

ရန်ကုန်၊ ဇူလိုင် ၁၆







Photo- Reuters

တောင်သာမြို့နယ်၊ ရုံးစည်ကြီးရဲစခန်းတွင် ရဲအချင်း ချင်း ပစ်ခတ်မှု ရဲတစ်ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၆

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးစည်ကြီးရဲစခန်းတွင် ယနေ့ လင်မယားရန်ဖြစ်ရာမှ ရဲအချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ရဲတစ်ဦး သေဆုံးကြောင်း တောင်သာမြို့နယ်လူထုလှုပ်ရှားမှုကော်မတီမှ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၅ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၀ မိနစ်အချိန် တောင်သာမြို့နယ်ရုံးစည်ကြီး ရဲစခန်းတွင် အရက်မူးလာသော ရဲတပ်သား ရန်နိုင်ဦးက ၎င်း၏ မိန်းမဖြစ်သူနှင့် စကားများရန်ဖြစ်ရာမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊

ပစ်ခတ်မှုကို ဝင် ရောက်ဟန့်တားသော ရဲတပ်သား အောင်ခိုင်ဝင်း၏ ရင်ဘတ်ကို ကျည် ၂ချက် ဖောက်ဝင်ပြီး ရဲတပ်သား အောင်ခိုင်ဝင်း သေဆုံးသွားကြောင်း၊ ရဲတပ်သားရန်နိုင်ဦး၏မိန်းမဖြစ်သူမှာလည်း လက်မောင်းကျည်ထိမှန်ကြောင်း သိရှိရသည်။

“လက်ရှိစခန်းမှူးက စခန်းမှာမရှိဘူး၊ သူရဲ့လက်အောက် တပ်ကြပ်ကြီး မိုးကြယ်က စခန်းမှူးအဖြစ် တာဝန်ယူထားတဲ့ အချိန်မှာ ပစ်ခတ်မှုဖြစ်တာ။ စခန်းဘက်က မတော်တဆမှုဆိုပြီး သတင်းလွှင့်ပေမယ့် သေဆုံးတဲ့ ရဲတပ်သား အောင်ခိုင်ဝင်းမိသားစုဘက်က မကျေနပ်တော့ အမှုတည်ဆောက်ထားတယ်။

ပစ်ခတ်တဲ့ ရဲတပ်သား ရန်နိုင်ဦးကိုတော့ ဖမ်းဆီးထားပါတယ်” ဟု တောင်သာမြို့နယ်လူထုလှုပ်ရှားမှုကော်မတီမှ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။

ဓာတ်ပုံ- အကြမ်းဖက်ရဲတပ်ဖွဲ့ဝင်တချို့။

Photo- Reuters


ရန်ကုန်၊ ဇူလိုင် ၁၆







Photo- Reuters

Leave a Reply

Your email address will not be published.