





#Credit

 

Unicode

မင်္ဂလာပွဲကျင်းပလို့မပြီးသေးပေမယ့် သတို့သားဖြစ်သူက အခန်းထဲပြေးဝင်ကာ ဂိမ်းသွားဆော့နေလို့ မင်္ဂလာဆောင်မှာမပျော်ရပဲ ငိုနေရသည့်သတို့သမီး

မင်္ဂလာဆောင်သည့်နေ့ရက်လေးသည်လူတိုင်းရဲ့ဘဝအတွက် အရေးကြီးဆုံးအချိန်တွေထဲကတစ်ခုဖြစ်ကြပေသည်။

သို့ပေမယ့် ဗီယက်နမ်နိုင်ငံမှ ကျင်းပပြုလုပ်သော မင်္ဂလာပွဲလေးတွင် သတို့သားဖြစ်သူရဲ့ လုပ်ရပ်တစ်ခုကြောင့် အများမှဒေါသထွက်ကာ သတို့သမီးလေးအား သနားနေကြသည်။

သတို့သားဖြစ်သူသည် မင်္ဂလာပွဲတွင် ယောကျာ်းတစ်ယောက်အနေနဲ့ ဦးစီးဦးဆောင်လုပ်မည်မရှိပဲ မင်္ဂလာပွဲပင်ကျင်းပလို့မှမပြီးသေးပဲနဲ့ အခန်းထဲပြေးဝင်ကာ လိုင်းပေါ်ကနေချိန်းထားသော ဆော့ဖော်ဆော့ဖက်သူငယ်ချင်းတွေနဲ့အတူ ဂိမ်းဆော့နေခဲ့သည်။

သတို့သမီးလေးသည် သူမချစ်ရသောသူနဲ့ မင်္ဂလာဆောင်နေရပြီဖြစ်၍ ပျော်နေရင်းက သတို့သားကို အခန်းထဲကနေလိုက်ခေါ်ခဲ့သော်လည်း ခဏလေးစောင့်ဖို့သာပြောပြီး သူမအားဂရုမစိုက်ပဲ ဂိမ်းကိုပဲ ဆက်ဆော့နေခဲ့သည်။

နောက်ဆုံးတွင် ခေါ်ရတာစိတ်မရှည်လာသောသတို့သမီးလေးမှာ ဝမ်းနည်းမျက်ရည်တွေကျလာပြီးတော့ သတို့သားအား ကွာရှင်းရန်ပြောဆိုလိုက်ရာမှပဲ ဂိမ်းထဲကထွက်ပြီး ပြန်ချော့ခဲ့တော့သည်။

#Credit

Leave a Reply

Your email address will not be published.