ယောက္ခမဖြင့် အတူနေထိုင်တဲ့ မြေမလေးကို သမက်ဖြစ်သူမှ ချစ်ကြိုက်နေရာ ယောက္ခမမှ သိသွားတဲ့အခါမှတော့… See more

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ် လေသာကျေးရွာ၌ သားမက်လုပ်သူက ယောက္ခမကို ပြန်သတ်သော အမှုတစ်မှု နံနက် ၀၀း၃၀ အချိန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နံနက် ၀၀း၃၀ နာရီက လေသာကျေးရွာနေထိုင်သူ မသန်းနုလွင်သည် မိခင်ဖြစ်သူ ဒေါ်ကြည်သန်းနေထိုင်သည့်

နှစ်အိမ်ကျော်မှ မိခင်၏ အော်သံကြား၍ သွားရောက် ကြည့်ရှုရာ ဝဲ/ယာ ရင်ညွန့် နှစ်ဘက်စလုံးတွင် ထိုးသွင်းဒါဏ်ရာများဖြင့် ဂယောင်ခြောက်ချားဖြစ်နေသဖြင့် လေသာတိုက်နယ်ဆေးရုံသို့ဖို့ဆောင်၍ ဆေးကုသနေစဉ် သေဆုံးသွားကြောင်းသိရသည်။

အဆိုပါသေဆုံးမှုဖြစ်စဉ်ကြောင့် မသန်းနုလွင်က တရားလိုပြုလုပ်၍ ထီးချိုင့်မြို့မရဲစခန်းသို့ အမှုရေးဖွင့် တိုင်ကြားလာသဖြင့် ရဲစခန်းမှူး ဒုရဲမှူးရဲထွဋ်အောင်က အမှုရေးဖွင့် စစ်ဆေးဆောင်ရွက်ခဲ့သည်။

ဒုရဲမှူးရဲထွဋ်အောင်နှင့် ရဲတပ်ဖွဲ့ဝင်များသည် လေသာကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပစ္စည်းသက်သေ လူသက်သေများအား စစ်ဆေးမေးမြန်းခြင်းများပြုလုပ်ကြရာ မသန်းနုလွင်၏ ခင်ပွန်း တစ်ဖြစ်လည်း သေဆုံးသူ ဒေါ်ကြည်သန်း၏ သားမက်ဖြစ်သူ ဝင်းဗိုလ်မှာ

ဒေါ်ကြည်သန်းနှင့် အတူနေသည့် မြေးမလေးကို တဖက်သတ် ချစ်ကြိုက်ခဲ့သဖြင့် ပိုးပန်းနေရာ ပိုးကြေးပန်းကြေးများ လာရောက်ပေးနေသည်ကို ဒေါ်ကြည်သန်းမှ သိရှိခဲ့ရသည်။”ထိုသို့သိရှိရသဖြင့် သားမက်ဖြစ်သူအား ရှေ့ဆက်မတိုးရန်နှင့် ရှေ့ဆက်တိုးလာပါက ဆွေမျိုးသားချင်းများနှင့်

ရဲစခန်းသို့ အသိပေး အကြောင်းကြားသွားမည်ဖြစ်ကြောင်း ယောက္ခမဖြစ်သူက ပြောဆိုခဲ့ဘူးကြောင်း”နှင့် “ယင်းပြောဆိုမှုကို အမှတ်ထားကာ တရားခံ ဝင်းဗိုလ်သည်

ညသန်းခေါင်အချိန်တွင် ၎င်းနေထိုင်ရာနေအိမ်နှင့် နှစ်အိမ်ကျော်၌ နေထိုင်သော ယောက္ခမ ဖြစ်သူနှင့် ၎င်းချစ်ကြိုက် နေသည့် မိန်းခလေးတို့ နှစ်ဦးတည်း အတူအိပ်နေစဉ်

သုံးမြှောင့်တံဇင်းဖြင့် ဒေါ်ကြည်သန်းအား သုံးချက်ဆင့်၍ ထိုးသတ်ခဲ့သည်ကို စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း” ဒုရဲမှူး ရဲထွဋ်အောင်က ပြောဆိုခဲ့သည်။

စစ်ဆေးပေါ်ပေါက်ချက်အရ လူသတ်တရားခံ ဝင်းဗိုလ် အသက် ၄၆ နှစ် လေသာကျေးရွာနေထိုင်သူအား ၎င်း၏ ဇနီးဖြစ်သူ မသန်းနုလွင်က တရားလိုပြုလုပ်၍ တိုင်းတန်းခဲ့ရာ ဒုရဲမှူးရဲထွဋ်အောင်က ထီးချိုင့်မြို့မရဲစခန်းတွင် အမှုရေးဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#Credit

Unicode

Leave a Reply

Your email address will not be published.