သိန္း၄၀၀နီးပါးကို ၁ႏွစ္နဲ႔၆လအတြင္း စုေဆာင္းခဲ့တဲ့ ေက်ာင္းသူေလးရဲ့ ေငြစုနည္း

သိန္း၄၀၀နီးပါးကို ၁ႏွစ္နဲ႔၆လအတြင္း စုေဆာင္းခဲ့တဲ့ ေက်ာင္းသူေလးရဲ့ ေငြစုနည္း

တကၠသိုလ္ေက်ာင္းသူ ေက်ာင္းသားအမ်ားစုက အိမ္ကေပးတဲ့ မုန႔္ဖိုးပဲသုံး၊ ကိုယ့္ဘဏ္အေကာင့္ထဲမွာ

ဘယ္ေလာက္မွ မရွိေသးတဲ့အခ်ိန္မွာ လိမၼာပါးနပ္လွတဲ့ ေက်ာင္းသူေလးတစ္ဦးကေတာ့ ေဒၚလာ(၂၀,၀၀၀)အထိ စုျပသြားနိုင္ခဲ့ပါတယ္

ၾသစေတးလ် ကြင္းစ္လန္းမွာေနထိုင္တဲ့ (၁၉)ႏွစ္အရြယ္ အန္လန္ဟာ ရိုးရွင္းတဲ့ နည္းလမ္းေလးေတြနဲ႔ပဲ (၁၈)လအတြင္း ေဒၚလာ၂၀၀၀၀(ျမန္မာက်ပ္‌ေငြသိန္း၄၀၀နီးပါး)အထိစုၿပီး မိသားစုနဲ႔ သူငယ္ခ်င္းေတြကို အံ့အားသင့္သြားေစခဲ့ပါတယ္

သူမကို အိုင္ဒီယာရေစခဲ့တာကေတာ့ ၂၀၁၅ခုႏွစ္တုန္းက $1,000 Projectစာအုပ္ကို ေရးသားခဲ့တဲ့Canna Campbellဆိုတဲ့ ေငြေၾကးပညာရွင္ တစ္ဦးျဖစ္ပါတယ္

Campbellကေငြေတြအမ်ားႀကီးပြားလာေစဖို ေဒၚလာ(၁၀၀၀)စီခြဲၿပီး စီမံခဲ့တာကိုၾကည့္ကာ အန္လန္က ေဒၚလာ(၁၀၀)စီခြဲၿပီး စစုခဲ့ပါတယ္

ကၽြန္မရဲ့ပုံမွန္အလုပ္ အျပင္ ကေလးထိန္းအလုပ္နဲ႔ စာသင္ေပးတဲ့အလုပ္ေတြလိုမ်ိဳး အပိုဝင္ေငြရမယ့္ အလုပ္ေတြကို လုပ္ခဲ့ပါတယ္လို႔ အန္လန္ကဆိုပါတယ္

အန္လန္ ကေလးထိန္းအလုပ္ကို တစ္နာရီ (၁၅)ေဒၚလာယူၿပီး စာသင္ေပးတာအတြက္ကိုေတာ့ တစ္နာရီေဒၚလာ(၃၀)ယူပါတယ္ အခ်ိန္ကုန္သက္သာေစဖို႔ကိုလည္း တပည့္ေတြအကုန္လုံးကို ရက္တူတူအခ်ိန္ေပးပါတယ္

ဒီလို အလုပ္ေတြအျပင္ ဆယ္ေက်ာ္သက္ဟာ သူမအိတ္ထဲ ေရာက္လာသမၽွ အေႂကြေစ့ေတြအကုန္လုံးကို စုဘူးထဲထည့္ပါတယ္တဲ့ သူမပိုက္ဆံအိတ္ထဲက အေႂကြေစ့ေတြကို တစ္ပတ္တစ္ခါရွင္းၿပီးပုလင္းထဲမွာ စုပါတယ္

