ယနေ့မှ နောက်၂၄နာရီမှ ၇၂နာရီအတွင်း မိုးကြီးလေထန်နိုင်တဲ့ ဒေသများ🌧🌧🌧

ယနေ့မှ နောက်၂၄နာရီမှ ၇၂နာရီအတွင်း မိုးကြီးလေထန်နိုင်တဲ့ ဒေသများ🌧🌧🌧

Unicode
18/05/2022 🌧🌧🌧🌧🌧 ပူတာအိုခရိုင် မိုးညှင်းခရိုင် ဗန်မော်ခရိုင် မြစ်ကြီးနားခရိုင် မိုးရွာနိုင်ပါတယ်

18/05/2022 နောက်၂၄နာရီမှ ၇၂နာရီအတွင်း ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် မုတ္တမပင်လယ်ကွေ့တွင် မိုးကြီးလေထန်နိုင်ပါတယ်

 

မေလ လက်ကျန်ရက်တွေမှာ မုတ်သုန်လေညှင်း တနိုင်ငံလုံးကိုရောက်ရှိကာ ဆည်ရေသောက်တောင်သူလယ်သမားများ မိုးကောင်းသောက်တောင်သူလယ်သမားများအားလုံး စိုက်ပျိုးရေအလုံအလောက်ရရှိစေပါမယ်

ကပ္ပလီပင်လယ်ပြင်မှာ မုတ်သုန်လေအားကောင်းနေပါတယ် ၂၄နာရီအတွင်း တနင်္သာရီတိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် ရန်ကုန်တိုင်း ဧရာဝတီတိုင်းဒေသတွေမှာ မိုးများရွာသွန်းနိုင်ပါတယ်

 

18/05/2022 🌧🌧🌧🌧🌧 ဘိုကလေး ဒေးဒရဲ ဖျာပုံ ကျိုက်လတ် ကော့မှူး ကွမ်းခြံကုန်း မော်ကျွန်း ဟိုင်းကြီး ပြင်စလူ ချောင်းဝ ဟိုင်းကြီး မော်တင် လပွတ္တာငပုတော မြောင်းမြ အိမ်မဲ ပုသိမ် ကန်ကြီးထောင့် ချောင်းသာ ငွေဆောင် မိုးကြီးနိုင်ပါတယ်

18/05/2022 🌧🌧🌧🌧🌧ရန်ကုန်မိုးအငြိုးနဲ့ရွာမည် ခရမ်းပိန်းကန် သက္ကလ အုန်းနဲ ကဝ မိုးကြီးနိုင်သဖြင့် စပါးပျိုးကြဲခင်းများ ရေနစ်မြုပ်မှုမဖြစ်စေရန်ရေနုတ်မြောင်းများရေစီးရေထွက်ကောင်းအောင်လုပ်ဆောင်ထားကြပါ

 

၂၀၂၂ မေလ ၁၈ရက်နေ့မှ ၂၁ရက်နေ့အတွင်းကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့်မုတ္တမပင်လယ်ကွေ့တွင် အနောက်တောင်မုတ်သုန်လေအားအလွန်ကောင်းစွာစီးဝင်ရောက်ရှိလာနိုင်ပြီး တနင်္သာရီတိုင်းမြောက်ပိုင်း

ကရင်ပြည်နယ်မွန်ပြည်နယ် ပဲခူးတိုင်း ရန်ကုန်တိုင်း ဧရာဝတီတိုင်း ရခိုင်ပြည်နယ်တောင်ပိုင်းဒေသတွေမှာ မိုးများစွာရွာသွန်းနိုင်ပြီး

တနင်္သာရီကမ်းရိုးတန်း မုတ္တမပင်လယ်ကွေ့ ရန်ကုန်ကမ်းရိုးတန်းဧရာဝတီကမ်းရိုးတန်း ပင်လယ်ကမ်းခြေဒေသတွေမှာ မိုးကြီးရေလျှံနိုင်ပါတယ်

၂၀၂၂မေလ ၂၄ရက်နေ့မှ ၂၆ရက်နေ့အတွင်း မြန်မာတစ်နိုင်ငံလုံးကို မုတ်သုန်လေလွမ်းခြုံရောက်ရှိသွားစေနိုင်ပါတယ်

 

20/05/2022 ရက်နေ့ ပဲခူးတိုင်းအရှေ့ပိုင်း ဒိုက်ဦး ပြွန်တန်ဆာ ညောင်လေးပင် ပိန်းဇလုတ် ဖတို ညောင်ပင်သာညောင်ခြေထောက် တောကျွဲအင်း

ကျောက်တံခါး ကညွှတ်ကွင်း ဖြူး ဇေယျဝတီ ကျွဲပွဲ အုတ်တွင်းထန်းတပင် တောင်ငူ သံတောင်ကြီး ရေတာရှည် ဒေသတွေမှာ မုတ်သုန်မိုးတွေရွာလာနိုင်ပါတယ်

၎င်းဒေသများတွင် ယခုရွာနေတဲ့မိုးများသည် မုတ်သုန်ကြိုမိုးတွေသာဖြစ်ပြီး မုတ်သုန်မိုးမဟုတ်သေးပါဘူး မေလ ၂၀ရက်နေ့မှ မုတ်သုန်မိုးတွေစတင်ရွာသွန်းမှာဖြစ်ပါတယ်

 

၂၀၂၂ မေလ ၂၄ရက် ၂၅ရက် ၂၆ရက်နေ့တွေမှာ မြန်မာနိုင်ငံ ကယားပြည်နယ် ရှမ်းပြည်နယ်တောင်ပိုင်း ရှမ်းပြည်နယ်အရှေ့ပိုင်း ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ချင်းရိုင်ခရိုင် ဒေသတွေမှာမိုးများစွာရွာသွန်းနိုင်ပြီး မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ်တလျှောက် မိုးကြီးနိုင်ပါတယ်

