အြန္လိုင္းေပၚမွာ နာမည္ၾကီးေနတဲ့ ပတၱျမားၾကီး အေၾကာင္း ပညာရွင္ေျပာပီ

“ဂ်င္း ပတၱျမား” ပညာရွင္ေျပာပီ

စိတ္ေတြလည္းညစ္ရတယ္။

ေက်ာက္မ်က္ရတနာဆိုတာ အသားက ဖန္သား မွန္သားလို ၾကည္ေနမွ၊ အစင္း၊ အမွ်င္၊ အေရးအေၾကာင္း၊ အျမႇဳပ္၊ အဆံ၊ ေဂၚ၊ အျပစ္၊ တြင္းျပစ္၊ ေခါစာ ကင္းမွ တန္တယ္ဆိုတာ ေက်ာက္မ်က္လုပ္ငန္း ႏွီးႏြယ္သူေလာကထဲကသူတိုင္း သိၾကတယ္။

ပတၱျမားဆိုတာ မီးနဲ႔ေတာ့ သြားထိုးမၾကည့္နဲ႔၊ ဓာတ္မီးက အလင္းကို ပတၱျမားထဲျဖတ္တဲ့အခါ အလင္းရဲ႕အေရာင္ခုႏွစ္ေရာင္ထဲက အနီေရာင္ကိုပဲ စစ္ထုတ္ၿပီး ေတာက္ပတတ္တာ ပတၱျမားရဲ႕ဂုဏ္သတၱိ။ ၿပီးေတာ့ မ်က္စိနဲ႔မျမင္ရတဲ့ ခရမ္းလြန္ေရာင္ျခည္ကို ပတၱျမားထဲ ျဖတ္ခိုင္းတဲ့အခါ ပတၱျမားရဲ႕ ဖြဲ႕စည္းပုံထဲက trace element ျဖစ္တဲ့ စိုးစဥ္းပါဝင္ေနတဲ့ chromium ျဒပ္စင္က ျမင္ရတဲ့အနီေရာင္အလင္းအျဖစ္ ေတာက္ပေစပါတယ္။

ဒီေတာ့ ပတၱျမားဆိုတာ အနီတကာ့အနီထဲမွာ အနီဆုံးအေရာင္ေတာက္ေနရတာ ျဖစ္တယ္။ LASER ေလဆာအလင္းဆိုတာ ပတၱျမားကိုျဖတ္သန္းၿပီးမွ ရရွိတာျဖစ္တယ္။ အခုေခတ္မွာ ခ်က္ေက်ာက္ပတၱျမားေတြက အရမ္းေပါေတာ့ ေလဆာကို ခ်က္ေက်ာက္ပတၱျမားနဲ႔ပဲ ထုတ္ၾကေတာ့တယ္။ ေျပာခ်င္တာက ပတၱျမားအတုံးအခဲ ပိတ္ပိတ္ႀကီးကို မီးနဲ႔သြားထိုးမိရင္လည္း နီရဲစူးၿပီးေတာက္လာမွာျဖစ္တယ္။

ကိုယ္ဆိုရင္ ပတၱျမားပိတ္ပိတ္ႀကီးေတြ လက္သီးဆုပ္ေလာက္အတုံးေတြမ်ား ေတြ႕ရတာမ်ားလြန္းလို႔ မွတ္ကိုမမွတ္မိ၊ နီလာတုံးႀကီးဆို ဓာတ္ဘူးေလာက္ထိရွိတယ္။ ခက္တာက ပတၱျမားအစစ္၊ နီလာအစစ္ေတာ့ ဟုတ္တယ္။ ဘာမွကို သုံးစားလို႔မရတာပဲ။ အဲ့ေလာက္အႀကီးႀကီး ပိတ္ပိတ္ႀကီး၊ လုံးေခ်ာေသြးေတာင္ တြင္းျပစ္ေတြ အနာေတြ မြစာက်ဲေနတာ ဘာမွကိုသုံးလို႔မရတာ။

