မိခင်မှ သမီးဖြစ်သူနဲ့ အကြွေးသွားတောင်းစဉ် လမ်းမှာလူချင်းကွဲသွား၍ အမျိုးသားနှစ်ဦးမှ သမီးဖြစ်သူကို ကြိုးတုတ်ကာ… See more

မိခင်မှ သမီးဖြစ်သူနဲ့ အကြွေးသွားတောင်းစဉ် လမ်းမှာလူချင်းကွဲသွား၍ အမျိုးသားနှစ်ဦးမှ သမီးဖြစ်သူကို ကြိုးတုတ်ကာ… See more

ပဲခူးတိုင်း၊အုတ်တွင်းမြို့၊သကြားစက်အနီးရှိ သီဟိုခြံအတွင်း၌ မိခင်ဖြစ်သူသတ်ဖြတ်ခံရပြီး အ သက်မပြည့်သေးသည့် သမီးဖြစ်သူအဓမ္မပြုကျင့်ခံခဲ့ရမှု ဇူလိုင်၁၄ ရက်(ယနေ့)နံနက်ပိုင်းကဖြစ်ပွားခဲ့ကြောင်း ရင်ခုန်သံရှင်ရေးကူညီမှုအသင်း(အုတ်တွင်းမြို့)မှသိရသည်။

သီဟိုခြံအတွင်း အသက်(၄၀)နှစ်ကျော်ခန့်ရှိ အ မျိုးသမီးတစ်ဦး ဒဏ်ရာများဖြင့်လဲနေကြောင်း သတင်းအရ ရင်ခုန်သံရှင်ရေးကူညီမှုအသင်း (အုတ်တွင်းမြို့)မှ အုတ်တွင်းမြို့မရဲစခန်းသို့ အ ကြောင်းကြားကာ သွားရောက်ကူညီခဲ့ကြသည်။

ထိုသို့ သွားရောက်ကူညီရာ အခင်းဖြစ်နေရာ၌ လဲ ကျနေသည့် အမျိုးသမီးသည် လည်ပင်းပြတ်ရှ၊ဝမ်းဗိုက်ပွင့်ဒဏ်ရာများဖြင့်သေဆုံးနေခြင်းဖြစ်ပြီး ၎င်းနှင့်အတူပါလာသည့် ကလေးငယ်မိန်းက လေးတစ်ဦးလည်း ပျောက်ဆုံးနေကြောင်း သိရသဖြင့် ရှာဖွေခဲ့ကြကြောင်း သိရသည်။

“ဖုန်းသတင်းရတဲ့အချိန်က ၉ နာရီခွဲကျော်လော က်ရှိပြီ အခင်းဖြစ်တဲ့အချိန်ကိုတော့မသိပါဘူး အဲဒီကိုရောက်တဲ့အချိန် မိခင်ဖြစ်တဲ့သူက တော့သေနေပြီ သူနဲ့အတူပါလာတဲ့ကလေးမ‌ လေးပျောက်နေတယ်ဆိုလို့လိုက်ရှာတဲ့အချိန်မှာ ပြန်တွေ့ခဲ့ပါတယ်

ကလေးမလေးက အသက် ၁၃ နှစ်ပဲရှိသေးတ ယ်”ဟု ရင်ခုန်သံရှင်ရေးကူညီမှုအ သင်း(အုတ်တွင်းမြို့)၏တာဝန်ရှိသူကပြော သည်။မိန်း က လေးငယ်၏ ပြောကြားချက်အရ မိခင်ဖြစ်သူနှင့်မိန်းကလေးငယ်တို့သည် အကြွေးတောင်းရန်သွားစဉ် သကြားစက်အနီးရှိ

သီဟိုခြံအနီးအရောက်လူချင်းကွဲသွားကာ ၎င်းထံ သို့ မျက်နှာအားအဝတ်စီးထားသည့် အမျို းသား ၂ ဦးရောက်ရှိလာကာ မိခင်ဖြစ်သူအားမေးမြန်း၍ က လေးငယ်အား ကြိုးတုတ်ရိုက်နှက်ပြီး အဓမ္မ ပြုကျင့်ခံခဲ့ရကာ သတိလစ်သွားခဲ့သည်ဟု သိရသည်။

“ကလေးမလေးပြောပုံအရတော့ သူသတိလစ်သွားတဲ့အတွက် သူ့အမေအသတ်ခံရတာကိုမသိလိုက်ဘူးလို့ပြောတယ် အခုတော့သူ့အမေအ သတ်ခံရတာကိုသိသွားပါပြီ”ဟု ရင်ခုန်သံရှင်ရေးကူညီမှုအသင်း(အုတ်တွင်းမြို့)၏ တာဝန်ရှိသူကပြောသည်။

ထို့ကြောင့် သေဆုံးသူအမျိုးသမီး၏ ရုပ်အ လေ ာင်းနှင့်အဓမ္မပြုကျင့်ခံရသည့် မိန်းကလေးငယ်တို့အား ကမ်းမဲ့လက်များပရဟိတအသင်းကားဖြင့် အုတ်တွင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

“အခု ကလေးမလေးကိုတော့ အုတ်တွင်းဆေးရုံကနေ တောင်ငူဆေးရုံကို ကျွန်တော်တို့အသင်းကားနဲ့ပို့ပေးထားပါတယ် သေဆုံးသွားတဲ့အမျို းသမီးက တော့ အုတ်တွင်းဆေးရုံက ရင်ခွဲရုံမှာပါ”ဟု ရင်ခုန်သံရှင်ရေးကူညီမှုအသင်း(အုတ်တွင်းမြို့)၏ တာ ဝန်ရှိသူကပြောသည်။

အဆိုပါ ဖြစ်စဉ်မှပြစ်မှုကျူးလွန်သူများအား ဖမ်း ဆီးရမိရေးအတွင် အုတ်တွင်းမြို့မရဲစခန်းမှ အမှုဖွင့်ကာစုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Photo-ရင်ခုန်သံရှင်ရေးကူညီမှုအသင်း(အုတ်တွင်ြး
crd

Leave a Reply

Your email address will not be published.