ဒါ့အျပင္အန္လန္ဟာ အပိုသုံးစရိတ္ေတြကို ေလၽွာ့ခ်ခဲ့ပါတယ္ မလိုေတာ့တဲ့ပစၥည္းေတြကို ေရာင္းထုတ္ၿပီး အျပင္မွာထြက္စားစရိတ္သက္သာေအာင္ အိမ္မွာပဲ ျပင္ဆင္ခ်က္ျပဳတ္စားပါတယ္

ေရွာပင္းထြက္ရာမွာလည္း ခဏခဏမဝယ္ေတာ့ဘဲ တန္ဖိုးႀကီးတာ တစ္ခုခုကို ႏွစ္သက္မွ တစ္ခါတစ္ေလ ဝယ္ပါေတာ့တယ္တဲ့ ဒီလိုနဲ႔သူမဟာ(၁၈)လအတြင္းေဒၚလာ(၂၀၀၀၀)စုမိနိုင္ခဲ့ၿပီး ဂ်ပန္ကိုေတာင္ သူငယ္ခ်င္းနဲ႔အတူ ခရီးထြက္နိုင္ခဲ့ပါေသးတယ္

သင့္ဆီမွာပိုက္ဆံစုတာအက်င့္ျဖစ္သြားၿပီဆိုရင္ လြယ္သြားပါၿပီ အေလ့အက်င့္ တစ္ခုလိုျဖစ္သြားရင္ ပိုက္ဆံစုမိဖို႔ သင္အရမ္းႀကီးႀကိဳးစားစရာမလိုေတာ့ပါဘူးလို႔ အန္လန္ကေျပာျပပါတယ္

သူမဟာေရွ႕ေလၽွာက္လည္းအလုပ္ႀကိဳးစားလုပ္ကာေငြဆက္စုသြားမွာျဖစ္ၿပီး မၾကာခင္အိမ္တစ္လုံး ပိုင္ဆိုင္နိုင္ေအာင္ ႀကိဳးစားမယ္လို႔ဆိုပါတယ္ ဒါ့အျပင္အနာဂတ္မွာ ရင္းႏွီးျမႇုပ္ႏွံမႈေတြလည္း ျပဳလုပ္သြားမွာျဖစ္တယ္လို႔သိရပါတယ္ အတုယူဖြယ္ ဆယ္ေက်ာ္သက္ေလးတစ္ေယာက္ပါပဲ ခရက္ဒစ္-မူရင္းေရးသားသူ

သိန်း၄ဝဝနီးပါးကို ၁နှစ်နဲ့၆လအတွင်း စုဆောင်းခဲ့တဲ့ ကျောင်းသူလေးရဲ့ ငွေစုနည်း

တက္ကသိုလ်ကျောင်းသူ ကျောင်းသားအများစုက အိမ်ကပေးတဲ့ မုန့်ဖိုးပဲသုံး၊ ကိုယ့်ဘဏ်အကောင့်ထဲမှာ

ဘယ်လောက်မှ မရှိသေးတဲ့အချိန်မှာ လိမ္မာပါးနပ်လှတဲ့ ကျောင်းသူလေးတစ်ဦးကတော့ ဒေါ်လာ(၂၀,၀၀၀)အထိ စုပြသွားနိုင်ခဲ့ပါတယ်

သြစတေးလျ ကွင်းစ်လန်းမှာနေထိုင်တဲ့ (၁၉)နှစ်အရွယ် အန်လန်ဟာ ရိုးရှင်းတဲ့ နည်းလမ်းလေးတွေနဲ့ပဲ (၁၈)လအတွင်း ဒေါ်လာ၂၀၀၀၀(မြန်မာကျပ်‌ငွေသိန်း၄ဝဝနီးပါး)အထိစုပြီး မိသားစုနဲ့ သူငယ်ချင်းတွေကို အံ့အားသင့်သွားစေခဲ့ပါတယ်

သူမကို အိုင်ဒီယာရစေခဲ့တာကတော့ ၂၀၁၅ခုနှစ်တုန်းက $1,000 Projectစာအုပ်ကို ရေးသားခဲ့တဲ့Canna Campbellဆိုတဲ့ ငွေကြေးပညာရှင် တစ်ဦးဖြစ်ပါတယ်