ျမန္မာမွာ ဒီလို ပတၱျမားနဲ႔ နီလာအတုံးႀကီးေတြကို အပူေတာလို႔ေခၚတဲ့ သပိတ္က်င္းတဝိုက္နဲ႔ တြင္းငယ္၊ မလယ္၊ စပၸါယ္နဂိုနားထိ ထြက္တယ္။ အမ်ားႀကီးကို ထြက္တာ။

တစ္ခါက ရန္ကုန္မွာ ျပည္တန္ပတၱျမား ျပမယ္ဆိုၿပီး မနည္းခ်ိန္းယူရတယ္။ သြားေတာ့ အေပါက္မွာ လူအေစာင့္နဲ႔ဘာနဲ႔။ အထဲေရာက္ေတာ့ ကတၱီပါအိတ္ရႈံ႕ေလးနဲ႔ ခိုးေၾကာင္ခိုးဝွက္ျပတယ္။ ျပတဲ့သူက တအားေၾကာက္ေနတာ။ သူ႔ဟာ လုေျပးမွာ သူခိုးဓားျပသိမွာ ေၾကာက္တာတဲ့။ ျပပါဗ်ာ ဆိုေတာ့ ျပေတာ့ အခုလို အပူေတာေက်ာက္ႀကီး။ ဖေယာင္းတိုင္အနီေတြ အရည္ေပ်ာ္တဲ့အခဲလိုလို ကာေဘာ္လစ္ဆပ္ျပာလိုလို။ တန္လားဆိုေတာ့ စိတ္ထဲ ဆယ္သိန္းေတာင္မထင္။ ခမ်ာက ျပည္တန္ပတၱျမား တန္ဖိုးျဖတ္မရဆိုပဲ။

ကိုင္တာေတာင္ အျမန္ၾကည့္ၿပီး ျပန္ေပးလိုက္ရတယ္။ ေတာ္ၾကာ လက္ထဲမွာပဲ့က်မွ အလကားေနရင္း ထီေပါက္ေနမစိုးလို႔။

ဟုတ္ကဲ့ပါ၊ ကြၽန္ေတာ္ ဒီလိုေက်ာက္ႀကီးမ်ိဳး ေဈးမျဖတ္တတ္၊ မလုပ္တတ္လို႔ သင့္ေတာ္တဲ့သူနဲ႔ျပၿပီး တိုင္ပင္ပါခင္ဗ်ာဆိုၿပီး အသာထြက္လာရတယ္။

ကိုယ္က ညာမွမေျပာတာ၊ သူ႔ဟာက ေက်ာက္ႀကီးေလ၊ ဒါေပမဲ့ ေက်ာက္ႀကီးတိုင္း ေက်ာက္ေကာင္းမဟုတ္တဲ့အေၾကာင္းေတာ့ မေျပာဘူး။ ေတာ္ၾကာ သူ႔ဟာႀကီး ဘာမွမတန္ဘူးေျပာခ်လိုက္ရင္ သူပဲတက္သြားမလား ကိုယ့္ပဲ ဓားနဲ႔လိုက္ခံရမလားမသိလို႔။

အာဖရိကတိုက္ကထြက္တဲ့ ပတၱျမားကေတာ့ အခုလို ပိတ္ပိတ္ႀကီးေတြမ်ား ဆိုဒ္ႀကီးခ်က္၊ တစ္တုံးတစ္တုံးကို ေပါင္မုန႔္တုံးေလာက္ရွိတာ။ ဒီေလာက္ႀကီးေနလည္း ေဈးကအရမ္းေပါ။ ပန္းပုထုတဲ့သူေတြကေတာ့ ဝယ္ၾကတာပဲ။

ေက်ာက္မ်က္ဆိုတာ ရတနာတန္းဝင္အဆင့္နဲ႔ ရတနာတန္းမဝင္အဆင့္ဆိုၿပီး ခြဲရတယ္။ ျမန္မာမွာမခြဲၾကလို႔ ဥပေဒကိုက အမွားႀကီးမွားေနတာ။ ေနာက္မွ ဒါကိုသပ္သပ္ေရးမယ္။

အခုလည္း ဘယ္သူဂ်င္းထည့္လိုက္တယ္မသိ… ေက်ာက္လာအပ္တဲ့လူငယ္ကို ႏိုင္ငံေတာ္က ဆုေငြေကာင္းေကာင္းခ်မယ္ ဘာညာဆိုၿပီး ဖတ္လိုက္ရတယ္…။ 😁😁

(Credit to original author.)

