ရည်းစားဖြစ်သူအား ချိန်းဆိုပြီး ပိုက်ဆံလို၍ဆိုကာ နားကပ်ချွတ်ယူပြီး တယ်လီဖုန်းအားသွင်းကြိုးဖြင့် ချည်နှောင်၍…

ရည်းစားဖြစ်သူအား ချိန်းဆိုပြီး ပိုက်ဆံလို၍ဆိုကာ နားကပ်ချွတ်ယူပြီး တယ်လီဖုန်းအားသွင်းကြိုးဖြင့် ချည်နှောင်၍…

တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်ခရိုင်၊ လေ ာင်းလုံးမြို့ နယ်၊ ကမြောကင်းတံတားပေါ်တွင် ရည်းစားဖြစ်သူမှ ချိန်းဆို၍ သွားရောက်ရာ ဓားဖြင့်ခြိမ်းခြောက်၍ နားကပ်ချွတ်ယူပြီး ကြိုးဖြင့်

လက်နောက်ပြန်တုတ်ကာ တံတားပေါ်မှ ထားဝယ်မြစ်အတွင်းသို့ ပစ်ချမှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရှိသည်။ဖြစ်စဉ်မှာယမန်နေ့ ညနေ ၆ နာရီ ၄၀ မိနစ်တွင် မကေကေခိုင် ၁၉ နှစ်၊ (ဘ) ဦးအောင်သိန်း၊ ထားဝယ်တက္ကသိုလ် ၊ ပထမနှစ် ပထ၀ီကျောင်းသူ သည်

လောင်းလုံးမြို့ နယ်၊ ကမြောကင်းကျေးရွာရှိ သီ ရိဇေယျာဝင်း ဘော်ဒါဆောင်၌ရှိနေစဉ် လောင်းလုံးမြို့ နယ်၊ သဗျာကျေးရွာနေ မြတ်သူအောင် (ခ) နေထက်လင်း၊ အသက် (၁၉)နှစ်၊ (ဘ) ဦးမောင်ဝင်း က ကမြောကင်း တံတားထိပ်ရှိ ဘုရားသို့

လာရောက်ရန် ချိန်းဆိုခဲ့သည်။တံတားအရောက်တွင် မြတ်သူအောင် (ခ) နေထက်လင်း က ဆိုင်ကယ်ဖြင့် စိုက်ပျိုးရေးပန်းခြံဘက်သို့ သွာ းရေ ာက် စကားပြောပြီး တံတားသို့ ဆိုင်ကယ်ဖြင့် ပြန်လာရာ ထားဝယ်မြို့ ဝင်/ထွက် ဆိုင်းဘုတ်အနီး တံတားပေါ် အရောက်တွင်

ဆိုင်ကယ်ထိုင်ခုံအောက် အံခွက်အတွင်းမှ ဓား မြှောင်ကိုထုတ်ယူကာ မကေကေခိုင် ၀တ်ဆင်ထားသော နားကပ်ကို ချွတ်ပေးရန် ခြိမ်းခြောက် တောင်းယူသည်။မကေကေခိုင် က နားကပ်ကို ချွတ်ပေးလိုက်ရာ မြတ်သူအောင် (ခ) နေထက်လင်း က နားကပ်ကို ၀တ်ဆင်ပြီးနောက်

၄င်းနှင့်ပါလာသော တယ်လီဖုန်းအားသွင်းကြိုးဖြင့် နောက်ပြန်ချည်နှောင်၍ ပွေ့ ချီကာ ကမြောကင်း တံတားပေါ်မှ ထားဝယ်မြစ်အတွင်းသို့ ပစ်ချလိုက်သည်။မကေကေခိုင် ရေထဲအရောက်တွင် နှောက်ပြန်တုတ်ထားသောကြိုးမှာ

ပြုတ်ထွက်သွားပြီး ရေကူးခတ်နေစဉ် သဲစုတ်လှေတစ်စီးရှိသူများမှ မကေကေခိုင်အား ဆယ်ယူကာ ၄င်း၏မိဘနှင့် ဆက်သွယ်ပေးခဲ့သည်။မကေကေခိုင် က ၄င်း၏ နားကပ်အား ဓားပြ ခြိမ်းခြောက်တောင်းယူကာ လက်နှောက်ပြန် ကြိုးတုတ်ပြီး

ရေထဲသို့ ပစ်ချသူ မြတ်သူအောင် (ခ) နေထက်လင်း အပေါ် ဥပဒေအရ အရေးယူပေးပါရန် တိုင်းတန်းသဖြင့် ထားဝယ်မြို့ မရဲစခန်းမှ အမှုဖွင့်လှစ်၍ ဒုတိယရဲအုပ်သိန်းဇော် မှ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

#Credit

Leave a Reply

Your email address will not be published.