အစာအိမ်ကို ထိခိုက်စေတဲ့ နေ့စဉ်အမူအကျင့် (၇) ခု

အစာအိမ်ကို ထိခိုက်စေတဲ့ နေ့စဉ်အမူအကျင့် (၇) ခု

တစ်ကိုယ်လုံး ကျန်းမာရေးကောင်းဖို့အတွက် အစာအိမ်ကျန်းမာရေး ကောင်းနေဖို့ လိုပါတယ်။ ဒါပေမယ့် သတိမထားမိဘဲ လုပ်မိတဲ့ အချို့အမူအကျင့်တွေကြောင့် အစာအိမ်ကျန်းမာရေးက ယိုယွင်းလာပါတယ်။ အစာအိမ်ကျန်းမာရေးကို ဘယ်လိုအချက်တွေကို ထိခိုက်စေသလဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ အစာမရှိသေးခင် လိမ္မော်ရည်သောက်ခြင်း

သင်က မနက်အိပ်ရာထပြီး ဗိုက်ထဲ အစာမရှိသေးခင်မှာ လိမ္မော်ရည်ကို သောက်ဖို့ မရွေးသင့်ပါဘူး။ ဗိုက်ထဲ အစာမရှိသေးခင် citrus acid ပါတဲ့အသီးတွေကို စားတာက အစာအိမ်ထဲမှာ အက်စစ်ထုတ်လုပ်မှုကို များလာစေတာကြောင့် ဝမ်းဗိုက်နာကျင်တာကို ခံစားရစေမှာပါ။

၂။ ပန်းကန်ကို ရေမြှုပ်နဲ့ဆေးခြင်း

ပန်းကန်ကို ရေမြှုပ်နဲ့ဆေးတာထက် ဆီလီကွန်ဘရက်ရှ်၊ ပလက်စတစ်ဘရက်ရှ်နဲ့ဆေးဖို့ ကျွမ်းကျင်သူတွေက အကြံပေးကြပါတယ်။ အဲဒီလိုဘရက်ရှ်တွေက အသုံးမပြုခင်မှာ ခြောက်သွေ့နေလို့ပါ။

ပန်းကန်ဆေးရေမြှုပ်တွေက အချိန်ကြာကြာစိုစွတ်နေပြီး ဘက်တီးရီးယားတွေ ပေါက်ဖွားနေပါတယ်။ ဘရက်ရှ်တွေကတော့ ခဏလေးနဲ့ ခြောက်သွေ့ပြီး ဆေးကြောရတာ အဆင်ပြေပါတယ်။

၃။ ပန်းကန်တွေကို မဆေးဘဲ တစ်ညလုံးထားခြင်း

ညက စားထားတဲ့ ပန်းကန်တွေကို မဆေးဘဲ တစ်ညလုံးထားရင် ဘက်တီးရီးယားတွေက အချိန်အကြာကြီး ပွားနေမှာပါ။ မဆေးရသေးတဲ့ ပန်းကန်ပေါ်မှာ ဘက်တီးရီးယားတွေက ၄ ရက်အထိ အသက်ရှင်နိုင်ပါတယ်။ အဲဒီဘက်တီးရီးယားတွေက အစာအိမ်ကျန်းမာရေးကို ဒုက္ခပေးနိုင်ပါတယ်။ အဲဒါကြောင့် ပန်းကန်တွေကို စားပြီးတိုင်း ချက်ချင်းဆေးရင် အကောင်းဆုံးပါ။

၄။ အရွက်သုပ်တွေကို စားခြင်း

အစားမစားချင်လို့ အရွက်သုပ်တွေကို အစားထိုးစားတာက ဗီတာမင်တွေကို ချို့တဲ့စေပါတယ်။ အရွက်သုပ်တွေမှာ ပရိုတိန်းဓာတ်လည်း မပါပါဘူး။ နောက်ပြီး အေးနေတဲ့အစားအစာတွေကို အမြဲတမ်းစားတာကလည်း အစာအိမ်ကျန်းမာရေးအတွက် မကောင်းပါဘူး။ အေးတဲ့အစားအစာတွေကို စားလိုက်ရင် အစာချေဖို့အတွက် အချိန်ပိုယူရပါတယ်။ လေပွတာ၊ ဗိုက်အောင့်တာမျိုးမဖြစ်စေဖို့ လတ်ဆတ်ပူနွေးတဲ့အစားအစာကိုသာ စားသုံးပါ။

၅။ ညဘက်မှာ ဒိန်ချဉ်တွေကို စားခြင်း

ဒိန်ချဉ်တွေကို ညဘက်မှာ စားရင် အစာချေဖျက်တဲ့အခါ အခက်အခဲဖြစ်ပေါတယ်။ အချဉ်နဲ့မတည့်သူတွေအတွက် ညဘက်မှာ ဒိန်ချဉ်၊ ဒိန်ခဲတွေကို မစားသင့်ပါဘူး။ ဒါ့အပြင် ဝမ်းချုပ်တာကိုလည်း ခံစားရစေမှာပါ။

၆။ ပီကေကို ခဏခဏဝါးခြင်း

ပီကေကို ခဏခဏစားတာက မေးရိုးနာကျင်မှုနဲ့ ဝမ်းလျှောတာကို ဖြစ်စေတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ တစ်နေ့ကို ပီကေတစ်ခုစားရင် ခန္ဓာကိုယ်အတွက် လုံလောက်ပါပြီ။

၇။ တစ်ချိန်တည်းမှာ မတူညီတဲ့အသီးအနှံတွေကို စားခြင်း

မတူညီတဲ့အသီးတွေမှာ သူတို့ရဲ့ကိုယ်ပိုင်အချဉ်ဓာတ်တွေ ရှိကြပါတယ်။ အဲဒါကြောင့် မတူညီတဲ့အသီးတွေကို တစ်ချိန်တည်းစားရင် အစာအိမ်အတွက် အန္တရာယ်ဖြစ်စေပါတယ်။ သင်က လေအောင့်တာကို မကြာခဏခံစားရရင် အသီးသုပ်တွေကို မစားတာပိုကောင်းပါတယ်။

Zombie (lovemedia)


Leave a Reply

Your email address will not be published.