၂၀၂၂ မေလ ၁၉ရက် ၂၀ရက် ၂၁ရက်နေ့များတွင် မော်တင် ဟိုင်းကြီး ချောင်းဝ ငပုတော ငရုတ်ကောင်း ဂေါ်ရင်ဂျီကျွန်း ချောင်းသာ ငွေဆောင် ပုသိမ် မြောင်းမြ အိမ်မဲ ကျောင်းကုန်း

ကန်ကြီးထောင့် ရေကြည်အသုတ် အထောင် ငသိုင်းချောင်း လေးမျက်နှာ မြို့ကွင်းကွင်းကောက် ဘက်ရဲ ဂွမြို့ ဒေသတွေမှာ မိုးကြီးနိုင်သဖြင့် ရေကြီးနစ်မြုပ်မှုတွေဖြစ်ပေါ်နိုင်ပါတယ်

စစ်တောင်းမြစ်ရဲ့ပင်လယ်ဝ မုတ္တမပင်လယ်ကွေ့ဗဟိုပြုပြီး upper air circulation အထက်လေဝဲစနစ်တစ်ခုဖြစ်ပေါ်နေပါတယ် မုတ်သုန်လေဆွဲတင်အားစနစ်တစ်ခုသာဖြစ်ပါတယ် အဆိုပါဖြစ်စဥ်ကြောင့်

တနင်္သာရီတိုင်းမြောက်ပိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် ပဲခူးတိုင်း ရန်ကုန်တိုင်းဧရာဝတီတိုင်းတွေမှာ မိုးများစွာရွာသွန်းနိုင်ပါတယ် ရေကြီးရေလျှမှုတွေဖြစ်ပေါ်နိုင်သဖြင့် အထူးသတိထားကြပါ

 

မေလ၂၀ရက်နေ့မှ ၂၅ရက်နေ့အတွင်း နေပြည်တော် မကွေးတိုင်း မန္တလေးတိုင်း ရှမ်းပြည်နယ်တွေမှာလည်းမုတ်သုန်မိုးတွေရွာလာနိုင်ပါတယ်

၂၀၂၂ မေလ ၁၈ရက်နေ့မှ ၂၃ရက်နေ့အထိ သရက်ချောင်း လောင်းလုံထားဝယ်ကန်ပေါက် ရေဖြူ မေတ္တာမြို့ ရေးမြို့ လမိုင်း သံဖြုဇရပ် ကျိုက်ခမီ ဒေများတွင် မိုးများဆက်တိုက်ရွာသွန်းကာမိုးကြီးနိုင်သဖြင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လာနိုင်ပါတယ် ဘေးကင်းကြပါစေ

18/05/2022 ဧရာဝတီတိုင်းတွင်မိုးရွာနိုင်ပြီး ပြင်စလူ ဟိုင်းကြီး ချောင်းဝ မော်တင် ဂေါ်ရင်ဂျီကျွန်း ငရုတ်ကောင်း ငပုတောပုသိမ် အိမ်မဲ မြောင်းမြ ငွေဆောင် ချောင်းသာ မိုးကြီးနိုင်ပါတယ်

 

မုတ်သုန်လေဦးသည် မုတ္တမပင်လယ်ကွေ့အတွင်းဦးတည်ထိုးနေသဖြင့် မုတ္တမပင်လယ်ကွေ့ဒေသများဖြစ်တဲ့ မွန်ပြည်နယ်ကရင်ပြည်နယ် နောက်၅ရက်အတွင်း မိုးကြီးရေလျှံသတိပြုရပါမည်

22/05/2022 ရက်နေ့အတွင်း ဧရာဝတီတိုင်း ဟင်္သာတခရိုင် ပုသိမ်ခရိုင် မအူပင်ခရိုင် မြောင်းမြခရိုင် လပွတ္တာခရိုင်တွေမှာ မိုးသည်းထန်စွာရွာသွန်းနိုင်ပါတယ် ရေကြီးရေလျှံသတိပြုကြပါ

မွန်ပြည်နယ် ကရင်ပြည်နယ် ရန်ကုန်တိုင်း ဧရာဝတီတိုင်းရခိုင်ပြည်နယ်တောင်ပိုင်းနှင့် ပဲခူးတိုင်းတောင်ပိုင်းဒေသတွေရဲ့ အထက်အမြင့် ပေ၁၀၀၀၀ ခန့်

700 mbar (UAC) Upper air circulation အထက်လေဝဲစနစ်ဖြစ်ပေါ်နေပါတယ် နောက်၃ရက်အထိကြာမြင့်နိုင်ပြီး အဆိုပါဒေသတွေမှာမိုးကြီးရေလျှံနိုင်ပါတယ်

အနောက်တောင်မုတ်သုန်လေသည် မွန်ပြည်နယ်အထိရောက်ရှိခဲ့ပြီး ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင်တွေမှာ အားအလွန်ကောင်းနေပါတယ်

ယနေ့မှစ၍ မေလ ၂၄ရက်နေ့အထိ တနင်္သာရီတိုင်း ကရင်ပြည်နယ် မွန်ပြည်နယ် ရန်ကုန်တိုင်း ဧရာဝတီတိုင်း ရခိုင်ပြည်နယ်တောင်ပိုင်းဒေသတွေမှာ မိုးများစွာရွာသွန်းနိုင်ပါတယ်
crd

 

Zawgyi




 





 






 





 






 




 

 




Crd#


Leave a Reply

Your email address will not be published.