၁၇ နှစ်မှ ၃၀ အတွင်း အပျို လူပျိုများသာ ပါဝင်ဆင်နွှဲခွင့်ရတဲ့ အနမ်းဖလှယ်ပွဲတော်

၁၇ နှစ်မှ ၃၀ အတွင်း အပျို လူပျိုများသာ ပါဝင်ဆင်နွှဲခွင့်ရတဲ့ အနမ်းဖလှယ်ပွဲတော်

၁၇ နှစ်မှ ၃၀ အတွင်း အပျို လူပျိုများသာ ပါဝင်ဆင်နွှဲခွင့်ရတဲ့ အနမ်းဖလှယ်ပွဲတော်

Omed omedan ဆိုသည်မှာ အင်ဒိုနီးရှားနိုင်ငံရှိ ဘာလီလူမျိုးတို့ စကားအရ ဆွဲ ဆွဲ လို့ အဓိပ္ပါယ်ရသလို ထုံးတမ်းစဉ်လာအရ

အနမ်းပေးကြတဲ့ ပွဲတော် အနမ်းပွဲတော် ဟုလည်း အခုအချိန်မှာ လူသိများနေတဲ့ ကမ္ဘာကျော် ပွဲတော်တစ်ခု ဖြစ်ပါတယ်။

Omed omedan လို့ ဘာလီစကားအရ ခေါ်ကြတဲ့ ဒီရိုးရာ ဓလေ့ပွဲတော်ကို ဘာလီရှိ Banjar Kaja နဲ့ Sesetan Denpasar ဆိုသည့်

ကျေးရွာလေးတွေမှာ ကျင်းပလာခဲ့တာ နှစ်ပေါင်း ၁၀၀ ကျော် ရှိနေခဲ့ပြီပဲ ဖြစ်ပါတယ်။

ဒီပွဲတော်ကို ဆင်နွှဲခဲ့ကြသူတွေက အဆိုပါ ကျေးရွာလေးမှ ဒေသခံ လူငယ်လေးတွေကပဲ အရင်က ကျင်းပြုလုပ်ကာ ဆင်နွဲခဲ့ကြပြီး

ဒီပွဲတော်ဟာ လူငယ်တွေအတွက် အဓိကကျင်းပကြတာလည်း ဖြစ်ပါတယ်။

Bali ဘာသာစကားအရ Omed omedan ဆိုတာ ဆွဲသည် ဆွဲငင်သည် လို့ အဓိပ္ပါယ်ရသလို

ဒီရိုးရာ ဓလေ့ကတော့ လူငယ်များအတွက်ကို ကျင်းပပေးသည့် အခမ်းအနားတစ်ခု ဖြစ်သည်။

ဘာလီဘာသာစကားမှ ဆင်းသက်လာပြီး ဆွဲငင်သည်ဟု အဓိပ္ပါယ်ရတဲ့ ဒီပွဲတော်သည်

ဝက်အထီးနှင့် ဝက်အမတို့ရဲ့ အကြား ဖြစ်ပွားခဲ့တဲ့ ရန်ပွဲမှ အစပြုပြီး အပြုသဘောဆောင်သော

အကောင်းမြင်စေတဲ့ ဆွဲငင်မှုနဲ့ အနှုတ်သဘောဆောင်သော မကောင်းတဲ့ လက္ခဏာ အငွေ့အသက် ၏ တွန်းအားတို့ရဲ့အကြား

အားပြိုင်မှုကို ကိုယ်စားပြုသည့် အနေဖြင့် ကျင်းပခဲ့ကြတဲ့ ပွဲတော် ဖြစ်ပါတယ်။

သမိုင်းအရ ဒီကျေးလက် ဓလေ့ထုံးတမ်းလာ ပွဲတော်လေးဟာ သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၀၀ ကျော် ကြာမြင့်ခဲ့သလို

အရင်ကတော့ Banjar Kaja နဲ့ Sesetan Denpasar ရွာ ၂ ရွာမှ လူငယ်များသာ ဒီပွဲတော်ကို ပါဝင် ဆင်နွှဲနိုင်ခွင့် ရှိတာ ဖြစ်ပါတယ်။