“ဂျင်း ပတ္တမြား” ပညာရှင်ပြောပီ

စိတ်တွေလည်းညစ်ရတယ်။

ကျောက်မျက်ရတနာဆိုတာ အသားက ဖန်သား မှန်သားလို ကြည်နေမှ၊ အစင်း၊ အမျှင်၊ အရေးအကြောင်း၊ အမြှုပ်၊ အဆံ၊ ဂေါ်၊ အပြစ်၊ တွင်းပြစ်၊ ခေါစာ ကင်းမှ တန်တယ်ဆိုတာ ကျောက်မျက်လုပ်ငန်း နှီးနွယ်သူလောကထဲကသူတိုင်း သိကြတယ်။

ပတ္တမြားဆိုတာ မီးနဲ့တော့ သွားထိုးမကြည့်နဲ့၊ ဓာတ်မီးက အလင်းကို ပတ္တမြားထဲဖြတ်တဲ့အခါ အလင်းရဲ့အရောင်ခုနှစ်ရောင်ထဲက အနီရောင်ကိုပဲ စစ်ထုတ်ပြီး တောက်ပတတ်တာ ပတ္တမြားရဲ့ဂုဏ်သတ္တိ။ ပြီးတော့ မျက်စိနဲ့မမြင်ရတဲ့ ခရမ်းလွန်ရောင်ခြည်ကို ပတ္တမြားထဲ ဖြတ်ခိုင်းတဲ့အခါ ပတ္တမြားရဲ့ ဖွဲ့စည်းပုံထဲက trace element ဖြစ်တဲ့ စိုးစဉ်းပါဝင်နေတဲ့ chromium ဒြပ်စင်က မြင်ရတဲ့အနီရောင်အလင်းအဖြစ် တောက်ပစေပါတယ်။

ဒီတော့ ပတ္တမြားဆိုတာ အနီတကာ့အနီထဲမှာ အနီဆုံးအရောင်တောက်နေရတာ ဖြစ်တယ်။ LASER လေဆာအလင်းဆိုတာ ပတ္တမြားကိုဖြတ်သန်းပြီးမှ ရရှိတာဖြစ်တယ်။ အခုခေတ်မှာ ချက်ကျောက်ပတ္တမြားတွေက အရမ်းပေါတော့ လေဆာကို ချက်ကျောက်ပတ္တမြားနဲ့ပဲ ထုတ်ကြတော့တယ်။ ပြောချင်တာက ပတ္တမြားအတုံးအခဲ ပိတ်ပိတ်ကြီးကို မီးနဲ့သွားထိုးမိရင်လည်း နီရဲစူးပြီးတောက်လာမှာဖြစ်တယ်။

ကိုယ်ဆိုရင် ပတ္တမြားပိတ်ပိတ်ကြီးတွေ လက်သီးဆုပ်လောက်အတုံးတွေများ တွေ့ရတာများလွန်းလို့ မှတ်ကိုမမှတ်မိ၊ နီလာတုံးကြီးဆို ဓာတ်ဘူးလောက်ထိရှိတယ်။ ခက်တာက ပတ္တမြားအစစ်၊ နီလာအစစ်တော့ ဟုတ်တယ်။ ဘာမှကို သုံးစားလို့မရတာပဲ။ အဲ့လောက်အကြီးကြီး ပိတ်ပိတ်ကြီး၊ လုံးချောသွေးတောင် တွင်းပြစ်တွေ အနာတွေ မွစာကျဲနေတာ ဘာမှကိုသုံးလို့မရတာ။

