ဘုန်းကြီးကျောင်းတွင် ညအိပ်ယာဝင်ခါနီး ဘု န်းကြီး(၂)ပါး စကားကြရာမှ ကျောင်း ထိုင်ဆရာ တော် လက်ချက်ဖြင့် ရဟန်းတစ်ပါး ပျံလွန်တော်မူ

ဘုန်းကြီးကျောင်းတွင် ညအိပ်ယာဝင်ခါနီး ဘု န်းကြီး(၂)ပါး စကားကြရာမှ ကျောင်း ထိုင်ဆရာ တော် လက်ချက်ဖြင့် ရဟန်းတစ်ပါး ပျံလွန်တော်မူ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အပေါက်ဝ ရဲစခန်းအပိုင် ကြောင်ဖိုကျေးရွာအနီးရှိ နန်းတက် ဘုရားသိမ်တွင် ခိုက်ရန်ဖြစ်ပွားပြီး အမည်မသိ ရဟန်းတစ်ပါး ပျံလွန်သွားကြောင်း သတင်းရရှိသည်။ပျံလွန်သွားတဲ့ ရဟန်းရဲ့

နာမည်လည်း မသိရသေးဘူး။ နေရပ်လည်း မသိရသေးဘူး။ ဖြစ်စဉ် ဖြစ်ပွားတာကတော့ မှန်ကန်ပါတယ်” ဟု အပေါက်ဝရဲစခန်းမှူးက နိရဉ္စရာ သတင်းဌာနသို့ အတည်ပြု ပြောကြားသည်။ကြေ ာင်ဖိုကျေးရွာ အနီးတွင် နန်းတက် ဘုရားသိမ် ရှိ ကြောင်း၊ ၎င်းသိမ်တွင် မြောက်ဦးမြို့နယ် သရက်တောရွာမှ

၀ါတော် ၉ ၀ါ၊ သက်တော် ၆၂ နှစ်ရှိပြီဖြစ်သော ဆရာတော် ဦးဣန္ဒြိယမှ သိမ်စောင့်အဖြစ် သီ တင် း သုံးနေကြောင်း၊ ၎င်းသိမ်သို့ ယမန်နေ့ ည ၈ နာရီအချိန်တွင် အမည်မသိ ရဟန်းတစ်ပါး ရောက် လ ာကြောင်း၊ ၎င်းရဟန်းမှာ စက်လှေဖြင့် လာသည်ဟု ပြောဆိုကြောင်း၊

စက်လှေမှာ မည်သည့် စက်လှေဟုမသိရသေ ာ်လည်း လိုင်းစက်လှေဖြင့် လာသည်ဟု ယူဆရ ကြောင်း၊ ၎င်းရောက်ရှိလာသည့် ရဟန်းမှ သိမ်စောင့်နေသော ဆရာတော် ဦးဣန္ဒြိယအား သိမ်တွင် တစ်ည တည်းခိုခွင့်ပြုရန် လျှောက်ထားကြောင်း၊

ဆရာတော် ဦးဣန္ဒြိယ မှလည်း သံဃာအချင်း ချင်း ဖြစ်၍ ခွင့်ပြုခဲ့ကြောင်း၊ ညဉ့် ၁၁ နာရီအချိန်တွင် ၎င်းတည်းခိုရန် ရောက်ရှိ လာသည့် ရဟန်းမှ သိမ်ရှိ ပြတင်းပေါက်မှန်များအား ရိုက်ခွဲကြောင်း၊ မည်သည့်အတွက် ရိုက်ခွဲသည်ကို မသိရကြောင်း၊ ထိုသို့ ရိုက်ခွဲသည်ကို ဆရာတော် ဦးဣန္ဒြိယမှ

မည်သည့်အတွက် ရိုက်ခွဲသည်ဟုဆိုကာ မေးမြန်းပြီး ဟန့်တားကြောင်း၊ဟန့်တားသူ ဆရာတော် ဦးဣန္ဒြိယအား ဆဲဆိုပြီးနောက် ဆက်လက်ရိုက်ခွဲရာ ထွေးလုံးရိုတ်ပုတ်ကြကြောင်း၊ ၎င်းတည်းခိုရန် ရောက်ရှိလာသည့် ဧည့်သည် ရဟန်းမှ အနီးအနားရှိ နှစ် ပတ်လည် အရှည် ၈ လက်မရှိသော ပျဉ် းကတိုး သစ်သားပိုင်း တစ်ခုကို ရရှိသွားပြီး

ဆရာတော် ဦးဣန္ဒြိယအား ရိုက်ကြောင်း၊ ဆရာ တော် ဦးဣန္ဒြိယမှ ပြန်လုယူရာ ၎င်းသစ်သားပိုင်းကို ရရှိသွားကြောင်း၊ ၎င်းအချိန်တွင် တည်းခိုရန် ရောက်လာသည့် ရဟန်းတော်မှ ဆရာတော် ဦးဣန္ဒြိယ၏ လည်ပင်းအားဖျစ်ပြီး ညှစ်ရာ ဆရာတော် ဦးဣန္ဒြိယမှ ကြောက်အား လန့်အားဖြင့် သူရရှိထားသော

သစ်သားပိုင်းဖြင့် ၎င်းရဟန်း၏ ဦးခေါင်းအားရို က်ရာ ဒဏ်ရာရရှိသွားခဲ့ကြောင်း ဖြစ်စဉ်နှင့် ပတ် သက်ပြီး စစ်ဆေးတွေ့ရှိချက်ကို အပေါက်ဝ စခ န်းမှူးမှ ပြောဆိုသည်။အဲသလို ဖြစ်ပြီးနောက် ဆ ရာတော် ဦးဣန္ဒြိယက ရွာသားတွေကို သွား ရေ ာက် အကြောင်း ကြားတယ်။ ရွာသားတွေရေ ာက်လာပြီးနောက် နံနက် ၄ နာရီခန့်မှာ

အဲဒီ ဧည့်သည် ရဟန်းက ပျံလွန်သွားတယ်လို့ သိရပါတယ်။ ကျွန်တော်တို့ သိတာက ဒီကနေ့ နံနက် ၉ နာရီ ၂၀ မှာမှ သိရတာ ဖြစ်ပါတယ်။ စစ်ဆေးတော့ ဦးခေါင်းမှာ ဒဏ်ရာ ၁၀ ချက်ရရှိတာကို တွေ့ရပါတယ်” ဟု စခန်းမှူးက ဆက်လက် ပြောကြားသည်။

ပျံလွန်သွားခဲ့သည့် ရဟန်းတော်အမည်၊ နေရပ်လိ ပ်စာများကို စုံစမ်းနေဆဲ ဖြစ်ကြောင်း၊ ပျံလွန်သွားသော ရဟန်းအလောင်းအား အပေါက်ဝ သချိင်္င်္ုင်းတွင် ယနေ့ သဂြိင်္ုလ်ကြောင်း၊ ဆရာတော် ဦးဣန္ဒြိယအား ယခုအခါ ဖမ်းဆီးထိန်းသိမ်းထားကြောင်း စခန်းမှူးက ပြောကြားသည်။

Crd

Leave a Reply

Your email address will not be published.