ကိုယ့္အလုပ္ခြင္ထဲကသူကို ခ်စ္မိေနၿပီလား သိနိုင္မယ့္ အခ်က္(၅)ခ်က္

အိုးခ်င္းထား အိုးခ်င္းထိ၊ ႀကိဳးခ်င္းထား ႀကိဳးခ်င္းၿငိ ဆိုသလို ကိုယ္ေန႔စဥ္ ေတြ႕ေန၊ ျမင္ေနၾကသူကို သေဘာက် ခ်စ္မိတာမ်ိဳး ျဖစ္နိုင္ပါတယ္

ကိုယ္ေန႔စဥ္ ေတြ႕ေန၊ ျမင္ေနၾကသူကို သေဘာက် ခ်စ္မိတာမ်ိဳး ျဖစ္နိုင္ပါတယ္

အိုးခ်င္းထား အိုးခ်င္းထိ၊ ႀကိဳးခ်င္းထား ႀကိဳးခ်င္းၿငိ ဆိုသလို ကိုယ္ေန႔စဥ္ ေတြ႕ေန၊ ျမင္ေနၾကသူကို သေဘာက် ခ်စ္မိတာမ်ိဳး ျဖစ္နိုင္ပါတယ္။ ဒါက အထူးတလည္ႀကီး ဆန္းစစ္သံသယ ဝင္ရမယ့္ အရာေတာ့ မဟုတ္ပါဘူး

အခ်စ္ဆိုတာ ဘယ္လိုေနရာမွာ ဘယ္လိုပုံစံမ်ိဳးနဲ႔ ေပၚလာမလဲဆိုတာ ဘယ္သူမွ မသိနိုင္ဘူးေလ။ ေက်ာင္းတက္ေနတုန္းကလည္း ေက်ာင္းမွာ crush ေလးေတြ ရွိခဲ့နိုင္သလို အလုပ္ခြင္ထဲမွာလည္း ခ်စ္ရတဲ့သူ ရွိလာနိုင္ပါတယ္

အလုပ္ခြင္ထဲကသူကို ခ်စ္မိေနတာ ေသခ်ာလား ဘယ္လိုသိနိုင္မလဲ

သူနဲ႔ နီးစပ္ဖို႔ မ်ိဳးစုံႀကိဳးစားမယ္

(၁) ေပ်ာ္မယ္

သူနဲ႔ စကားေျပာေနရ႐ုံ၊ သူ႔ကို ျမင္ေနရ႐ုံနဲ႔တင္ အလိုလို ေပ်ာ္ေနမိတာမ်ိဳး ပထမဆုံး အေနနဲ႔ ခံစားရမွာပါ။

တစ္ေန႔ တစ္ေန႔ သူ႔ကိုမွ စကားမေျပာရရင္ မျပည့္စုံတာမ်ိဳးျဖစ္လာမယ္။ ဒါက အစပိုင္းမွာ သိပ္မသိသာေပမယ့္ လအနည္းငယ္ေလာက္ ၾကာတဲ့အခါမွာ သိလာမွာပါ။

(၂) ေစာင့္ၾကည့္မယ္

ဒီအဆင့္ကေတာ့ ေပ်ာ္တဲ့အဆင့္ထက္ နည္းနည္းေလး ပိုလာၿပီေပါ့ေနာ္။ ေစာင့္ၾကည့္တဲ့အဆင့္ပါ။ သူ အလုပ္အရမ္းမ်ားေနလား၊ သူ ပုံမွန္ ဘယ္အခ်ိန္ေလာက္ ထမင္းစားေလ့ရွိလဲ၊ ႐ုံးမွ ပုံမွန္တက္ရဲ့လား၊ ဒီေန႔ ဘာအေရာင္ေလး ဝတ္လာမလဲ စသျဖင့္ ေစာင့္ၾကည့္မွာပါ။ ႐ုံးတက္၊ ႐ုံးဆင္းခ်ိန္က စလို႔ေပါ့။

(၃) စပ္စုမယ္

စပ္စုတာကေတာ့ သူ႔ရဲ့ အေကာင့္ကို ရွာၿပီးအပ္တာတို႔၊ သူ႔ wall တစ္ခုလုံး ရွိသမၽွ အကုန္လုံးေမႊၿပီး စပ္စုတာမ်ိဳးေပါ့။ ဘယ္သူေတြကို love react ေပးလဲ၊ ရည္းစားရွိလား အစရွိသလို သူနဲ႔ ပတ္သက္တာကအစ စပ္စုပါၿပီ။

