




 








ရပ်ရွာကာကွယ်ရေး PDF ရဲဘော်တစ်ဦး အသေခံမိုင်းခွဲ တိုက်ခိုက်ခဲ့ခြင်း။

(8.7.2022)ရက်နေ့တွင် ရေစကြိုမြို့နယ်နှင့်မြိုင်မြို့နယ်နမိတ်ကြားကို စစ်ကြောင်းထိုး၍ပြန်လာသော စကစများသည်ညနေ (၆) နာရီဝန်းကျင်ခန့်တွင် သဲတောကျေးရွာ ဘုန်းကြီးကျောင်း၌ ယာယီတပ်စွဲထားခဲ့သည်။

သို့သော် ကျွန်တော်တို့ Yesagyo Revolution Group – YRG နှင့် မဟာမိတ်ဖွဲ့ထားသော ရပ်ရွာကာကွယ်ရေးအဖွဲ့မှ ရဲဘော်တစ်ဦးသည် တပ်စွဲထားကြောင်းမသိသေးသဖြင့်

အဆိုပါဘုန်းကြီးကျောင်းကို (၆)နာရီခွဲခန့်တွင် ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားလာခဲ့မိရာ ဘုန်းကြီးကျောင်းရှေ့အရောက်တွင် စကစများမှ သေနတ်များဖြင့် ပစ်ခတ်ခြင်း ခံခဲ့ရသည်။

PDF ရဲဘော်သည် ပစ်ခတ်ခြင်းခံရသောကြောင့် ဆိုင်ကယ်လဲသွားသဖြင့် သူ့တွင်ပါရှိလာသော လက်ပစ်မိုင်းသုံးလုံး ဖြင့် အသေခံမိုင်းခွဲ တိုက်ခိုက်ခဲ့ရာ စကစများ (၁၅) ကောင်ခန့် နေရာတွင်ပွဲချင်းပြီး tay ဆုံးသွားကြောင်း သတင်းသိရှိရပါသည်။

PDF ရဲဘော်လေးအား စကစများသည် ဘုန်းကြီးကျောင်း မြောက်ဘက်ရှိ သဲချောင်းထဲတွင် စိတ်မနှံ့သော ပြည်သူနှစ်ဦးနှင့် မီးရှို့သတ်ဖြတ်ခဲ့ကြပါသည်။

ခွေးအလောင်းများကိုတော့ နောက်နေ့မနက်ပိုင်းမှ ကားများဖြင့် ပခုက္ကူမြို့ပေါ်သို့ သယ်ဆောင်သွားကြောင်း သိရှိရပါသည်။

ဒဏ်ရာအ ပြင်းအထန်ရရှိသော ခွေးများကို ပခန်းကြီးတိုင်းနယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြရာ ဆေးရုံတွင်လည်း စကစများ ထပ်မှန် tay ဆုံးကြောင်း အတွင်းသတင်းအရ သိရှိရပါသည်။

ကျဆုံးသွားသော ရပ်ရွာကာကွယ်ရေးPDF ရဲဘော်လေးအား ကျွန်တော်တို့ Yesagyo Revolution Group – YRG တော်လှန်ရေးအဖွဲ့သားများမှ အလေးနီပြုလိုက်ပါသည်။

Yesagyo Revolution Group – YRG

စစ်ခွေးသချိုင်းနေရာတိုင်း

Leave a Reply

Your email address will not be published.