ဗိုလ်ကြီးရောက်လာမှ ကျနော်တို့ရွာလေးပြာကျသွားရတာပါ အဖြစ်မျိုးမကြုံချင်လို့ ရော်နယ်ဒိုခေါ်ယူမှုကို စိုးရွံ့နေတဲ့ တူချယ်လ်

ချယ်လ်ဆီးအသင်းနည်းပြတူချယ်လ်ဟာ စီရော်နယ်လ်ဒိုကိုကြိုးပမ်းနေတဲ့အပေါ် သဘောမကျဖြစ်နေပြီး မန်ချက်စတာယူနိုက်တက်နည်းပြဟောင်းဆိုးလ်ရှား တုန်းကလို အဖြစ်ဆိုးမျိုးနဲ့ရင်ဆိုင်ရမှာကို စိုးရိမ်နေပါတယ်။ တူချယ်လ်အနေနဲ့ လာမယ့်ရာသီသစ်ကျရင် ယာဂန်ကလော့ပ်ပုံစံမျိုး တိုက်စစ်ကို

ပြောင်းလွယ် ပြင်လွယ်နိုင်တဲ့ Flexible Forward ကစားဟန်အသုံးပြုဖို့ဆန္ဒရှိနေပြီး ဂိုးရဖို့အထောင်တိုက်စစ်မှူးတစ်ဦးတည်းအပေါ် မှီခိုနေရတာမျိုး အဖြစ်မခံချင်ပါဘူး။ တူချယ်လ်ဟာ တိုက်စစ်မှာ ဟားဗတ်ဇ်ကို ဖေမီနိုလိုမျိုး False 9 နေရာမှာ အသုံးချင်နေပြီး မကြာခင်ခေါ်ယူနိုင်တော့မယ့် စတာလင်၊

အသင်းကို ရောက်လာဖို့ရှိနေတဲ့ လိဒ်စ်တိုက်စစ်ကစားသမားရာဖင်ဟာတို့ကို တွဲဖက်အသုံးပြုဖို့ဆန္ဒရှိနေပါတယ်။ ချယ်လ်ဆီးအသင်းပိုင်ရှင်သစ် တော့ဒ်ဘိုလီဟာ စီရော်နယ်လ်ဒိုကိုခေါ်ယူဖို့စိတ်ဝင်စားနေပြီး စီရော်နယ်လ်ဒိုရဲ့ သွင်းဂိုးစွမ်းရည်၊ ဈေးကွက်အကျိုးစီးပွားအရ ခေါ်ယူချင် နေတာဖြစ်ပါတယ်။

ဒါပေမဲ့လည်း တူချယ်လ်ကတော့ ယူနိုက်တက်အသင်းကို စီရော်နယ်လ်ဒိုရောက်လာချိန်မှာ အသင်းရဲ့ဟန်ချက်အပေါ် ထိခိုက်ခဲ့တာမျိုး သူ့အသင်းမှာ မဖြစ်စေချင်တဲ့အတွက် စီရော်နယ်လ်ဒိုကိုခေါ်ယူမယ့်ကိစ္စကို သဘောမတူဖြစ်နေတာပါ။ ယူနိုက်တက်နည်းပြဟောင်းဆိုးလ်ရှားဟာ ပြီးခဲ့တဲ့

ရာသီအစပိုင်းက ဆန်ချို၊ ဂရင်းဝုဒ်၊ ရပ်ရှ်ဖို့ဒ်တို့နဲ့ တိုက်စစ် တည်ဆောက်ဖို့စီစဉ်ခဲ့ပေမယ့် စီရော်နယ်လ်ဒိုရောက်လာချိန်မှာတော့ သူ့အစီအစဉ်က အလုပ်မဖြစ်ခဲ့ဘဲ အသင်းတိုက်စစ်ဟာ ဟန်ချက်မညီ ဖြစ်ခဲ့ရပါတယ်။ ချယ်လ်ဆီးအသင်းဟာ စီရော်နယ်လ်ဒိုကို ပေါင်(၁၄)သန်းနဲ့ ကမ်းလှမ်းဖို့ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေ ပြီးခဲ့တဲ့ရက်ပိုင်းက ထွက်ပေါ်ခဲ့ပြီး ယူနိုက်တက်ကတော့ သူတို့ကစားသမားကို ရောင်းချမှာမဟုတ်ဘူးလို့ ငြင်းဆန်ထားပါတယ်။

 

