ကျောင်းထိုင်ဆရာတော်မှ Facebookပေါ်မှာ ရည်းစားဖြစ်ခဲ့သူ ကောင်မလေးကို လူဝတ်လှဲပြီး အပြင်တွင် ချိန်းတွေ့စဉ်… See more

ကျောင်းထိုင်ဆရာတော်မှ Facebookပေါ်မှာ ရည်းစားဖြစ်ခဲ့သူ ကောင်မလေးကို လူဝတ်လှဲပြီး အပြင်တွင် ချိန်းတွေ့စဉ်… See more

မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ တောင်ပိုင်းရပ်ကွက်ရှိ လမင်းသာ (၂) စားသောက်ဆိုင်တွင် ဖြစ်ပွားသော သံဃာတစ်ပါးအား ရိုက်နှက်သည့် ဖြစ်စဉ်မှ ပါဝင်သူတစ်ဦးမှာ ရည်းစားဖြစ်သူနှင့် ချိန်းတွေ့ရန် လူဝတ်လဲ၍

သောက်စားနေသည့် အကျင်ပျက် ကျော င်းထိုင်ဆရာတော်တစ်ပါး ဖြစ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။ဖြစ်စဉ်မှာ လွန်ခဲ့တဲ့နေ့ လည် ၂ နာရီခန့် က လှည်းကူးမြို့နယ်၊ ဘုရားသုံးဆူကျေးရွာ၊ ရမ္မာဝတီကျောင်း တိုက်နေ ဥူးဣန္ဒက ၊ သက်တော် (၆၉)နှစ်အား

မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်တောင်ပိုင်းရပ် ကွက်ရှိ လမင်း သာ(၂) စားသောက်ဆိုင်ပိုင်ရှင် ဦးအောင်မိုးနှင့် ဆိုင်တွင်ရောက်ရှိနေသူ ဦးမြင့်ကျေ ာ်ဆိုသူတို့က ရိုက်နှက်ခဲ့ကြကြောင်း၊ ဥူးဣန္ဒက၏ လက်ဆွဲအိတ်အတွင်းမှ ငွေကျပ် ၅ သိန်းပျောက်ဆုံးခဲ့ကြောင်း

သိရသဖြင့် ထောက်ကြန့် နယ်မြေရဲစခန်းက အမှုဖွင့် အရေးယူခဲ့သည်။အမှုမှ ပြစ်မှုကျူးလွန်သူ များအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူ အောင်မိုး (၄၅)နှစ်အား ဖမ်းဆီးရမိခဲ့ပြီး မြင့်ကျော်မှာ တိမ်းရှောင်နေသဖြင့် ၎င်းလိ ပ်စာပေးခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်သို့

မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့၊ မှုခင်းနှိမ်နင်းရေး ရဲ တပ်ဖွဲ့ဝင်များနှင့် လက်ပံတန်းမြို့နယ်ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ပဲခူ းတိုင်းဒေသကြီး ၊ လက်ပံတန်းမြို့နယ်၊ အောင်လံကုန်းကျေးရွာ၊ အောင်မြေတောရ ကျောင်းတိုက်တွင် မြင့်ကျော်(ခ)မြင့်သိန်း(ခ)ဥူးပညာသာရ (၄၃ )နှစ်အား

ဖမ်းဆီးရမိခဲ့ပါသည်။မြင့်ကျော်(ခ)မြင့်သိန်း(ခ) ဥူးပညာသာရမှာ ခမုံရွာမ၊ ခမုံကျေးရွာအုပ်စု၊ အေးမြစံပျော်ကျောင်းတိုက် ကျေ ာင်းထိုင်ဆ ရာတော်တစ်ပါးဖြစ်ပြီး လူမှုရေးကိစ္စများ၊ အရ က်သေစာသောက်စားခြင်းများ မကြာခဏပြုလုပ်တတ်၍ ကျေးရွာနှင့် အဆင်မပြေသော ဘုန်းကြီးတစ်ပါးဖြစ်ကြောင်း

စိစစ်တွေ့ရှိရပြီး ယခု ပြစ်မှုကျူးလွန်ရာ နေရာသို့လည်း Facebook မှ ရည်းစားဖြစ်သူနှင့် ချိန်းတွေ့ရန် လူဝတ်လဲ၍ ထောက်ကြန့်လမ်းဆုံရှိ လမင်း သာ(၂) စားသောက်ဆိုင်သို့ရောက်ရှိ သောက်စားနေစဉ် ယခုပြစ်မှုအား ကျူးလွန်ကြောင်း

စစ်ဆေးပေါ်ပေါက် ပါသည်။၎င်းမှာပြစ်မှုကျူ းလွန်ပြီးနောက် လက်ပံတန်းသို့ ပြန်သွားပြီး သင်္ဃန်းပြန်ဝတ်ကာ အေးမြစံ ပျော်ကျောင်းတွင် ဟန်မပျက်နေထိုင်ခဲ့ပြီးနောက် Facebook၌ ထောက်ကြန့်ရှိ ဘီယာဆိုင်တွင် ဘုန်းကြီး တစ်ပါးအား ရိုက်နှက်နေသည့် ဖြစ်စဉ်များ လိုင်းပေါ်တက်နေ၍

ဖမ်းဆီးခံရမည်ကို ကြောက်ရွံ့သဖြင့် အောင်လံကုန်းရွာ၊ အောင်မြေတောရကျောင်းတိုက်တွင် တိမ်းရှောင်နေစဉ် ယမန်နံနက် ၆နာရီအချိန် တွင် ရဲတပ်ဖွဲ့မှဖမ်းဆီးရမိပြီး အဆိုပါ ကျောင်းတိုက်ဆရာတော် ဥူးဝဇီရာနန္ဒထံတွင် သိက္ခာချလူ ဝ တ်လဲ ခဲ့ပါသည်။အဆိုပါ ပြစ်မှုကျူးလွန်သူ အောင်မိုးနှင့် မြင့်ကျော်(ခ)မြင့်သိန်း(ခ)ဥူးပညာသာရတို့ နှစ်ဦးအား ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ရန် ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်ထားပါသည်။

သစ်ထူးလွင်
Crd

Leave a Reply

Your email address will not be published.