မိခင်မှ ထမင်းချက်နေစဉ် (၄)နှစ်အရွယ် သမီးဖြစ်သူ ပျောက်၍ လိုက်ရှာရာ ငိုနေတာတွေ့လို့ မေးကြည့်လိုက်တဲ့အခါမှာတော့

တနင်္သာရီမြို့နယ် ၊ လယ်သစ်အရှေ့ကမ်းကျေးရွာတွင် ၄ နှစ်အရွယ်မိန်းကလေးငယ်အား ၁၇ နှစ်အရွယ် အမျိုးသား မှ အဓမ္မပြုကျင့်ခဲ့ကြောင်း သိရပါတယ်။လယ်သစ်အရှေ့ကမ်းကျေးရွာတွင်နေထိုင်တဲ့ မနှင်းမိုးအေးသည် ၎င်း၏မိခင်နေအိမ်တွင်ထမင်းချက်နေစဉ်

သမီးဖြစ်သူ ပိုးပိုးရွှေရည် (ခ) ပိုးပိုး(၄)နှစ်၊ ဟာ အိမ်နီးချင်း မစန်းဌေးရဲ့နေအိမ်မှာ ဆော့ကစားနေခဲ့ တာပါ။ နံနက် ၁၀ နာရီခန့်မှ သမီးဖြစ်သူဆော့ကစားတဲ့နေရာမှာမရှိလို့ သမီးနာမည်အော်ခေါ်၍လိုက်လံရှာဖွေရာ

ကျေးရွာစာသင်ကျောင်းထဲမှ ထွက်ပြေးလာလို့ မနှင်းမိုးအေးမှ သမီးဖြစ်သူရဲ့မိန်မကိုယ်ကိုမသင်္ကာ၍ စမ်းကြည့်ရာ ဘောင်းဘီနှင့်မိန်းမကိုယ်တွင် သုတ်ရည်များပေကျံနေတာ တွေ့ရှိသဖြင့်

မေးမြန်းရာ တစ်ရွာတည်းနေသူ မောင်ကြည်ယာလင်း(ခ) သံချောင်း ဆိုသူမှ ကျောင်းအိမ်သာအတွင်းမှာ အဓမ္မပြုကျင့်ခဲ့ကြောင်း သိရပါတယ်။””၄ နှစ်အရွယ်ကလေးမလေးကို ၇ တန်းကျောင်းသား မောင်ကြည်ယာလင်းက ခေါ်သွားပြီးစာသင်ကျောင်းထဲကအိမ်သာထဲမှာ

အဓမ္မပြုကျင့်တယ်။ သိပ်တော့မကြာဘူး ကိစ္စပြီးသွားတော့ ကလေးမလေးရဲ့ကိုယ်ထည်နဲ့ဘောင်းဘီမှာပေကျံသွားတယ်။ အဲဒီအချိန်မှာ သူ့အမေက ကလေးမလေးပျောက်လို့ လှမ်းအော်ခေါ်တဲ့ အသံကြားလို့ ကလေးမလေးက အပြင်ထွက်လာပြီး

အိမ်သာတံခါး ဂျက်ကိုထိုးခဲ့တယ်။ အမေနဲ့ပြန်တွေ့တဲ့အချိန် မသင်္ကာလို့စမ်းကြည့် တော့သုတ်ရည်ပေနေတာတွေ့တယ်။ ကလေးမလေးကိုမေးတော့ “ကိုကို”က သူ့ကိုလုပ်တယ်လို့ပြောတယ်။ လူကြီးတွေကအိမ်သာကိုသွားစစ်ဆေးတော့ ကြည်ယာလင်းကို အိမ်သာထဲမှာတွေ့ရတယ်””လို့ တနင်္သာရီမြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

#Credit

Unicode

Leave a Reply

Your email address will not be published.