(၄) ဆုံေအာင္လုပ္မယ္

ဒီအဆင့္မွာေတာ့ သူနဲ႔ မ်က္လုံးခ်င္း ဆုံမိေအာင္၊ သူနဲ႔ ရင္းႏွီးမႈ မ်ားမ်ား ရရွိဖို႔အတြက္ ႀကိဳးစားၿပီး လုပ္ေဆာင္မယ္။

ဒီေနရာမွာေတာ့ တခ်ိဳ႕ေတြက ေပၚေပၚထင္ထင္ ႀကိဳးစားတတ္ၿပီး တခ်ိဳ႕ကေတာ့ မသိမသာေလး ႀကိဳးစားတတ္ၾကပါတယ္။

သူနဲ႔ ထမင္းစားခ်ိန္ အတူတူ ဆုံေအာင္ စားတာမ်ိဳး၊ သူ႔ထက္အရင္ ႐ုံးေစာေစာလာၿပီး သူ သတိထားမိေအာင္ လုပ္တာမ်ိဳးေလးေတြ ရွိလာပါမယ္။

(၅) ႐ုံးသြားဖို႔ တက္ႂကြေနမယ္

ကိုယ္ခ်စ္တဲ့သူကို ျမင္ရဖို႔အတြက္ဆိုရင္ ဟိုးအေဝးႀကီးကိုေတာင္ သြားဖို႔ စိတ္အားထက္သန္ၾကပါတယ္။ အလုပ္ဆိုရင္ေတာ့ ေျပာစရာေတာင္ မလိုေတာ့ဘူးေပါ့ေနာ္။

႐ုံးေစာေစာသြားမွ သူ႔ကို ေစာေစာျမင္ရမယ္ဆိုေတာ့ ႐ုံးသြားဖို႔ အရမ္းကို တက္ႂကြေနမွာ ေသခ်ာပါၿပီ။ သူ႔ကို ေတြ႕ခ်င္ေနၿပီဆိုေတာ့ မိုးရြာရြာ ေနပူပူ မမႈ႔ဘဲ ခြင့္ယူရက္ေတြလည္း နည္းလာမွာပါ။

အေပၚမွာ ေျပာျပထားတဲ့ အခ်က္(၅) ခ်က္နဲ႔ ဘယ္ႏွခ်က္ေလာက္မ်ား ကိုက္ညီေနၿပီလဲဆိုတာ ဆန္းစစ္ၾကည့္ပါဦးေနာ္။ အခ်က္ေတြ ကိုက္ညီေနၿပီဆိုရင္ေတာ့ ခ်စ္ေနတာ ေသခ်ာပါၿပီ Crd- Marry

အိုးချင်းထား အိုးချင်းထိ၊ ကြိုးချင်းထား ကြိုးချင်းငြိ ဆိုသလို ကိုယ်နေ့စဉ် တွေ့နေ၊ မြင်နေကြသူကို သဘောကျ ချစ်မိတာမျိုး ဖြစ်နိုင်ပါတယ်

ကိုယ်နေ့စဉ် တွေ့နေ၊ မြင်နေကြသူကို သဘောကျ ချစ်မိတာမျိုး ဖြစ်နိုင်ပါတယ်

အိုးချင်းထား အိုးချင်းထိ၊ ကြိုးချင်းထား ကြိုးချင်းငြိ ဆိုသလို ကိုယ်နေ့စဉ် တွေ့နေ၊ မြင်နေကြသူကို သဘောကျ ချစ်မိတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါက အထူးတလည်ကြီး ဆန်းစစ်သံသယ ဝင်ရမယ့် အရာတော့ မဟုတ်ပါဘူး

အချစ်ဆိုတာ ဘယ်လိုနေရာမှာ ဘယ်လိုပုံစံမျိုးနဲ့ ပေါ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ။ ကျောင်းတက်နေတုန်းကလည်း ကျောင်းမှာ crush လေးတွေ ရှိခဲ့နိုင်သလို အလုပ်ခွင်ထဲမှာလည်း ချစ်ရတဲ့သူ ရှိလာနိုင်ပါတယ်

