မော်လမြိုင်အုတ်တံတိုင်းပြိုကျမှု ဖြစ်စဉ်ကို ကြိုတင် အိပ်မက်မက်ခဲ့သူတဦးရဲ့ ပြောကြားချက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေတောင်ရပ်ကွက်က အထက(၅) စာသင်ကျောင်း အုတ်တံတိုင်းပြိုကျမှုကြောင့် ၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အထက(၅) စာသင်ကျောင်း အုတ်တံတိုင်းဟာ ဒီကနေ့ ဇူလိုင် ၂၂ ရက်နေ့ မနက် ၉ နာရီ ၂၀ မိနစ် လောက်မှာ ပြိုကျခဲ့တာ ဖြစ်ပြီး အဲဒီအုတ်တံတိုင်းဟာ ကျောင်းဘေး မာလာဝင်းရှိ ဈေးဆိုင်တန်းအပေါ် ပြိုကျခဲ့တာပါ။

အုတ်တံတိုင်း ပြိုကျမှုကြောင့် အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး တစ်ဦးကတော့ အသက်ရှင်လျက် ပြန်လည် ကယ်ဆယ်နိုင်ခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ အုတ်တံတိုင်းပြိုကျမှုကြောင့် သေဆုံးသွားတဲ့သူတွေကို မော်လမြိုင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပါတယ်။ လတ်တလောမှာ အုတ်တံတိုင်းပြိုကျခဲ့တဲ့ နေရာကို အသွားအလာ ကန့်သတ်ထားပါတယ်။

အဆိုပါ ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ် မဖြစ်ခင် အချိန်အနည်းငယ်အလိုမှာ လူမှုကွန်ယက်ပေါ်တွင် အဆောက်အဦး ပြိုကျတဲ့ နိမိတ်နဲ့ ပတ်သက်လို့ အိပ်မက်မက်တဲ့ ဖြစ်ရပ်တခုအကြောင်း ရေးသားထားတာကို ပြန်လည် ဖော်ပြလိုက်ပါတယ်-

အခုတလော ရန်ကုန် ဘုရားကျောင်းနား၊ အထပ်မြင့်တွေနား သွားလာနေသူတွေ သတိထားပါရှင့်၊ ကျမ မနက်စောစောက ဘုရားကျောင်းတခြမ်း ပြိုကျသွားတဲ့ အိပ်မက် မှတ်မှတ်ရရ မက်တယ်ရှင့်၊ နောက်တခု ထပ်ပြိုတာတော့ သိပ်မမှတ်မိတော့ဘူး။

ကျမ ငယ်ငယ်က စာမေးပွဲ အောင်စာရင်း မထွက်ခင် နှစ်နှစ်တိတိ အိပ်မက်လာပေးလေ့ ရှိတယ်။ ကျမအောင်စာရင်း ကျမအတိအကျသိနေလို့ ကျမမှာ မယ့မနေရ ဖြစ်လာတယ်။ တခုခုဖြစ်တော့မယ်ဆို ကျမကို ကြိုတင်ရှောင်ပေးသလို ဖျက်ပေးတတ်တယ်။

မေလ ၂ ရက် ၂၀၀၅ က မြေနီကုန်းစင်တာ ပေါက်တုန်းက ကျမသွားမလို့ လုပ်ထားတာပါ။ သူ့ဟာသူ တိုက်ဆိုင်စွာ အဲ့နေ့ မသွားလိုက်ရဘူး။ တကယ်လည်း ပေါက်ရော ကျမလည်း မသိဘူး။

အဲ့နား ကျောင်းတက်နေတဲ့ ကျမသယ်ရင်း သီရိတယောက်လဲ အဲ့နေ့က ကျောင်းလစ်ပြီး ကျမအိမ်ရောက်လာ၊ သူ့အမေဆို သူ့သမီးသေပြီ မှတ်ပြီး သွားရှာနေတာ၊ မတွေ့တော့မှ ကျမတို့ အိမ်နားက ဖုန်းကို လှမ်းခေါ်တာလား၊ ကျမတို့ သွားဆက်ကြတာလား မမှတ်မိတော့ဘူး။

ကျမရည်းစား အိုင်လဗီကလည်း အဲ့ဖုန်းကိုပဲ ဆက်မေးရတာဆိုတော့ ကျမနဲ့ ကျမသယ်င်း ရေလည်အဆဲခံရတာ မှတ်မိနေတယ်။ အခုလဲ ကျမကို ကိုယ်စောင့်နတ်က အိပ်မက်မေးထားပါတယ်နော်၊ ကျမအဲ့အိပ်မက်တွေက မှန်လာလို့

ကြောက်လို့ ကျမကို မလိုအပ်ဘဲ ခဏခဏ မမက်ပါနဲ့လို့ ကျမကိုယ်စောင့်နတ်ကို တောင်းပန်ထားလို့ မမက်တာကြာပြီရှင့်၊ မက်လဲ အခုလို သတိတရ ဖြစ်မနေဘူးရှင့်၊ အားလုံး သတိဝီရိယ ရှိပြီး ဘေးကင်းကြပါစေ။ (SZ Emerald Win)

အဆိုပါ အိပ်မက်အရ သိပ်မမှတ်မိတဲ့ ပြိုကျမှု ဖြစ်စဉ်က ယခု မော်လမြိုင်မြို့ ကျောင်းအုတ်တံတိုင်း ဖြစ်စဉ်ဖြစ်နိုင်တာကြောင့် ရန်ကုန်ရှိ ဘုရားကျောင်းနဲ့ အထပ်မြင့်အဆောက်အဦးများအနီးအနားက လူတွေအနေနဲ့ ဂရုပြုနေထိုင်ကြဖို့ လိုအပ်ပါတယ်။

Leave a Reply

Your email address will not be published.