သရုပ်ဆောင် သင်ဇာဝင့်ကျော် အိမ်တိုင်ရာရောက်ပြန်ပို့ပေးဖို့ အစွမ်းကုန် ကြိုးစားနေကြောင်း ပြောပြလာတဲ့ ဗိုလ်ကြီး…

သရုပ်ဆောင် သင်ဇာဝင့်ကျော် အိမ်တိုင်ရာရောက်ပြန်ပို့ပေးဖို့ အစွမ်းကုန် ကြိုးစားနေကြောင်း ပြောပြလာတဲ့ ဗိုလ်ကြီး

သရုပ်ဆောင် သင်ဇာဝင့်ကျော် ကိစ္စ စစ်ကောင်စီနဲ့ ညှိနှိုင်းနေတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည် တပ်မတော် SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဘုန်းဟန်က ပြောကြားလိုက်ပါတယ်။

လက်ရှိမှာ သရုပ်ဆောင် သင်ဇာဝင့်ကျော်သည် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း SSPP/SSA ဌာနချုပ်မှာ မှတ်တမ်း ရုပ်ရှင်ရိုက်ကူးရေး ပြုလုပ်ပြီး ရန်ကုန် ကို ပြန်အလာ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်း နယ်စပ်ဂိတ်ကနေ တစ်ဆင့် စစ်ကောင်စီက ခေါ်ဆောင် စစ်ဆေးမေးမြန်းနေတာ ဖြစ်ပါတယ်။

SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဘုန်းဟန်က “ လက်ရှိမှာ သူတို့ ဖမ်းဆီးခံ ထားရတယ်လို့သိရတယ်။ အခုကျွန်တော်တို့ နေပြည်တော်အထိ ဆက်သွယ်မှု လုပ်ပြီး တော့ ပြောထားတယ်။

သူတို့ကို လားရှိုးတိုင်းရုံးအထိ ခေါ်ယူမေးမြန်းပြီးတော့ မှပဲ ပြန်လွှတ်မယ်ဆိုတော့ မျှော်လင့်ရပါတယ်။

သူ့ကို မှတ်တမ်းရုပ်ရှင်ရိုက်ဖို့ဖိတ်ကြားတုန်းက တော့ သူ့(သင်ဇာဝင့်ကျော်)ရဲ့ လုံခြုံရေးအတွက် အိမ်တိုင်ရာရောက် ပြန်လည် ပို့ဆောင်ပေးမယ်လို့ အာမခံထားတာရှိတယ်။

လက်ရှိအနေအထားအရ လွတ်မြောက်တဲ့အထိဆောင်ရွက်နေပါ တယ်။ ဒီနေ့အဖြေထွက်လာလိမ့်မယ်။ သူတို့တစ်ဖွဲ့လုံးလွတ်မြောက်ဖို့ကြိုးစားဆောင်ရွက် နေပါတယ်” လို့ပြောကြားထားပါတယ်။

အခုလိုမျိုးဖြစ်သွားတဲ့အတွက်လည်း စိတ်မကောင်းဖြစ်ရပါတယ်လို့ ဗိုလ်မှူးစိုင်းဘုန်းဟန်ကထပ်ပြောပါတယ်။

myanmaplatform

Unicode

Leave a Reply

Your email address will not be published.