အလုပ်ခွင်ထဲကသူကို ချစ်မိနေတာ သေချာလား ဘယ်လိုသိနိုင်မလဲ

သူနဲ့ နီးစပ်ဖို့ မျိုးစုံကြိုးစားမယ်

(၁) ပျော်မယ်

သူနဲ့ စကားပြောနေရရုံ၊ သူ့ကို မြင်နေရရုံနဲ့တင် အလိုလို ပျော်နေမိတာမျိုး ပထမဆုံး အနေနဲ့ ခံစားရမှာပါ။

တစ်နေ့ တစ်နေ့ သူ့ကိုမှ စကားမပြောရရင် မပြည့်စုံတာမျိုးဖြစ်လာမယ်။ ဒါက အစပိုင်းမှာ သိပ်မသိသာပေမယ့် လအနည်းငယ်လောက် ကြာတဲ့အခါမှာ သိလာမှာပါ။

(၂) စောင့်ကြည့်မယ်

ဒီအဆင့်ကတော့ ပျော်တဲ့အဆင့်ထက် နည်းနည်းလေး ပိုလာပြီပေါ့နော်။ စောင့်ကြည့်တဲ့အဆင့်ပါ။ သူ အလုပ်အရမ်းများနေလား၊ သူ ပုံမှန် ဘယ်အချိန်လောက် ထမင်းစားလေ့ရှိလဲ၊ ရုံးမှ ပုံမှန်တက်ရဲ့လား၊ ဒီနေ့ ဘာအရောင်လေး ဝတ်လာမလဲ စသဖြင့် စောင့်ကြည့်မှာပါ။ ရုံးတက်၊ ရုံးဆင်းချိန်က စလို့ပေါ့။

(၃) စပ်စုမယ်

စပ်စုတာကတော့ သူ့ရဲ့ အကောင့်ကို ရှာပြီးအပ်တာတို့၊ သူ့ wall တစ်ခုလုံး ရှိသမျှ အကုန်လုံးမွှေပြီး စပ်စုတာမျိုးပေါ့။ ဘယ်သူတွေကို love react ပေးလဲ၊ ရည်းစားရှိလား အစရှိသလို သူနဲ့ ပတ်သက်တာကအစ စပ်စုပါပြီ။

(၄) ဆုံအောင်လုပ်မယ်

ဒီအဆင့်မှာတော့ သူနဲ့ မျက်လုံးချင်း ဆုံမိအောင်၊ သူနဲ့ ရင်းနှီးမှု များများ ရရှိဖို့အတွက် ကြိုးစားပြီး လုပ်ဆောင်မယ်။

ဒီနေရာမှာတော့ တချို့တွေက ပေါ်ပေါ်ထင်ထင် ကြိုးစားတတ်ပြီး တချို့ကတော့ မသိမသာလေး ကြိုးစားတတ်ကြပါတယ်။

သူနဲ့ ထမင်းစားချိန် အတူတူ ဆုံအောင် စားတာမျိုး၊ သူ့ထက်အရင် ရုံးစောစောလာပြီး သူ သတိထားမိအောင် လုပ်တာမျိုးလေးတွေ ရှိလာပါမယ်။

(၅) ရုံးသွားဖို့ တက်ကြွနေမယ်

ကိုယ်ချစ်တဲ့သူကို မြင်ရဖို့အတွက်ဆိုရင် ဟိုးအဝေးကြီးကိုတောင် သွားဖို့ စိတ်အားထက်သန်ကြပါတယ်။ အလုပ်ဆိုရင်တော့ ပြောစရာတောင် မလိုတော့ဘူးပေါ့နော်။

ရုံးစောစောသွားမှ သူ့ကို စောစောမြင်ရမယ်ဆိုတော့ ရုံးသွားဖို့ အရမ်းကို တက်ကြွနေမှာ သေချာပါပြီ။ သူ့ကို တွေ့ချင်နေပြီဆိုတော့ မိုးရွာရွာ နေပူပူ မမှု့ဘဲ ခွင့်ယူရက်တွေလည်း နည်းလာမှာပါ။

အပေါ်မှာ ပြောပြထားတဲ့ အချက်(၅) ချက်နဲ့ ဘယ်နှချက်လောက်များ ကိုက်ညီနေပြီလဲဆိုတာ ဆန်းစစ်ကြည့်ပါဦးနော်။ အချက်တွေ ကိုက်ညီနေပြီဆိုရင်တော့ ချစ်နေတာ သေချာပါပြီ Crd- Marry

Leave a Reply

Your email address will not be published.