စစ်တပ်ထောက်ခံသူ၊ ကြံ့ဖွတ်ပါတီဘက်တော်သား ကိုဇော်လင်း နေအိမ်ကို စစ်တပ်က မီးရှို့သွားလို့ တင်းနေ



ရန်ကုန်၊ ဇူလိုင် ၇




ဝက်လက်၊ မင်းရွာမှ စစ်တပ်ထောက်ခံသူ၊ ကြံ့ဖွတ်ပါတီဘက်တော်သား ကိုဇော်လင်း၏ နေအိမ်ကို

စစ်တပ်က မီးရှို့သွား၊ ယခင်က စစ်တပ်ကို ခွေးနှင့်နှိုင်းလျှင် မခံမရပ်နိုင်ခဲ့သော်လည်း ယခုမူ စစ်တပ်သည် ခွေးထက်ပို၍ ဆိုးရွားဟု ကိုဇော်လင်းပြော

ရန်ကုန်၊ ဇူလိုင် ၇

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မင်းရွာမှ စစ်တပ်ထောက်ခံသူ ၊ ကြံ့ဖွတ်ပါတီအတွက် အလုပ်လုပ်ပေးခဲ့သူ ကိုဇော်၏ နေအိမ်ကို စစ်တပ်က မီးရှို့သွားသဖြင့် နေစရာမရှိတော့ဘဲ ဒုက္ခရောက်နေရကြောင်း ရန်ကုန်ခေတ်သစ်ထံသို့ ဗီဒီယိုပေးပို့ပြောဆိုလာသည်။

ယခင်က စစ်တပ်ကို ခွေးနှင့်နှိုင်းလျှင် မခံမရပ်နိုင်ဖြစ်ခဲ့ရသော်လည်း ယခုတွင်မူ စစ်တပ်သည် ခွေးထက်ပို၍ ပင် ဆိုးဝါးကြောင်း၊ လာဖမ်းလျှင် ခံမည်ဖြစ်ကြောင်း ကိုဇော်လင်းက ဗီဒီယိုတွင် ပြောဆိုထားသည်။

ဇူလိုင်လ ၃ ရက်နေ့က ဝက်လက်မြို့နယ်၊ မင်းရွာပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က မင်းရွာတစ်ရွာလုံးကို ဝင်ရောက် မီးရှို့ ဖျက်ဆီးခဲ့သည်။



ရန်ကုန်၊ ဇူလိုင် ၇




Leave a Reply

Your email address will not be published.