” မင်္ဂလာဆောင်ဖို့ ရက်ပိုင်းအလိုမှာ သူငယ်ချင်းဆီ ဖိတ်စာသွားဖိတ်ရာမှ အဖြစ်ဆိုးကြုံခဲ့ရတဲ့ သတို့သားတစ်ဦး ”

Zawgyi

” မင်္ဂလာဆောင်ဖို့ ရက်ပိုင်းအလိုမှာ သူငယ်ချင်းဆီ ဖိတ်စာသွားဖိတ်ရာမှ အဖြစ်ဆိုးကြုံခဲ့ရတဲ့ သတို့သားတစ်ဦး ”

မန္တလေးတိုင်းဒေသကြီး၊စဥ့်ကူးမြို့နယ် လက်ပန်လှကျေးရွာအုပ်စုနေထိုင်သူ အသက်၂၀ ဝန်းကျင် ကိုကျော်ကျော်မျိုးဆိုသူ အမျိုးသားတစ်ဦး သေန တ်ကျည်ထိမှန်ပြီး နေရာမှာတင် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။ကိုကျော်ကျော်မျိုးနဲ့ သူငယ်ချင်းဖြစ်သူတို့ဟာ

စစ်ကောင်စီတပ်စွဲထားရာ လက်ပန်လှ အထက ကျောင်းအနီး ဖြတ်သွားစဉ် သေနတ်နဲ့ လှမ်းပစ်ခတ်ခံရပြီး ကျည်ထိမှန် သေဆုံးခဲ့ရတာလို့ မျက်မြင်တွေ့သူအချို့က ပြောပါတယ်။” ဖြစ်တာက ည ၈နာရီ ၅၀ လောက်မှာ။ ကျွန်မအကိုက အဲနားကအဆောက်အအုံတစ်ခုရဲ့ အပေါ်ထပ်ကနေ ချောင်းကြည့်ပြီ

မြင်လိုက်ရတာ။ ဆိုင်ကယ်ဖြတ်သွားတာကို ဒီတို င်းပစ်လိုက်တာ။ သေနတ်သံလေးချက်လို့ ပြောတယ်။ တစ်ယောက်ကတော့ ဖြစ်ဖြစ်ချင်း သေသွားတာဖြစ်မယ်၊ ဆွဲသွားတယ်၊ သွေးတွေကိုတော့ သဲနဲ့ဖုံးသွားတယ် ” လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြန်ပြောပြပါတယ် ။သူတို့ဟာ မင်္ဂလ ာဆောင်ဖိတ်စာ ဝေအပြီး အပြန်မှာ

အခုလို အပစ်ခံရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ စစ်ကော င်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။အလားတူ ‌မော်လမြိုင်မြို့မှာလည်း စစ်တပ်နဲ့ ရဲတို့ စစ်ဆေးရေးလုပ်နေစဉ်မှာ

ဆိုင်ကယ်ရပ်မပေးတဲ့ လူငယ်နှစ်ဦး သေနတ်နဲ့ ပ စ်ခံရပြီး သေဆုံးခဲ့ပါတယ်။လက်ပန်လှ ပစ်ခတ်မှုကြောင့်သေဆုံးခဲ့ရသူ ကိုကျော်ကျော်မျိုးဟာ စဥ့်ကူးမြို့နယ် လက်ပန်လှကျေးရွာအုပ်စုနေထိုင်သူ ဖြစ်ပြီး

မင်္ဂလာဆောင်မှာဖြစ်လို့ ဖိတ်စာသွားပို့ရင်း အပြန်မှာပစ်ခတ်ခံလိုက်ရတာလို့ ဒေသခံတွေက ပြောပါတယ် ။လက်ရှိမှာ သေဆုံးသူရုပ်အလောင်းကို ပြ န်ရထားပြီး မင်္ဂလာဆောင်မှာ ဝတ်မယ့်သတို့သားဝတ်စုံကို ရုပ်အလောင်းမှာပဲ လွှမ်းထားလိုက်ရပြီလို့လည်း ဒေသခံကပြောပြပါတယ်။

Credit

Unicode








Credit

Leave a Reply

Your email address will not be published.