အသက်၄၀အရွယ်ရှိပြီဖြစ်သော်လည်း သတိုးသမီးဝတ်စုံမဝတ်ဖူးသေးသည့် မိခင်အတွက် မိတ်ကပ်ဆရာတွေခေါ်ကာ

ဒီအကြောင်းအရာလေးကတော့ သားလိမ္မာတစ်ဦး၏ မိခင်အပေါ်တွင်ထားရှိသော မေတ္တားတရားလေးပင်ဖြစ်ပါတယ်။

တရုတ်နိုင်ငံ Shandongပြည်နယ် Qingdaoမြို့တွင်နေထိုင်သော အသက်၁၈နှစ်အရွယ်လူငယ်လေး၏ မိခင်ကို ပြင်ဆင်ပေးလိုက်ပုံဟာ လူအများကို အံ့အားသင့်စေခဲ့ရပါတယ်။

ကောင်လေးဟာ အသက်၄၀အရွယ်မိခင်ဖြစ်သူက သတိုးသမီးဝတ်စုံကို မဝတ်ဖူးသေးတာကို သိနေခဲ့သဖြင့် မိခင်၏ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ပါတယ်။

ကောင်လေးဟာ မိတ်ကပ်ဆရာတွေကို အိမ်အထိခေါ်လာပြီး မိခင်အားအလှပြင်ခိုင်းကာ သတိုးသမီးဝတ်စုံလေးဖြင့် အမှတ်တကဓာတ်ပုံလေးတွေရိုက်ကူးစေခဲ့ပါတယ်။


အလှပြင်လိုက်သည့်အချိန်မှာတော့ ကောင်လေး၏မိခင်ဟာ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်လို ချောမောလှပသွားခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

 

Zawgyi

အသက်၄၀အရွယ်ရှိပြီဖြစ်သော်လည်း သတိုးသမီးဝတ်စုံမဝတ်ဖူးသေးသည့် မိခင်အတွက် မိတ်ကပ်ဆရာတွေခေါ်ကာ အလှဆုံးသော သတိုးသမီးလေးဖြစ်အောင် ဖန်တီးပေးခဲ့သည့် ၁၈နှစ်အရွယ်သားလိမ္မာလေး







Shoon (Cele Daily)

 

Crd

Leave a Reply

Your email address will not be published.