မူလပွဲတော်က အခုလိုမျိုး မဟုတ်ဘူးဟု ဆိုခဲ့ကြပေမယ့် အခုလို အုပ်စုလိုက် တဖက်နဲ့ တဖက် အနမ်းပေးတဲ့ ဓလေ့က မည်သည့်အချိန် ကာလမှာ

မည်သူက စပြီး ထည့်သွင်းလို့ စတင်ပေါ်ပေါက်လာသော ဓလေ့ တစ်ခု ဖြစ်ကြောင်း ဟူ၍လည်း ဘယ်သူမှ မသိကြပါဘူး။

သူ့ဟာသူ ဘယ်သူက ဘယ်အချိန်က ဘာကြောင့်ပဲ ဒီဓလေ့ကို ထည့်လို့ ဘယ်အချိန်က ပေါ်လို့ပဲဖြစ်ဖြစ် မပေါ်လို့ပဲ ဖြစ်ဖြစ်

ဒီကိစ္စအပေါ်မှာ ဘယ်သူတွေကမှ ရှင်းရှင်း လင်းလင်း သိချင်တဲ့သူ မရှိဘူးဆိုတာ သေချာ မသိရပေမယ့်လည်း သေချာတာကတော့

ယနေ့မှာ လူငယ်တွေရဲ့အကြားမှာ ဒီပွဲတော်ဟာ ရေပန်းစားတဲ့ ပွဲတော်တစ်ခု ဖြစ်လာခဲ့ပါပြီ။

ဒါပေမယ့် Omed omedan ပွဲတော်ကို လူတိုင်း ပါဝင် ဆင်နွှဲလို့လည်း မရပါဘူး ကန့်သတ်ချက် တစ်ခု ရှိပါတယ်။

 

အဲဒီ ကန့်သတ်ချက်ကတော့ ပွဲတော်မှာ ပါဝင်ဆင်နွှဲမယ့်သူ အနေနဲ့ လက်မထပ်ရသေးသော အသက် ၁၇ နှစ်မှ အသက် ၃၀ အထိ ရှိတဲ့

လူငယ် ကျား မ မရွေး မည်သူမဆို ပါဝင်ပြီး ဆင်နွှဲခွင့်ရှိတယ် ဆိုတဲ့ စည်းကမ်း ကန့်သတ်ချက် တစ်ခုပဲ ဖြစ်ပါတယ်။

ဒါကတော့ ရှင်းပါတယ် လူပျို အပျိုဖြစ်နေခဲ့လည်း အသက်က ၃၀ ဆိုရင် မရ ပါ ပွဲတော်ကို နေ့လည် ၂ နာရီဝန်းကျင်မှာ စတင်ပြီး ကျင်းပလေ့ ရှိပါတယ်။

ပွဲတော်အစတွင် လမ်းမပေါ် စီတန်းလှည့်လည်၍ စုပေါင်း ဆုတောင်းကြခြင်းဖြင့် စတင်လေ့ ရှိပါတယ်။

ဆုတောင်းခြင်းအမှု ပြီးတာနဲ့ လမ်းမပေါ်တွင် ယောကျာ်းလေးက တဖက် စုစည်းသွားကြသလို မိန်းကလေးတွေကလည်း

သီးသန့်စုစည်းပြီး တဖက်နဲ့ တဖက် အုပ်စုကြီး နှစ်စုအဖြစ် လမ်းမအပေါ်တွင် မျက်နှာချင်းဆိုင် ထားကြပါတယ်။

ထို့နောက် ပွဲတော်ရဲ့ခေါင်းဆောင်ထဲမှ တစ်ဦးက အချက်ပြလိုက်တဲ့အခါ အုပ်စုကြီးနှစ်စုသည် လမ်းမပေါ်တွင် တဖက်ကို တစ်ယောက်စီ အလှည့်ကျ ရှေ့တန်းတင်ကာ

