ခုနစ်တန်းကျောင်းသား လေးဦးထက်မနည်း အဖမ်းခံရ

ခုနစ္တန္းေက်ာင္းသား ေလးဦးထက္မနည္း အဖမ္းခံရ

ပဲခူးတိုင္း ျပည္ၿမိဳ႕မွာ အသက္မျပည့္ေသးတဲ့ ခုနစ္တန္းေက်ာင္းသား ေလးဦးထက္မနည္းကို ဇူလိုင္လ ၁၉ ရက္ မေန႔ညပိုင္းမွာ

စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြ လာဖမ္းသြားတယ္လို႔ ျပည္ၿမိဳ႕ခံေတြက ေျပာပါတယ္။

ျပည္ၿမိဳ႕ ဆင္စုရပ္ကြက္ မင္းႀကီးေတာင္ေျခက လူငယ္တစ္ဦးနဲ႔ ပြင့္လွ သိမ္ကုန္းရပ္ကြက္က လူငယ္ သုံးဦးတို႔ကို ညပိုင္းမွာ

စစ္ေကာင္စီတပ္ဖြဲ႕ အင္အားအမ်ားအျပားနဲ႔ လာေရာက္ဖမ္းဆီးခဲ့တာလို႔ ျပည္ၿမိဳ႕ခံတစ္ဦးက RFA ကို ေျပာပါတယ္။

“ေက်ာင္းနားထားတဲ့ ခုနစ္တန္းကေလးေတြဆိုေတာ့ အသက္ေတြက ၁၅၊ ၁၆ ဝန္းက်င္ေတြပါ။ ေလးေယာက္ကေတာ့ ေသခ်ာတယ္။

ဖမ္းတာေတာ့ Kaung For You ေက်ာင္းတက္လို႔ဖမ္းတာလို႔ သိရတယ္”

အဲဒီ့ ေလးဦးအျပင္ ျပည္ၿမိဳ႕ ဗိုလ္ခ်ဳပ္ေအာင္ဆန္းျမင္းစီးေက်ာက္႐ုပ္အနီး ထမင္းဆိုင္တစ္ဆိုင္က ေနာက္ထပ္ ခုနစ္တန္းေက်ာင္းသား

လူငယ္တစ္ဦးလည္း အဲဒီ့ညမွာပဲ အဖမ္းခံရတယ္လို႔ ျပည္ၿမိဳ႕ခံေတြက ေျပာပါတယ္။

ဖမ္းခံရတဲ့ လူငယ္ေတြဟာ ၿပီးခဲ့တဲ့ ဇူလိုင္လ ၁၈ ရက္ေန႔က ျပည္ၿမိဳ႕ အထက (၁) ေက်ာင္းမွာ အုပ္စုဖြဲ႕ရန္ျဖစ္လို႔

ဖမ္းဆီးတယ္ဆိုတဲ့ ေျပာဆိုခ်က္ေတြလည္း ရွိပါတယ္။

ဒီေျပာဆိုခ်က္ေတြနဲ႔ ပတ္သက္လို႔ RFA အေနနဲ႔ သီးျခားအတည္မျပဳႏိုင္ေသးပါဘူး။ဒီကိစၥနဲ႔ ပတ္သက္ၿပီး စစ္ေကာင္စီဘက္က

တစ္စုံတစ္ရာ သတင္းထုတ္ျပန္တာေတာ့ မရွိေသးပါဘူး။

ဇူလိုင္လ ၁၃ ရက္ေန႔ကေန ၁၈ ရက္ေန႔အထိ ေျခာက္ရက္အတြင္း Kaung For You ေက်ာင္း တည္ေထာင္သူ ဆရာဦးေကာင္းသိုက္စိုး

အပါအဝင္ ဆရာ၊ ဆရာမ ၁၅ ဦးကို စာရင္းအတိအက်နဲ႔ ေနအိမ္ေတြအထိ ဝင္ေရာက္ ဖမ္းဆီးခဲ့တာေတြရွိတယ္လို႔

ျမန္မာႏိုင္ငံဆရာမ်ားအဖြဲ႕ခ်ဳပ္က RFA ကို ေျပာဆိုထားပါတယ္။

RFA

Unicode,

ခုနစ်တန်းကျောင်းသား လေးဦးထက်မနည်း အဖမ်းခံရ

ပဲခူးတိုင်း ပြည်မြို့မှာ အသက်မပြည့်သေးတဲ့ ခုနစ်တန်းကျောင်းသား လေးဦးထက်မနည်းကို ဇူလိုင်လ ၁၉ ရက် မနေ့ညပိုင်းမှာ

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာဖမ်းသွားတယ်လို့ ပြည်မြို့ခံတွေက ပြောပါတယ်။

ပြည်မြို့ ဆင်စုရပ်ကွက် မင်းကြီးတောင်ခြေက လူငယ်တစ်ဦးနဲ့ ပွင့်လှ သိမ်ကုန်းရပ်ကွက်က လူငယ် သုံးဦးတို့ကို ညပိုင်းမှာ

စစ်ကောင်စီတပ်ဖွဲ့ အင်အားအများအပြားနဲ့ လာရောက်ဖမ်းဆီးခဲ့တာလို့ ပြည်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကျောင်းနားထားတဲ့ ခုနစ်တန်းကလေးတွေဆိုတော့ အသက်တွေက ၁၅၊ ၁၆ ဝန်းကျင်တွေပါ။ လေးယောက်ကတော့ သေချာတယ်။

ဖမ်းတာတော့ Kaung For You ကျောင်းတက်လို့ဖမ်းတာလို့ သိရတယ်”

အဲဒီ့ လေးဦးအပြင် ပြည်မြို့ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကျောက်ရုပ်အနီး ထမင်းဆိုင်တစ်ဆိုင်က နောက်ထပ် ခုနစ်တန်းကျောင်းသား

လူငယ်တစ်ဦးလည်း အဲဒီ့ညမှာပဲ အဖမ်းခံရတယ်လို့ ပြည်မြို့ခံတွေက ပြောပါတယ်။

ဖမ်းခံရတဲ့ လူငယ်တွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့က ပြည်မြို့ အထက (၁) ကျောင်းမှာ အုပ်စုဖွဲ့ရန်ဖြစ်လို့

ဖမ်းဆီးတယ်ဆိုတဲ့ ပြောဆိုချက်တွေလည်း ရှိပါတယ်။

ဒီပြောဆိုချက်တွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က

တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။

ဇူလိုင်လ ၁၃ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ခြောက်ရက်အတွင်း Kaung For You ကျောင်း တည်ထောင်သူ ဆရာဦးကောင်းသိုက်စိုး

အပါအဝင် ဆရာ၊ ဆရာမ ၁၅ ဦးကို စာရင်းအတိအကျနဲ့ နေအိမ်တွေအထိ ဝင်ရောက် ဖမ်းဆီးခဲ့တာတွေရှိတယ်လို့

မြန်မာနိုင်ငံဆရာများအဖွဲ့ချုပ်က RFA ကို ပြောဆိုထားပါတယ်။

RFA

Leave a Reply

Your email address will not be published.