Campbellကငွေတွေအများကြီးပွားလာစေဖို ဒေါ်လာ(၁၀၀၀)စီခွဲပြီး စီမံခဲ့တာကိုကြည့်ကာ အန်လန်က ဒေါ်လာ(၁၀၀)စီခွဲပြီး စစုခဲ့ပါတယ်

ကျွန်မရဲ့ပုံမှန်အလုပ် အပြင် ကလေးထိန်းအလုပ်နဲ့ စာသင်ပေးတဲ့အလုပ်တွေလိုမျိုး အပိုဝင်ငွေရမယ့် အလုပ်တွေကို လုပ်ခဲ့ပါတယ်လို့ အန်လန်ကဆိုပါတယ်

အန်လန် ကလေးထိန်းအလုပ်ကို တစ်နာရီ (၁၅)ဒေါ်လာယူပြီး စာသင်ပေးတာအတွက်ကိုတော့ တစ်နာရီဒေါ်လာ(၃၀)ယူပါတယ် အချိန်ကုန်သက်သာစေဖို့ကိုလည်း တပည့်တွေအကုန်လုံးကို ရက်တူတူအချိန်ပေးပါတယ်

ဒီလို အလုပ်တွေအပြင် ဆယ်ကျော်သက်ဟာ သူမအိတ်ထဲ ရောက်လာသမျှ အကြွေစေ့တွေအကုန်လုံးကို စုဘူးထဲထည့်ပါတယ်တဲ့ သူမပိုက်ဆံအိတ်ထဲက အကြွေစေ့တွေကို တစ်ပတ်တစ်ခါရှင်းပြီးပုလင်းထဲမှာ စုပါတယ်

ဒါ့အပြင်အန်လန်ဟာ အပိုသုံးစရိတ်တွေကို လျှော့ချခဲ့ပါတယ် မလိုတော့တဲ့ပစ္စည်းတွေကို ရောင်းထုတ်ပြီး အပြင်မှာထွက်စားစရိတ်သက်သာအောင် အိမ်မှာပဲ ပြင်ဆင်ချက်ပြုတ်စားပါတယ်

ရှောပင်းထွက်ရာမှာလည်း ခဏခဏမဝယ်တော့ဘဲ တန်ဖိုးကြီးတာ တစ်ခုခုကို နှစ်သက်မှ တစ်ခါတစ်လေ ဝယ်ပါတော့တယ်တဲ့ ဒီလိုနဲ့သူမဟာ(၁၈)လအတွင်းဒေါ်လာ(၂၀၀၀၀)စုမိနိုင်ခဲ့ပြီး ဂျပန်ကိုတောင် သူငယ်ချင်းနဲ့အတူ ခရီးထွက်နိုင်ခဲ့ပါသေးတယ်

သင့်ဆီမှာပိုက်ဆံစုတာအကျင့်ဖြစ်သွားပြီဆိုရင် လွယ်သွားပါပြီ အလေ့အကျင့် တစ်ခုလိုဖြစ်သွားရင် ပိုက်ဆံစုမိဖို့ သင်အရမ်းကြီးကြိုးစားစရာမလိုတော့ပါဘူးလို့ အန်လန်ကပြောပြပါတယ်

သူမဟာရှေ့လျှောက်လည်းအလုပ်ကြိုးစားလုပ်ကာငွေဆက်စုသွားမှာဖြစ်ပြီး မကြာခင်အိမ်တစ်လုံး ပိုင်ဆိုင်နိုင်အောင် ကြိုးစားမယ်လို့ဆိုပါတယ် ဒါ့အပြင်အနာဂတ်မှာ ရင်းနှီးမြှုပ်နှံမှုတွေလည်း ပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ် အတုယူဖွယ် ဆယ်ကျော်သက်လေးတစ်ယောက်ပါပဲ ခရက်ဒစ်-မူရင်းရေးသားသူ

Leave a Reply

Your email address will not be published.