မျက်နှာချင်း ဆိုင်ပြီး ရင်ဆိုင်တွေ့ကြရန် တဖြေးဖြေးနဲ့ ချဉ်းကပ် လာခဲ့ကြပါတော့တယ်။

ဒီလို ချဉ်းကပ်လာချိန် ဘေးက ရေနဲ့ လောင်းကြ ပက်ကြမှုတွေ ပြုလုပ်ပါတော့တယ်။

ထိုသို့ ရေတွေနဲ့ ဝိုင်း၍ လောင်းနေ ပက်နေခဲ့တဲ့အချိန်ယောကျာ်းလေး အုပ်စုမှ ရှေ့တန်း အပို့ခံရသူ လူငယ်ဟာ

တဖက် မိန်းကလေး အုပ်စုရဲ့ ရှေ့ဆုံးရှိ မိန်းကလေးကို အတင်းဆွဲယူပြီး

ဖက်နမ်းရခြင်း Kissing ရသော ကစားနည်းဖြင့် ကစားရတဲ့ ပွဲတော် ဖြစ်ပါတယ်။

 

ဒီလို ရှေ့တန်းက လူတွေဖြစ်တာနဲ့ ဘေးမှ တခြားသော လူငယ်ယောကျာ်းလေးတွေကလည်း

တဖက်ရှိ မိန်းကလေးတွေထံ ပြေးကာ ဆွဲယူ ပွေ့ဖက်ကာ နမ်းနိုင်ကြပါပြီ

လူအုပ်ထဲက တခြားလူတွေက ရှေ့ဆုံးမှ နှစ်ယောက် အပါအဝင် ဒီပွဲတော်ကို ဆင်နွဲနေကြတဲ့ လူငယ်များ အပေါ်ကို ရေနဲ့လောင်းကြ ပက်ကြပါတယ်။

သူတို့ရဲ့ယုံကြည်မှုအရ ရေဟာ ပျော်ရွှင်မှုကို တိုးမြှင့်စေပြီး ရေကြောင့် စုံတွဲအတွက် အပူနှင့်

တင်းမာမှုကို လျော့ကျစေပြီး အေးချမ်းစေသည်ဟုလည်း ယုံကြည် ကြပါသည်။

 

ဒီပွဲတော်ရဲ့ ဒီလိုအခမ်းအနားဟာ Single ဖြစ်နေကြ သူများအတွက် မိမိကို အတွဲ ရရှိစေတဲ့၊ အတွဲဖြစ်ဖို့ရန် မိမိအတွက် အခွင့်အရေးတွေ

အများဆုံး ရှိနေတဲ့ ပွဲတော်နေရာနှင့် တွေ့ဆုံဖို့ရန် သေချာသလောက် နီးပါးရှိတဲ့ တစ်ခုတည်းသော နေရာ ဖြစ်လာ ခဲ့ကြပြီး

စုံတွဲတော်တော်များများကလည်း ဒီပွဲတော်ကြောင့်သာ အခုလို အတူ စုံခဲ့ကြရတဲ့ အတွဲတွေက အများစုပဲ ဖြစ်နေကြပြန်ပါတယ်။

ဒီပွဲတော်မှာ အခုလို နမ်းခြင်းအပြင် ဘာလီဒေသမှ ရိုးရာအစားအစာနှင့် လက်မှုပညာများလည်း ပါရှိတဲ့ လမ်းဘေး ဈေးသည်များလည်း

ရှိမည်ဖြစ်ကာ ပွဲရဲ့ အခမ်းအနား မစတင်မီမှာတော့ တေးဂီတတို့နှင့် ဖျော်ဖြေတင်ဆက်မှုများလည်း ရှိပါတယ်။

အခုလာမယ့် ၂၀၂၂ ခုနှစ်အတွက် ပွဲတော်ကိုတော့ March 22 2022 မှာ ကျင်းပ ပြုလုပ်ကြမှာ

ဖြစ်လို့ လေယာဉ်လက်မှတ်လည်း မှာလို့ ဝယ်လို့ ရနေကြပါသေးတယ်။

Credit

Zawgyi Code

၁၇ ႏွစ္မွ ၃၀ အတြင္း အပ်ိဳ လူပ်ိဳမ်ားသာ ပါဝင္ဆင္ႏႊဲခြင့္ရတဲ့ အနမ္းဖလွယ္ပြဲေတာ္

Omed omedan ဆိုသည္မွာ အင္ဒိုနီးရွားနိုင္ငံရွိ ဘာလီလူမ်ိဳးတို႔ စကားအရ ဆြဲ ဆြဲ လို႔ အဓိပၸါယ္ရသလို ထုံးတမ္းစဥ္လာအရ

