စစ်ကိုင်းဝန်ကြီးချုပ်ဟောင်း၊ ဗိုလ်ချုပ်ဟောင်း သာအေး၏မွေးရပ်မြေ ကြံ့ခိုင်ရေးကျေးရွာ ချောင်းဝကြီးကို စစ်တပ်က မီးရှို့ဖျက်ဆီးသဖြင့် သာအေးအမျိုးများနှင့်ကြံ့ခိုင်ရေးပါတီဝင်များ ရွာလုံးကျွတ် ထွက်ပြေးရ

စစ်ကိုင်းဝန်ကြီးချုပ်ဟောင်း၊ ဗိုလ်ချုပ်ဟောင်း သာအေး၏မွေးရပ်မြေ  ကြံ့ခိုင်ရေးကျေးရွာ ချောင်းဝကြီးကို စစ်တပ်က မီးရှို့ဖျက်ဆီးသဖြင့် သာအေးအမျိုးများနှင့်ကြံ့ခိုင်ရေးပါတီဝင်များ ရွာလုံးကျွတ် ထွက်ပြေးရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်တပ်က ကျေးရွာများကို မီးရှို့ခြင်း ၊ လက်နက်ကြီးများ ပစ်ခတ် သတ်ဖြတ်မှုများ လုပ်ဆောင်နေပြီး စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဟောင်း၊ အငြိမ်းစားဗိုလ်ချုပ် သာအေး၏ မွေးရပ်မြေ ချောင်း၀ကြီးကျေးရွာကိုလည်း

မီးရှို့ဖျက်ဆီးသဖြင့် သာအေး၏ ညီမဖြစ်သူ အပါအဝင် အမျိုးများနှင့် ကြံ့ခိုင်ရေးပါတီဝင်များ ရွာလုံးကျွတ် ထွက်ပြေးရ ကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ဗိုလ်ချုပ်သာအေး ညီမ ဒေါ်မြဆိုတာ အဲဒီ ချောင်း၀ကြီးကျေးရွာမှာရှိသေးတယ်။ အဲဒီရွာ တစ်ရွာလုံးက အစိမ်းတွေချည်းပဲ။ အနီက လက်ချိုးရေလို့ရတယ်။ အဲဒါ ဒီနေ့မနက်ပိုင်း သာအေးရဲ့ ရွာကို စစ်တပ်က မီးဝင်ရှို့တယ်။ ကြံ့ခိုင်ရေးတွေရော

တပ်ထောက်ခံသူ အစိမ်းတွေ ရော အကုန်ပြေးရတယ်။ စစ်တပ်က အနီအစိမ်းမခွဲတော့ဘူး” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ယနေ့နံနက်ပိုင်း ဘုတလင်မြို့နယ်နှင့် ကနီမြို့နယ်အတွင်းမှ ကျေးရွာ ၆ ရွာကို စစ်တပ်က ဝင်ရောက် မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ပြီး သာအေး၏ မွေးရပ်မြေကျေးရွာ ချောင်း၀ကြီးလည်း ပါဝင်သွားခြင်းဖြစ်ကြောင်း၊ သာအေးကျေးရွာ

ချောင်း၀ကြီးတွင် အိမ်ခြေ ၅၀ ကျော်ရှိပြီး NLD ထောက်ခံသူ အိမ်ခြေ ၇ အိမ် သာရှိကြောင်း သိရှိရသည်။

“သာအေးရွာ ချောင်း၀ကြီးက အစိမ်းများတယ်။ တစ်ရွာလုံးမှာ အနီက ၇ အိမ်လောက်ပဲရှိတယ်။ မနေ့ညနေ ရေဘုတလင်ကျေးရွာဦး မြသိန်းတန်ဘုရားနားမှာ မိုင်းဆွဲလိုက်တာစစ်ခွေး၅ကောင်သေသွားတယ်။ အဲဒါ ဒီမနက်မှာ အနား မှာရှိတဲ့ ကျေးရွာ

၉ ရွာက လူတွေ အကုန်ထွက်ပြေးရတယ်။ ဒီကောင်တွေအနီအစိမ်းမခွဲခြားနိုင်တော့ဘူး။ စိတ်ကြွဆေးသုံးပြီး မိုက်ကမ်းနေတာ” ဟုဒေသခံတစ်ဦးက ပြောသည်။

ယနေ့တွင် စစ်တပ်က ဘုတလင်မြို့နယ်နှင့်ကနီမြို့နယ်အစပ်ရှိ ​ရေဘုတလင်ကျေးရွာ၊ သာယာကုန်းကျေးရွာ၊ ဝက်​ချောင်း​လေးကျေးရွာ၊ ​သာအေး၏ကျေးရွာ ချောင်းဝကြီး၊ သရက်​တောကျေးရွာ၊ ဆင်စမ်း​ကျေးရွာတို့ကို စစ်တပ်က မီးရှို့ဖျက်ဆီးကြောင်း သိရှိရသည်။
ဓာတ်ပုံ- ယခင်န၀တအစိုးရခေတ် ဗိုလ်ချုပ်သာအေး(သမ္မတဦးသိန်းစိန်လက်ထက်တွင် စစ်ကိုင်းဝန်ကြီးချုပ်)။

 

crd khit thit


Leave a Reply

Your email address will not be published.