မြေနီကုန်းတံတားအောက်တွင် ဗုံးပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရသူတချို့ See more……

မြေနီကုန်းတံတားအောက်တွင် ဗုံးပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရသူတချို့ရှိ၊ လှိုင်သာယာ ၅ ထိပ် ပန်းခြံတွင်လည်း ဗုံးပေါက်ပြီး ၂ ဦးထိခိုက်

ရန်ကုန်၊ ဇူလိုင် ၁၂

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတံတအားအောက်တွင် ယနေ့ ည နေ ၃ နာရီကျော်အချိန်တွင် ဗုံးပေါက်ကွဲပြီး

ထိခိုက်ဒဏ်ရာရသူများရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ဗုံးကတော့ မြေနီကုန်းကုန်းတံတားအောက်မှာပေါက်တယ်။ ညနေ ၃ နာရီ ၂၀ ဝန်းကျင်လောက်။ လူ ၂ ဦးထိတယ်။ ၁ယောက်ကို အိမ်စီးကားတစီးနဲ့ဆေးရုံခေါ်သွားတယ်ထင်တယ်။ နောက်၁ ယောက်ကိုစစ်ကားက ခေါ်သွားတယ်။ အခုထိရဲနဲ့စစ်သားတွေ ရှိနေတယ်။ လက်နဲ့ ခြေထောက်တွေ ထိတယ်ပြောတယ်” ဟု မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ဟံသာ၀တီအဝိုင်းအနီး မြို့ထဲမှ ပြန်လာသော ကားများကို စစ်တပ်က ပိတ်ဆို့စစ်ဆေးနေကြောင်း သိရှိရသည်။

အလားတူ လှိုင်သာယာမြို့နယ် ၅ ထိပ် ပန်းခြံနှင့်ပီမိုးနင်းလမ်းထောင့်တွင် ယနေ့ ဇူလိုင် ၁၂ ရက်နေ့ မွန်း လွဲ ၂ နာရီဝန်းကျင်အချိန် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ ၂ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“ဗုံးပေါက်ကွဲတယ်။ နှစ်ယောက်ထိတယ် ပြောတယ်။ စစ်ခွေးတွေ ရောက်နေကြပြီ ဒဏ်ရာရသူတွေက မစိုးရိမ်ရဘူး” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ယခုဗုံးပေါက်ကွဲမှုအပြီး မြေနီကုန်းတံတားအောက် မြင်ကွင်း။

crd

zawgyi

ေျမနီကုန္းတံတားေအာက္တြင္ ဗုံးေပါက္ကြဲၿပီး ထိခိုက္ဒဏ္ရာရသူတခ်ိဳ႕ရွိ၊ လႈိင္သာယာ ၅ ထိပ္ ပန္းၿခံတြင္လည္း ဗုံးေပါက္ၿပီး ၂ ဦးထိခိုက္

ရန္ကုန္၊ ဇူလိုင္ ၁၂

ရန္ကုန္တိုင္း၊ စမ္းေခ်ာင္းၿမိဳ႕နယ္၊ ေျမနီကုန္းတံတအားေအာက္တြင္ ယေန႔ ည ေန ၃ နာရီေက်ာ္အခ်ိန္တြင္ ဗုံးေပါက္ကြဲၿပီး

ထိခိုက္ဒဏ္ရာရသူမ်ားရွိေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။

“ဗုံးကေတာ့ ေျမနီကုန္းကုန္းတံတားေအာက္မွာေပါက္တယ္။ ညေန ၃ နာရီ ၂၀ ဝန္းက်င္ေလာက္။ လူ ၂ ဦးထိတယ္။ ၁ေယာက္ကို အိမ္စီးကားတစီးနဲ႔ေဆး႐ုံေခၚသြားတယ္ထင္တယ္။ ေနာက္၁ ေယာက္ကိုစစ္ကားက ေခၚသြားတယ္။ အခုထိရဲနဲ႔စစ္သားေတြ ရွိေနတယ္။ လက္နဲ႔ ေျခေထာက္ေတြ ထိတယ္ေျပာတယ္” ဟု မ်က္ျမင္ေဒသခံတစ္ဦးက ေျပာသည္။

လက္ရွိတြင္ ဟံသာ၀တီအဝိုင္းအနီး ၿမိဳ႕ထဲမွ ျပန္လာေသာ ကားမ်ားကို စစ္တပ္က ပိတ္ဆို႔စစ္ေဆးေနေၾကာင္း သိရွိရသည္။

အလားတူ လႈိင္သာယာၿမိဳ႕နယ္ ၅ ထိပ္ ပန္းၿခံႏွင့္ပီမိုးနင္းလမ္းေထာင့္တြင္ ယေန႔ ဇူလိုင္ ၁၂ ရက္ေန႔ မြန္း လြဲ ၂ နာရီဝန္းက်င္အခ်ိန္ ဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး လူ ၂ ဦး မစိုးရိမ္ရ ထိခိုက္ဒဏ္ရာရရွိေၾကာင္း သိရွိရသည္။

“ဗုံးေပါက္ကြဲတယ္။ ႏွစ္ေယာက္ထိတယ္ ေျပာတယ္။ စစ္ေခြးေတြ ေရာက္ေနၾကၿပီ ဒဏ္ရာရသူေတြက မစိုးရိမ္ရဘူး” ဟု ေဒသခံတစ္ဦးက ေျပာဆိုသည္။

ဓာတ္ပုံ- ယခုဗုံးေပါက္ကြဲမႈအၿပီး ေျမနီကုန္းတံတားေအာက္ ျမင္ကြင္း။

crd

Leave a Reply

Your email address will not be published.