အနမ္းေပးၾကတဲ့ ပြဲေတာ္ အနမ္းပြဲေတာ္ ဟုလည္း အခုအခ်ိန္မွာ လူသိမ်ားေနတဲ့ ကမၻာေက်ာ္ ပြဲေတာ္တစ္ခု ျဖစ္ပါတယ္။

Omed omedan လို႔ ဘာလီစကားအရ ေခၚၾကတဲ့ ဒီရိုးရာ ဓေလ့ပြဲေတာ္ကို ဘာလီရွိ Banjar Kaja နဲ႔ Sesetan Denpasar ဆိုသည့္

ေက်းရြာေလးေတြမွာ က်င္းပလာခဲ့တာ ႏွစ္ေပါင္း ၁၀၀ ေက်ာ္ ရွိေနခဲ့ၿပီပဲ ျဖစ္ပါတယ္။

ဒီပြဲေတာ္ကို ဆင္ႏႊဲခဲ့ၾကသူေတြက အဆိုပါ ေက်းရြာေလးမွ ေဒသခံ လူငယ္ေလးေတြကပဲ အရင္က က်င္းျပဳလုပ္ကာ ဆင္ႏြဲခဲ့ၾကၿပီး

ဒီပြဲေတာ္ဟာ လူငယ္ေတြအတြက္ အဓိကက်င္းပၾကတာလည္း ျဖစ္ပါတယ္။

Bali ဘာသာစကားအရ Omed omedan ဆိုတာ ဆြဲသည္ ဆြဲငင္သည္ လို႔ အဓိပၸါယ္ရသလို

ဒီရိုးရာ ဓေလ့ကေတာ့ လူငယ္မ်ားအတြက္ကို က်င္းပေပးသည့္ အခမ္းအနားတစ္ခု ျဖစ္သည္။

ဘာလီဘာသာစကားမွ ဆင္းသက္လာၿပီး ဆြဲငင္သည္ဟု အဓိပၸါယ္ရတဲ့ ဒီပြဲေတာ္သည္

ဝက္အထီးႏွင့္ ဝက္အမတို႔ရဲ့ အၾကား ျဖစ္ပြားခဲ့တဲ့ ရန္ပြဲမွ အစျပဳၿပီး အျပဳသေဘာေဆာင္ေသာ

အေကာင္းျမင္ေစတဲ့ ဆြဲငင္မႈနဲ႔ အႏႈတ္သေဘာေဆာင္ေသာ မေကာင္းတဲ့ လကၡဏာ အေငြ႕အသက္ ၏ တြန္းအားတို႔ရဲ့အၾကား

အားၿပိဳင္မႈကို ကိုယ္စားျပဳသည့္ အေနျဖင့္ က်င္းပခဲ့ၾကတဲ့ ပြဲေတာ္ ျဖစ္ပါတယ္။

သမိုင္းအရ ဒီေက်းလက္ ဓေလ့ထုံးတမ္းလာ ပြဲေတာ္ေလးဟာ သက္တမ္းအားျဖင့္ ႏွစ္ေပါင္း ၁၀၀ ေက်ာ္ ၾကာျမင့္ခဲ့သလို

အရင္ကေတာ့ Banjar Kaja နဲ႔ Sesetan Denpasar ရြာ ၂ ရြာမွ လူငယ္မ်ားသာ ဒီပြဲေတာ္ကို ပါဝင္ ဆင္ႏႊဲနိုင္ခြင့္ ရွိတာ ျဖစ္ပါတယ္။

မူလပြဲေတာ္က အခုလိုမ်ိဳး မဟုတ္ဘူးဟု ဆိုခဲ့ၾကေပမယ့္ အခုလို အုပ္စုလိုက္ တဖက္နဲ႔ တဖက္ အနမ္းေပးတဲ့ ဓေလ့က မည္သည့္အခ်ိန္ ကာလမွာ

