လက္ဖက္ရည္ဆိုင္ ထိုင္ေနတဲ့ ရဲ ၄ ေယာက္..

ဇူလိုင္ ၊ ၂၂-၂၀၂၂

SP (VOM)

စစ္ကိုင္းတိုင္း ၊ ယင္းမာပင္ခ႐ိုင္ ၊ ဆားလင္းႀကီးၿမိဳ႕ ၊ စည္ပင္ေစ်းအနီးက လက္ဖက္ရည္ဆိုင္မွာ ဒီကေန႔ မနက္ပိုင္းက လက္ဖက္ရည္ထိုင္ေသာက္ေနတဲ့ ရဲ ၄ ေယာက္ ပစ္သတ္ခံရတယ္လို႔ ဆားလင္းႀကီးၿမိဳ႕ခံေတြဆီက သိရပါတယ္။

” ဒီမနက္ ၇ နာရီခြဲ ဝန္းက်င္က ေစ်းအေနာက္ဘက္က လက္ဖက္ရည္ဆိုင္မွာ ရဲ ၄ ေယာက္ လက္ဖက္ရည္ထိုင္ေသာက္ေနတယ္ ၊

အဲ့ဒီအခ်ိန္မွာ ကား ၁ စီးနဲ႔ လူ ၇ ေယာက္ေလာက္က လာၿပီး ေသနတ္နဲ႔ပစ္တယ္ ၊ ေနာက္ၿပီး ကားက ေမာင္းထြက္ေျပးသြားတာ “လို႔ ျမင္ေတြ႕ခဲ့ရတဲ့ ဆားလင္းႀကီးၿမိဳ႕ခံတေယာက္က ေျပာပါတယ္။

အဲ့ဒီ ရဲ ၄ ေယာက္ ပစ္သတ္ခံရတာနဲ႔ ပတ္သက္လို႔ ဆားလင္းႀကီး ရဲအသိုင္းအဝိုင္းက ” ဆားလင္းႀကီးမွာ တာဝန္က်တဲ့ နယ္ရဲ အသစ္ ၂ ေယာက္နဲ႔ ရဲတပ္ရင္းက ရဲ ၂ ေယာက္ မနက္က ေစ်းဝယ္သြားရင္ အပစ္ခံရတာ ၊ သူတို႔က ေရာက္တာ မၾကာေသးဘူး “လို႔ ေျပာပါတယ္။

ေသဆုံးသူေတြရဲ႕ ႐ုပ္အေလာင္းကို ဆားလင္းႀကီး ေဆး႐ုံကို ပို႔ေဆာင္ထားတယ္လို႔ သိရပါတယ္။

ဆားလင္းႀကီးၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး႐ုံးမွာ ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာက ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး တာဝန္ထမ္းေဆာင္ခဲ့တဲ့ ရဲမႉးအပါအဝင္ ရဲ ၃ ေယာက္ဟာ လူသတ္မႈျဖစ္ပြားတာကို စစ္ေဆးၿပီး ျပန္လာခ်ိန္ ေညာင္ပင္ႀကီး -ဆားလင္းႀကီးကားလမ္းမွာ မိုင္းထိမွန္ ေသဆုံးခဲ့တာလည္း ျဖစ္ခဲ့ပါေသးတယ္။

လက်ဖက်ရည်ဆိုင် ထိုင်နေတဲ့ ရဲ ၄ ယောက် ပစ်သတ်ခံရ

ဇူလိုင် ၊ ၂၂-၂၀၂၂

SP (VOM)

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့ ၊ စည်ပင်ဈေးအနီးက လက်ဖက်ရည်ဆိုင်မှာ ဒီကနေ့ မနက်ပိုင်းက လက်ဖက်ရည်ထိုင်သောက်နေတဲ့ ရဲ ၄ ယောက် ပစ်သတ်ခံရတယ်လို့ ဆားလင်းကြီးမြို့ခံတွေဆီက သိရပါတယ်။

” ဒီမနက် ၇ နာရီခွဲ ဝန်းကျင်က ဈေးအနောက်ဘက်က လက်ဖက်ရည်ဆိုင်မှာ ရဲ ၄ ယောက် လက်ဖက်ရည်ထိုင်သောက်နေတယ် ၊

အဲ့ဒီအချိန်မှာ ကား ၁ စီးနဲ့ လူ ၇ ယောက်လောက်က လာပြီး သေနတ်နဲ့ပစ်တယ် ၊ နောက်ပြီး ကားက မောင်းထွက်ပြေးသွားတာ “လို့ မြင်တွေ့ခဲ့ရတဲ့ ဆားလင်းကြီးမြို့ခံတယောက်က ပြောပါတယ်။

အဲ့ဒီ ရဲ ၄ ယောက် ပစ်သတ်ခံရတာနဲ့ ပတ်သက်လို့ ဆားလင်းကြီး ရဲအသိုင်းအဝိုင်းက ” ဆားလင်းကြီးမှာ တာဝန်ကျတဲ့ နယ်ရဲ အသစ် ၂ ယောက်နဲ့ ရဲတပ်ရင်းက ရဲ ၂ ယောက် မနက်က ဈေးဝယ်သွားရင် အပစ်ခံရတာ ၊ သူတို့က ရောက်တာ မကြာသေးဘူး “လို့ ပြောပါတယ်။

သေဆုံးသူတွေရဲ့ ရုပ်အလောင်းကို ဆားလင်းကြီး ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ဆားလင်းကြီးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာက မြို့နယ်ရဲတပ်ဖွဲ့မှူး တာဝန်ထမ်းဆောင်ခဲ့တဲ့ ရဲမှူးအပါအဝင် ရဲ ၃ ယောက်ဟာ လူသတ်မှုဖြစ်ပွားတာကို စစ်ဆေးပြီး ပြန်လာချိန် ညောင်ပင်ကြီး -ဆားလင်းကြီးကားလမ်းမှာ မိုင်းထိမှန် သေဆုံးခဲ့တာလည်း ဖြစ်ခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published.