[Zawgyi]
ခ်ယ္လ္ဆီးအသင္းနည္းျပတူခ်ယ္လ္ဟာ စီေရာ္နယ္လ္ဒိုကိုႀကိဳးပမ္းေနတဲ့အေပၚ သေဘာမက်ျဖစ္ေနၿပီး မန္ခ်က္စတာယူႏိုက္တက္နည္းျပေဟာင္းဆိုးလ္ရွား တုန္းကလို အျဖစ္ဆိုးမ်ိဳးနဲ႔ရင္ဆိုင္ရမွာကို စိုးရိမ္ေနပါတယ္။ တူခ်ယ္လ္အေနနဲ႔ လာမယ့္ရာသီသစ္က်ရင္ ယာဂန္ကေလာ့ပ္ပုံစံမ်ိဳး တိုက္စစ္ကို

ေျပာင္းလြယ္ ျပင္လြယ္ႏိုင္တဲ့ Flexible Forward ကစားဟန္အသုံးျပဳဖို႔ဆႏၵရွိေနၿပီး ဂိုးရဖို႔အေထာင္တိုက္စစ္မႉးတစ္ဦးတည္းအေပၚ မွီခိုေနရတာမ်ိဳး အျဖစ္မခံခ်င္ပါဘူး။ တူခ်ယ္လ္ဟာ တိုက္စစ္မွာ ဟားဗတ္ဇ္ကို ေဖမီႏိုလိုမ်ိဳး False 9 ေနရာမွာ အသုံးခ်င္ေနၿပီး မၾကာခင္ေခၚယူႏိုင္ေတာ့မယ့္ စတာလင္၊

အသင္းကို ေရာက္လာဖို႔ရွိေနတဲ့ လိဒ္စ္တိုက္စစ္ကစားသမားရာဖင္ဟာတို႔ကို တြဲဖက္အသုံးျပဳဖို႔ဆႏၵရွိေနပါတယ္။ ခ်ယ္လ္ဆီးအသင္းပိုင္ရွင္သစ္ ေတာ့ဒ္ဘိုလီဟာ စီေရာ္နယ္လ္ဒိုကိုေခၚယူဖို႔စိတ္ဝင္စားေနၿပီး စီေရာ္နယ္လ္ဒိုရဲ႕ သြင္းဂိုးစြမ္းရည္၊ ေဈးကြက္အက်ိဳးစီးပြားအရ ေခၚယူခ်င္ ေနတာျဖစ္ပါတယ္။

ဒါေပမဲ့လည္း တူခ်ယ္လ္ကေတာ့ ယူႏိုက္တက္အသင္းကို စီေရာ္နယ္လ္ဒိုေရာက္လာခ်ိန္မွာ အသင္းရဲ႕ဟန္ခ်က္အေပၚ ထိခိုက္ခဲ့တာမ်ိဳး သူ႔အသင္းမွာ မျဖစ္ေစခ်င္တဲ့အတြက္ စီေရာ္နယ္လ္ဒိုကိုေခၚယူမယ့္ကိစၥကို သေဘာမတူျဖစ္ေနတာပါ။ ယူႏိုက္တက္နည္းျပေဟာင္းဆိုးလ္ရွားဟာ ၿပီးခဲ့တဲ့

ရာသီအစပိုင္းက ဆန္ခ်ိဳ၊ ဂရင္းဝုဒ္၊ ရပ္ရွ္ဖို႔ဒ္တို႔နဲ႔ တိုက္စစ္ တည္ေဆာက္ဖို႔စီစဥ္ခဲ့ေပမယ့္ စီေရာ္နယ္လ္ဒိုေရာက္လာခ်ိန္မွာေတာ့ သူ႔အစီအစဥ္က အလုပ္မျဖစ္ခဲ့ဘဲ အသင္းတိုက္စစ္ဟာ ဟန္ခ်က္မညီ ျဖစ္ခဲ့ရပါတယ္။ ခ်ယ္လ္ဆီးအသင္းဟာ စီေရာ္နယ္လ္ဒိုကို ေပါင္(၁၄)သန္းနဲ႔ ကမ္းလွမ္းဖို႔ျပင္ဆင္ေနတယ္ဆိုတဲ့ သတင္းေတြ ၿပီးခဲ့တဲ့ရက္ပိုင္းက ထြက္ေပၚခဲ့ၿပီး ယူႏိုက္တက္ကေတာ့ သူတို႔ကစားသမားကို ေရာင္းခ်မွာမဟုတ္ဘူးလို႔ ျငင္းဆန္ထားပါတယ္။

 

Crd caption

Leave a Reply

Your email address will not be published.