မည္သူက စၿပီး ထည့္သြင္းလို႔ စတင္ေပၚေပါက္လာေသာ ဓေလ့ တစ္ခု ျဖစ္ေၾကာင္း ဟူ၍လည္း ဘယ္သူမွ မသိၾကပါဘူး။

သူ႔ဟာသူ ဘယ္သူက ဘယ္အခ်ိန္က ဘာေၾကာင့္ပဲ ဒီဓေလ့ကို ထည့္လို႔ ဘယ္အခ်ိန္က ေပၚလို႔ပဲျဖစ္ျဖစ္ မေပၚလို႔ပဲ ျဖစ္ျဖစ္

ဒီကိစၥအေပၚမွာ ဘယ္သူေတြကမွ ရွင္းရွင္း လင္းလင္း သိခ်င္တဲ့သူ မရွိဘူးဆိုတာ ေသခ်ာ မသိရေပမယ့္လည္း ေသခ်ာတာကေတာ့

ယေန႔မွာ လူငယ္ေတြရဲ့အၾကားမွာ ဒီပြဲေတာ္ဟာ ေရပန္းစားတဲ့ ပြဲေတာ္တစ္ခု ျဖစ္လာခဲ့ပါၿပီ။

ဒါေပမယ့္ Omed omedan ပြဲေတာ္ကို လူတိုင္း ပါဝင္ ဆင္ႏႊဲလို႔လည္း မရပါဘူး ကန္႔သတ္ခ်က္ တစ္ခု ရွိပါတယ္။

အဲဒီ ကန္႔သတ္ခ်က္ကေတာ့ ပြဲေတာ္မွာ ပါဝင္ဆင္ႏႊဲမယ့္သူ အေနနဲ႔ လက္မထပ္ရေသးေသာ အသက္ ၁၇ ႏွစ္မွ အသက္ ၃၀ အထိ ရွိတဲ့

လူငယ္ က်ား မ မေရြး မည္သူမဆို ပါဝင္ၿပီး ဆင္ႏႊဲခြင့္ရွိတယ္ ဆိုတဲ့ စည္းကမ္း ကန္႔သတ္ခ်က္ တစ္ခုပဲ ျဖစ္ပါတယ္။

ဒါကေတာ့ ရွင္းပါတယ္ လူပ်ိဳ အပ်ိဳျဖစ္ေနခဲ့လည္း အသက္က ၃၀ ဆိုရင္ မရ ပါ ပြဲေတာ္ကို ေန႔လည္ ၂ နာရီဝန္းက်င္မွာ စတင္ၿပီး က်င္းပေလ့ ရွိပါတယ္။

ပြဲေတာ္အစတြင္ လမ္းမေပၚ စီတန္းလွည့္လည္၍ စုေပါင္း ဆုေတာင္းၾကျခင္းျဖင့္ စတင္ေလ့ ရွိပါတယ္။

ဆုေတာင္းျခင္းအမႈ ၿပီးတာနဲ႔ လမ္းမေပၚတြင္ ေယာက်ာ္းေလးက တဖက္ စုစည္းသြားၾကသလို မိန္းကေလးေတြကလည္း

သီးသန္႔စုစည္းၿပီး တဖက္နဲ႔ တဖက္ အုပ္စုႀကီး ႏွစ္စုအျဖစ္ လမ္းမအေပၚတြင္ မ်က္ႏွာခ်င္းဆိုင္ ထားၾကပါတယ္။

ထို႔ေနာက္ ပြဲေတာ္ရဲ့ေခါင္းေဆာင္ထဲမွ တစ္ဦးက အခ်က္ျပလိုက္တဲ့အခါ အုပ္စုႀကီးႏွစ္စုသည္ လမ္းမေပၚတြင္ တဖက္ကို တစ္ေယာက္စီ အလွည့္က် ေရွ႕တန္းတင္ကာ

မ်က္ႏွာခ်င္း ဆိုင္ၿပီး ရင္ဆိုင္ေတြ႕ၾကရန္ တေျဖးေျဖးနဲ႔ ခ်ဥ္းကပ္ လာခဲ့ၾကပါေတာ့တယ္။

ဒီလို ခ်ဥ္းကပ္လာခ်ိန္ ေဘးက ေရနဲ႔ ေလာင္းၾက ပက္ၾကမႈေတြ ျပဳလုပ္ပါေတာ့တယ္။

ထိုသို႔ ေရေတြနဲ႔ ဝိုင္း၍ ေလာင္းေန ပက္ေနခဲ့တဲ့အခ်ိန္ေယာက်ာ္းေလး အုပ္စုမွ ေရွ႕တန္း အပို႔ခံရသူ လူငယ္ဟာ