မြန်မာမှာ ဒီလို ပတ္တမြားနဲ့ နီလာအတုံးကြီးတွေကို အပူတောလို့ခေါ်တဲ့ သပိတ်ကျင်းတဝိုက်နဲ့ တွင်းငယ်၊ မလယ်၊ စပ္ပါယ်နဂိုနားထိ ထွက်တယ်။ အများကြီးကို ထွက်တာ။

တစ်ခါက ရန်ကုန်မှာ ပြည်တန်ပတ္တမြား ပြမယ်ဆိုပြီး မနည်းချိန်းယူရတယ်။ သွားတော့ အပေါက်မှာ လူအစောင့်နဲ့ဘာနဲ့။ အထဲရောက်တော့ ကတ္တီပါအိတ်ရှုံ့လေးနဲ့ ခိုးကြောင်ခိုးဝှက်ပြတယ်။ ပြတဲ့သူက တအားကြောက်နေတာ။ သူ့ဟာ လုပြေးမှာ သူခိုးဓားပြသိမှာ ကြောက်တာတဲ့။ ပြပါဗျာ ဆိုတော့ ပြတော့ အခုလို အပူတောကျောက်ကြီး။ ဖယောင်းတိုင်အနီတွေ အရည်ပျော်တဲ့အခဲလိုလို ကာဘော်လစ်ဆပ်ပြာလိုလို။ တန်လားဆိုတော့ စိတ်ထဲ ဆယ်သိန်းတောင်မထင်။ ခမျာက ပြည်တန်ပတ္တမြား တန်ဖိုးဖြတ်မရဆိုပဲ။

ကိုင်တာတောင် အမြန်ကြည့်ပြီး ပြန်ပေးလိုက်ရတယ်။ တော်ကြာ လက်ထဲမှာပဲ့ကျမှ အလကားနေရင်း ထီပေါက်နေမစိုးလို့။

ဟုတ်ကဲ့ပါ၊ ကျွန်တော် ဒီလိုကျောက်ကြီးမျိုး ဈေးမဖြတ်တတ်၊ မလုပ်တတ်လို့ သင့်တော်တဲ့သူနဲ့ပြပြီး တိုင်ပင်ပါခင်ဗျာဆိုပြီး အသာထွက်လာရတယ်။

ကိုယ်က ညာမှမပြောတာ၊ သူ့ဟာက ကျောက်ကြီးလေ၊ ဒါပေမဲ့ ကျောက်ကြီးတိုင်း ကျောက်ကောင်းမဟုတ်တဲ့အကြောင်းတော့ မပြောဘူး။ တော်ကြာ သူ့ဟာကြီး ဘာမှမတန်ဘူးပြောချလိုက်ရင် သူပဲတက်သွားမလား ကိုယ့်ပဲ ဓားနဲ့လိုက်ခံရမလားမသိလို့။

အာဖရိကတိုက်ကထွက်တဲ့ ပတ္တမြားကတော့ အခုလို ပိတ်ပိတ်ကြီးတွေများ ဆိုဒ်ကြီးချက်၊ တစ်တုံးတစ်တုံးကို ပေါင်မုန့်တုံးလောက်ရှိတာ။ ဒီလောက်ကြီးနေလည်း ဈေးကအရမ်းပေါ။ ပန်းပုထုတဲ့သူတွေကတော့ ဝယ်ကြတာပဲ။

ကျောက်မျက်ဆိုတာ ရတနာတန်းဝင်အဆင့်နဲ့ ရတနာတန်းမဝင်အဆင့်ဆိုပြီး ခွဲရတယ်။ မြန်မာမှာမခွဲကြလို့ ဥပဒေကိုက အမှားကြီးမှားနေတာ။ နောက်မှ ဒါကိုသပ်သပ်ရေးမယ်။

အခုလည်း ဘယ်သူဂျင်းထည့်လိုက်တယ်မသိ… ကျောက်လာအပ်တဲ့လူငယ်ကို နိုင်ငံတော်က ဆုငွေကောင်းကောင်းချမယ် ဘာညာဆိုပြီး ဖတ်လိုက်ရတယ်…။ 😁😁

(Credit to original author.)

Leave a Reply

Your email address will not be published.