသည်။

“ဒီသီချင်းလေးဟာ ဇေယျာသော်နောက်ဆုံးဆိုသွားတဲ့သီချင်းလေးဖြစ်ပါတယ်။ အမှန်ကဒီသီချင်းလေးမှာ တစ်ခြားသူငယ်ချင်းတွေပါပါသေးတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့သုံးယောက်ပဲပါနိုင်ခဲ့ပါတယ်။ တိုင်းပြည်အခြေအနေကြောင့် ကျွန်တော်တို့မထုတ်တော့ဘူးလို့ဆုံးဖြတ်ခဲ့ကြပေမယ့် ဒီအချိန်ဟာထုတ်ဖို့အသင့်ဆုံးလို့ ယူစရာရော ၊ ဒီသီချင်းလေးကို ဝိုင်းclick ရာကရတဲ့ငွေတွေကို တော်လှန်ရေးအတွက်အသုံးပြုချင်တာရောကြောင့် ထုတ်ဖြစ်ခဲ့ပါတယ်။ ” ဟု ရန်ရန်ချန်းက ရေးသားထားသည်။

သီချင်း၏အမည်မှာ ‘ငါတို့ဒဏ္ဍာရီ’ ဖြစ်ပြီး ဇေယျာသော် ၊ရန်ရန်ချန်း နှင့် R ဇာနည်တို့က သီဆိုထားသည်။

သီချင်းဖြန့်ချိသည့် ဇူလိုင် ၂၅ သည် Acid အဖွဲ့၏ ၂၂ နှစ်မြောက် နှစ်ပတ်လည်နေ့လည်းဖြစ်သည်။

ယင်းသီချင်းကို We Click ယူကျူ့ချန်နယ်၌ ည ၉နာရီခွဲတွင်တင်ပေးမည်ဟု ကြေညာခဲ့သော်လည်း ယူကျူ့ဘက်က စီစစ်နေသောကြောင့်ဟုဆိုကာ အချိန်၁နာရီခန့်နောက်ကျ၍ တင်ခဲ့ရသည်။

ယင်းသီချင်း၏နောက်ဆုံးတွင် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများပြုလုပ်သည့် အချိန်က ဇေယျာသော်၏ အင်တာဗျူးကိုလည်း ထည့်ပေးထားသည်။

ယင်းသီချင်းကိုနားထောင်၍ ပရိသတ်များက ဇေယျာသော်ကိုသတိရကြောင်း နှင့် ၎င်းတို့၏ စိတ်ထဲတွင် အမြဲရှိနေမည့် သူရဲကောင်းတစ်ဦးဖြစ်ကြောင်း မှတ်ချက်ပေးထားကြသည်။

ယင်းသီချင်းကို ကြည့်ရှုလိုသူများအနေဖြင့်
https://youtube.com/c/WECLICK2 တွင်ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။

ဗီဒီယိုဖိုင်တင်ထားသည့် နှစ်နာရီကျော် အချိန်အတွင်း ဝင်ရောက်ကြည့်ရှု့သူ ငါးသောင်းကျော်ရှိသည်။

Leave a Reply

Your email address will not be published.