တဖက္ မိန္းကေလး အုပ္စုရဲ့ ေရွ႕ဆုံးရွိ မိန္းကေလးကို အတင္းဆြဲယူၿပီး

ဖက္နမ္းရျခင္း Kissing ရေသာ ကစားနည္းျဖင့္ ကစားရတဲ့ ပြဲေတာ္ ျဖစ္ပါတယ္။

ဒီလို ေရွ႕တန္းက လူေတြျဖစ္တာနဲ႔ ေဘးမွ တျခားေသာ လူငယ္ေယာက်ာ္းေလးေတြကလည္း

တဖက္ရွိ မိန္းကေလးေတြထံ ေျပးကာ ဆြဲယူ ေပြ႕ဖက္ကာ နမ္းနိုင္ၾကပါၿပီ

လူအုပ္ထဲက တျခားလူေတြက ေရွ႕ဆုံးမွ ႏွစ္ေယာက္ အပါအဝင္ ဒီပြဲေတာ္ကို ဆင္ႏြဲေနၾကတဲ့ လူငယ္မ်ား အေပၚကို ေရနဲ႔ေလာင္းၾက ပက္ၾကပါတယ္။

သူတို႔ရဲ့ယုံၾကည္မႈအရ ေရဟာ ေပ်ာ္ရႊင္မႈကို တိုးျမႇင့္ေစၿပီး ေရေၾကာင့္ စုံတြဲအတြက္ အပူႏွင့္

တင္းမာမႈကို ေလ်ာ့က်ေစၿပီး ေအးခ်မ္းေစသည္ဟုလည္း ယုံၾကည္ ၾကပါသည္။

ဒီပြဲေတာ္ရဲ့ ဒီလိုအခမ္းအနားဟာ Single ျဖစ္ေနၾက သူမ်ားအတြက္ မိမိကို အတြဲ ရရွိေစတဲ့၊ အတြဲျဖစ္ဖို႔ရန္ မိမိအတြက္ အခြင့္အေရးေတြ

အမ်ားဆုံး ရွိေနတဲ့ ပြဲေတာ္ေနရာႏွင့္ ေတြ႕ဆုံဖို႔ရန္ ေသခ်ာသေလာက္ နီးပါးရွိတဲ့ တစ္ခုတည္းေသာ ေနရာ ျဖစ္လာ ခဲ့ၾကၿပီး

စုံတြဲေတာ္ေတာ္မ်ားမ်ားကလည္း ဒီပြဲေတာ္ေၾကာင့္သာ အခုလို အတူ စုံခဲ့ၾကရတဲ့ အတြဲေတြက အမ်ားစုပဲ ျဖစ္ေနၾကျပန္ပါတယ္။

ဒီပြဲေတာ္မွာ အခုလို နမ္းျခင္းအျပင္ ဘာလီေဒသမွ ရိုးရာအစားအစာႏွင့္ လက္မႈပညာမ်ားလည္း ပါရွိတဲ့ လမ္းေဘး ေဈးသည္မ်ားလည္း

ရွိမည္ျဖစ္ကာ ပြဲရဲ့ အခမ္းအနား မစတင္မီမွာေတာ့ ေတးဂီတတို႔ႏွင့္ ေဖ်ာ္ေျဖတင္ဆက္မႈမ်ားလည္း ရွိပါတယ္။

အခုလာမယ့္ ၂၀၂၂ ခုႏွစ္အတြက္ ပြဲေတာ္ကိုေတာ့ March 22 2022 မွာ က်င္းပ ျပဳလုပ္ၾကမွာ

ျဖစ္လို႔ ေလယာဥ္လက္မွတ္လည္း မွာလို႔ ဝယ္လို႔ ရေနၾကပါေသးတယ္။

Credit


Leave a Reply

Your email address will not be published.