PDF ရန်ကြောက်လို့ သိန်း၆ဝခန့် အကုန်ကျခံကာ CCTV တပ်ထားတဲ့ ပျူစောထီး ဒွမ်ခံရ (ရုပ်/သံ)

PDF ရန်ကြောက်လို့ သိန်း၆ဝခန့် အကုန်ကျခံကာ CCTV တပ်ထားတဲ့ ပျူစောထီး ဒွမ်ခံရ (ရုပ်/သံ)

ရွာငံ၊ ဇူလိုင် ၁၇၊ ၂၀၂၂။

ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ပွေးနဖားကျေးရွာက ပျူစောထီး ဦးတင်မိုး(ခ)ပေါက်ခေါကို

သုတ်သင်ခဲ့တယ်လို့ ချိုးဖြူပျောက်ကြားတပ်ဖွဲ့က ဒီကနေ့ရက်စွဲနဲ့ သူတပ်ထားတဲ့ CCTV မှတ်တမ်းဖိုင်ကို ထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၁၃ရက်နေ့ ည ၈နာရီလောက်က ၎င်းရဲ့နေအိမ်ထဲကို ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့လည်း PDFရဲဘော်တဦးကပြောပါတယ်။

” အနည်းဆုံး၈ချက်လောက်မှန်တယ် အဲ့ရွာငံဘက်ကခေါင်းကြီးပိုင်းတွေက ကျည်ကာတွေဝတ်ထားတော့

ဝင်ရှင်းရင်မသေပဲ ဆေးရုံရောက်သွားလို့ အခုတစ်ခါတော့ ခေါင်းတည်တည့်အရင်ပစ်လိုက်တာပါ” လို့ ချိုးဖြူပျောက်ကြားအဖွဲ့ရဲ့ ရဲဘော်တဦးက ပြောပါတယ်။

PDF ရန်ကြောက်လို့ နေအိမ်မှာ CCTV သိန်း ၆၀ဖိုးလောက် အကုန်ကျခံတပ်ထားပေမယ့်

ညအချိန်မှာပစ်ခတ်ခံလိုက်ရတာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

ဦးတင်မိုးဟာ နယ်မြေခံPDFတွေနဲ့အဆက်သွယ်ရှိတယ်ဆိုပြီး စွတ်စွဲကာ နေအိမ်မီးရှို့ဖျက်ဆီးတာတွေ မှာ

ဦးဆောင်ပါဝင်တဲ့အပြင် စစ်ကောင်စီနဲ့ပေါင်းပြီး ကျေးရွာပြည်သူတွေကို အမျိုးမျိုးဒုက္ခပေးနေတဲ့သူ ဖြစ်တယ်လို့လည်း သိရပါတယ်။

#မြေလတ်အသံ

==================

PDF ရန်ကြောက်လို့ သိန်း၆၀ခန့် အကုန်ကျခံကာ CCTV တပ်ထားတဲ့ ပျူစောထီး ပစ်သတ်ခံရ (ရုပ်/သံ)

ရွာငံ၊ ဇူလိုင် ၁၇၊ ၂၀၂၂။

ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ပွေးနဖားကျေးရွာက ပျူစောထီး ဦးတင်မိုး(ခ)ပေါက်ခေါကို

သုတ်သင်ခဲ့တယ်လို့ ချိုးဖြူပျောက်ကြားတပ်ဖွဲ့က ဒီကနေ့ရက်စွဲနဲ့ သူတပ်ထားတဲ့ CCTV မှတ်တမ်းဖိုင်ကို ထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၁၃ရက်နေ့ ည ၈နာရီလောက်က ၎င်းရဲ့နေအိမ်ထဲကို ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့လည်း PDFရဲဘော်တဦးကပြောပါတယ်။

” အနည်းဆုံး၈ချက်လောက်မှန်တယ် အဲ့ရွာငံဘက်ကခေါင်းကြီးပိုင်းတွေက ကျည်ကာတွေဝတ်ထားတော့

ဝင်ရှင်းရင်မသေပဲ ဆေးရုံရောက်သွားလို့ အခုတစ်ခါတော့ ခေါင်းတည်တည့်အရင်ပစ်လိုက်တာပါ” လို့ ချိုးဖြူပျောက်ကြားအဖွဲ့ရဲ့ ရဲဘော်တဦးက ပြောပါတယ်။

PDF ရန်ကြောက်လို့ နေအိမ်မှာ CCTV သိန်း ၆၀ဖိုးလောက် အကုန်ကျခံတပ်ထားပေမယ့်

ညအချိန်မှာပစ်ခတ်ခံလိုက်ရတာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

ဦးတင်မိုးဟာ နယ်မြေခံPDFတွေနဲ့အဆက်သွယ်ရှိတယ်ဆိုပြီး စွတ်စွဲကာ နေအိမ်မီးရှို့ဖျက်ဆီးတာတွေ မှာ

ဦးဆောင်ပါဝင်တဲ့အပြင် စစ်ကောင်စီနဲ့ပေါင်းပြီး ကျေးရွာပြည်သူတွေကို အမျိုးမျိုးဒုက္ခပေးနေတဲ့သူ ဖြစ်တယ်လို့လည်း သိရပါတယ်။

#မြေလတ်အသံ


Leave a Reply

Your email address will not be published.