၄နှစ်နီးပါးအိမ်တွင် ခေါ်တင်ကျွေးထားရတဲ့ အဒေါကြီးဟာ လိုင်းပေါ်က အရူးအမူးချစ်ရသူ မိန်းကလေးဖြစ်နေ၍ ကြေကွဲခဲ့ရသည့် ကောင်လေး

တရုတ်နိုင်ငံ Zhejiang ပြည်နယ် Hangzhouမြို့တွင် နေထိုင်သော အသက် ၂၈နှစ်အရွယ် ကောင်လေးတစ်ဦးသည် လိုင်းပေါ်ကနေ ချောမောလှပပြီး ချစ်စရာကောင်းသော မိန်းကလေးတစ်ဦးနှင့် ဆုံတွေ့ခဲ့သည်။

ကောင်လေးသည် အပြင်မှာတစ်ခါမှ မတွေ့ဖူးသော မိန်းကလေးကိုမှ မြင်မြင်ချင်းချစ်မိသွားပြီး ချစ်ရေးဆိုပြီးနောက် မကြာခင် ချစ်သူတွေဖြစ်သွားခဲ့သည်။

ထိုစဥ် မိန်းကလေးသည် သူမအား အိမ်က ယောကျာ်းအတင်းပေးစားနေ၍ အိမ်မှာမနေချင်တော့ကြောင်း ပြောဆိုကာ ၆၀၀ကီလိုမီတာအကွာအဝေးထိကို လာခေါ်ခိုင်းခဲ့သည်။

ကောင်လေးခမျာ ချစ်တဲ့စိတ်တစ်ခုတည်းကြောင့် သွားခေါ်ခဲ့သော်လည်း အပြင်ထွက်မရလို့ဆိုပြီး အကြောင်းပြကာ ဒီတိုင်းပြန်လာခဲ့ရစဥ် နောက်တစ်ရက်တွင် အဒေါ်ဖြစ်သူမှာ နေစရာမရှိ ဒုက္ခရောက်နေလို့ဆိုပြီး အိမ်မှာခေါ်ထားပေးနိုင်မလား ဟုအကူအညီတောင်းခဲ့သည်။

ကောင်လေးသည် မိန်းကလေး၏မိသားစုဝင်ကို မလေးမစားမလုပ်ချင်၍ အိမ်မှာ ၃နှစ်ကျော်အကြာ တင်ကျွေးထားပြီး သူတို့ချစ်သူနှစ်ဦး လက်ထပ်ဖို့အတွက် ငွေများကိုလည်း လွှဲပေးခဲ့သေးသည်။

သို့သော်လည်း အဒေါ်ဖြစ်သူသည် တစ်နေ့တွင် ဖုန်းမှန်ကွဲသွားလို့ဆိုပြီး ဆိုင်မှာသွားပြင်ခိုင်းခဲ့ရာ လော့မခတ်ထားသည့်အတွက် WeChatစကားပြောခန်းတွင် သူနှင့်ပြောထားသည့်စာများကတစ်ထပ်တည်းဖြစ်နေရာကနေ တစ်ချိန်လုံးအနားမှာရှိသည့်အသက် ၄၀ကျော်အရွယ် အဒေါ်ကြီးက သူ၏ချစ်သူကောင်မလေးဖြစ်နေကြောင်း သိခဲ့ရသည်။

ထို့နောက် ကောင်လေးသည် စိတ်နာနာနှင့် သူ၏အချစ်နှင့် ငွေများစွာကို လိမ်လည်မှုဖြင့် ထိုအမျိုးသမီးအား တိုင်ကြားပစ်ခဲ့လိုက်တော့သည်။

Zawgyi

၄နှစ်နီးပါးသူ့အိမ်တွင် ခေါ်တင်ကျွေးထားရသော အဒေါ်ကြီးက လိုင်းပေါ်က အရူးအမူးချစ်ရသူ မိန်းကလေးဖြစ်နေ၍ ကြေကွဲခဲ့ရသည့် ကောင်လေး

တရုတ်နိုင်ငံ Zhejiang ပြည်နယ် Hangzhouမြို့တွင် နေထိုင်သော အသက် ၂၈နှစ်အရွယ် ကောင်လေးတစ်ဦးသည် လိုင်းပေါ်ကနေ ချောမောလှပပြီး ချစ်စရာကောင်းသော မိန်းကလေးတစ်ဦးနှင့် ဆုံတွေ့ခဲ့သည်။

ကောင်လေးသည် အပြင်မှာတစ်ခါမှ မတွေ့ဖူးသော မိန်းကလေးကိုမှ မြင်မြင်ချင်းချစ်မိသွားပြီး ချစ်ရေးဆိုပြီးနောက် မကြာခင် ချစ်သူတွေဖြစ်သွားခဲ့သည်။

ထိုစဉ် မိန်းကလေးသည် သူမအား အိမ်က ယောကျာ်းအတင်းပေးစားနေ၍ အိမ်မှာမနေချင်တော့ကြောင်း ပြောဆိုကာ ၆၀၀ကီလိုမီတာအကွာအဝေးထိကို လာခေါ်ခိုင်းခဲ့သည်။

ကောင်လေးခမျာ ချစ်တဲ့စိတ်တစ်ခုတည်းကြောင့် သွားခေါ်ခဲ့သော်လည်း အပြင်ထွက်မရလို့ဆိုပြီး အကြောင်းပြကာ ဒီတိုင်းပြန်လာခဲ့ရစဉ် နောက်တစ်ရက်တွင် အဒေါ်ဖြစ်သူမှာ နေစရာမရှိ ဒုက္ခရောက်နေလို့ဆိုပြီး အိမ်မှာခေါ်ထားပေးနိုင်မလား ဟုအကူအညီတောင်းခဲ့သည်။

ကောင်လေးသည် မိန်းကလေးဧ။်မိသားစုဝင်ကို မလေးမစားမလုပ်ချင်၍ အိမ်မှာ ၃နှစ်ကျော်အကြာ တင်ကျွေးထားပြီး သူတို့ချစ်သူနှစ်ဦး လက်ထပ်ဖို့အတွက် ငွေများကိုလည်းလွှဲပေးခဲ့သေးသည်။

သို့သော်လည်း အဒေါ်ဖြစ်သူသည် တစ်နေ့တွင် ဖုန်းမှန်ကွဲသွားလို့ဆိုပြီး ဆိုင်မှာသွားပြင်ခိုင်းခဲ့ရာ လော့မခတ်ထားသည့်အတွက် WeChatစကားပြောခန်းတွင် သူနှင့်ပြောထားသည့်စာများက တစ်ထပ်တည်းဖြစ်နေရာကနေ တစ်ချိန်လုံးအနားမှာရှိသည့်အသက် ၄၀ကျော်အရွယ် အဒေါ်ကြီးက သူဧ။်ချစ်သူကောင်မလေးဖြစ်နေကြောင်း သိခဲ့ရသည်။

ထို့နောက် ကောင်လေးသည် စိတ်နာနာနှင့် သူဧ။်အချစ်နှင့် ငွေများစွာကို လိမ်လည်မှုဖြင့် ထိုအမျိုးသမီးအား တိုင်ကြားပစ်ခဲ့လိုက်တော့သည်။

#Credit

Leave a Reply

Your email address will not be published.