စာမဖတ်တတ်တာကြောင့် အိမ်နီးချင်းများမှ လှောင်ပြောင်ကာ အထင်သေးနှိမ်ချင်ကြ၍..See More…

စာမဖတ်တတ်တာကြောင့် အိမ်နီးချင်းများမှ လှောင်ပြောင်ကာ အထင်သေးနှိမ်ချင်ကြ၍ သားဖြစ်သူဆီကနေ စာပြန်သင်ခဲ့သော မိခင်

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းစီးတီးတွင် နေထိုင်သော အသက် ၅၀နှစ်အရွယ် မိခင်တစ်ဦးသည် အရောင်းအဝယ်လုပ်ရင်း သားသမီးတွေကို ပညာတတ်ကြီးဖြစ်အောင် ကျောင်းထားပေးခဲ့သည်။

သို့သော်လည်း မိခင်ဖြစ်သူသည် ကိုယ်တိုင်မှာ စာမတတ်ပေမတတ်ဖြစ်နေပြီး အတွက်အချက်တော်ကာ စီးပွားရေးက အဆင်ပြေနေခဲ့၍ မနာလိုသော အိမ်နီးချင်းများမှ စာကျမတတ်ပူးဆိုပြီး သူမဧ။်အားနည်းချက်ကို ထုတ်ဖော်ပြောဆိုကာ ကဲ့ရဲ့လှောင်ပြောင်ခဲ့ကြသည်။

ကံတရားအရ မိခင်ဖြစ်သူမှာ ငယ်စဥ်က ဆင်းရဲနွမ်းပါးသော မိသားစုမှ မွေးဖွားလာခဲ့ပြီး စားဝတ်နေရေးအတွက်သာ အလုပ်လုပ်ခဲ့ရ၍ စာတတ်ချင်သော်လည်း ကျောင်းမနေခဲ့ရပေ။မည်သူမဆို ကိုယ့်ရဲ့အားနည်းချက်ကို လှောင်ပြောင်သည့်အခါ ဝမ်းနည်းကျရမှာဖြစ်ပြီး ပတ်ဝန်းကျင်ဧ။်စကားသံများကြောင့် မိခင်ဖြစ်သူသည် မခံစားနိုင်ပဲ ငိုချမိသွားတာမျိုး ဖြစ်ရသည်။

ထိုအဖြစ်ကို သိရှိသော သားဖြစ်သူမှ အိမ်တွင် အတန်းတစ်ခုဖွင့်ခဲ့ပြီး မိခင်ဖြစ်သူအား ရေးနည်းဖတ်နည်းအကုန် သေချာနားလည်အောင် သင်ပြပေးခဲ့သည်။

Zawgyi







Leave a Reply

Your email address will not be published.