လတ်တလော ဖေ့ဖွတ်မှာ ရေပန်းစားနေတဲ့ (၈)တန်းကျောင်းသူလေး
ငယ်ငယ်ရွယ်ရွယ်နဲ့ ဖေ့ဖွတ်ဆယ်လီ ဖြစ်တာတော့ ဟုတ်ပါပီ။
ပညာသင်နေတဲ့အချိန်မှာ မိဘတွေအနေနဲ့ ကိုယ့်ခလေးကို ဖုန်းပေးမသုံးသင့်ဖူးလို့ထင်ပါတယ်။
မိန်းခလေးဖြစ်နေတာကတစ်ကြောင်း ၊ အသက်ငယ်သေးတာကတစ်ကြောင်းပေါ့။
ဖေ့ဖွတ်ဆိုတာ သိတဲ့အတိုင်းပဲ။ ကောင်းတဲ့သူရော ၊ မကောင်းတဲ့သူရော အစုံရှိတဲ့နေရာ။
မဟုတ်မဟတ် အကုန်ကြည့်လို့ရတဲ့နေရာ။
ကျောင်းပညာက မပီးသေးဖူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ လင်နောက်လိုက်သွားမှဖြင့် မိဘတွေပဲရင်ကျိုးရမှာ။
ခုတစ်လော တွေ့နေရတာတွေက အသက် ၁၃ ၊ ၁၄ နှစ်နဲ့ ယောက်ျားနောက်လိုက်ပြေးတာတွေ များလာတယ်။
အဲ့ဒါ မိဘအုပ်ထိန်းသူတွေ ညံ့လို့ပဲလို့ ထင်ပါတယ်။
လိုင်းပေါ်မှာ မဖော်သင့်တာတွေဖော်ပြ၊ မသုံးနှုန်းသင့်တဲ့ ကြမ်းတမ်းတဲ့ စကားလုံးတွေရေးတင်။
တင်တဲ့ပို့အောက်က မန့်တေမှာလဲ မကြားဝံ့မနာသာ စကားလုံးတွေ… ။ အစုံပါပဲ။
တစ်ခုပြောချင်တာကတော့… ကိုယ့်ခလေးငယ်ငယ်လေးတွေကို ဖုန်းပေးမသုံးကြပါနဲ့အူး။
ပေးသုံးတောင်မှ ဂိမ်းဆော့ယုံလောက်ဆို တော်ပီပေါ့။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။
Zawgyi
Leave a Reply
Your email address will not be published.