သူ သင့်အပေါ် အရင်လို ခံစားချက်တွေ မရှိတော့ဘူးဆိုတာ ဖော်ပြနေတဲ့ အချက်များ…

သူ သင့်အပေါ် အရင်လို ခံစားချက်တွေ မရှိတော့ဘူးဆိုတာ ဖော်ပြနေတဲ့ အချက်များ…

သူ သင့်အပေါ် အရင်လို ဆက်ဆံပုံတွေ မဟုတ်တော့ဘူးလို့ သင့်စိတ်ထဲမှာ ခံစားနေရပြီလား။ အရင်က သူ့ရဲ့ပုံစံနဲ့ အခု သူ့ရဲ့ပုံစံက ကွဲပြားသွားခဲ့ပြီလား။ ဒီအချက်တွေကတော့ သူ သင့်အပေါ် အရင်လို ခံစားချက်တွေ မရှိတော့ဘူးဆိုတာကို ဖော်ပြလို့နေပါတယ်နော်။

စိတ်မရှည်တော့ဘူး

အရင်က သူဟာ သင့်အပေါ်မှာ ဘယ်လောက်ပဲ စိတ်ရှည်သည်းခံခဲ့သူတစ်ယောက် ဖြစ်ခဲ့ပါစေ အခုအချိန်မှာတော့ သင့်ကို နည်းနည်းလေးမှ စိတ်ရှည်မပေးနိုင်တော့ပါဘူး။ အရာရာတိုင်းမှ ငြိုငြင်လာတတ်ပြီး ဘာမဟုတ်တာလေးနဲ့တောင် စိတ်တိုနေတတ်ပါတယ်။ ဒါက သူ့ရဲ့ ခံစားချက်တွေ သင့်အပေါ် ကုန်ခမ်းလာနေပြီဆိုတာ ဖော်ပြနေသလို ပါပဲ။

သင့်ကို ဝန်ထုပ်ဝန်ပိုးတစ်ခုလို ဆက်ဆံလာတတ်တယ်

အရင်ကတော့ သင့်ရဲ့လိုအပ်ချက်တွေကို သင်ပြောစရာတောင်မလိုသေးခင် အလိုက်တသိနဲ့ ဖြည့်ဆည်းပေးတတ်တဲ့ သူဟာ အခုခါမှာတော့ သင့်ကို ဝန်ထုပ်ဝန်ပိုးတစ်ခုလို ဆက်ဆံလာတတ်ပါတယ်။ သင့်ဘက်ကနေ တစ်ခုခုလေး တောင်းဆိုမိရင်တောင် ဒါဟာ သူ့အတွက် အရမ်းကြီး ကြီးလေးတဲ့ တာဝန်တစ်ခုလို၊ သင့်ကိုပဲ အမြဲတမ်း လိုက်ဖြည့်ဆည်းပေးနေရတဲ့ သူတစ်ယောက်လို စိတ်မပါတာတွေကို တွေ့လာရမှာပါ။

စိတ်ပျက်တဲ့ ပုံစံတွေ မြင်လာရတတ်တယ်

ချစ်သူရည်းစားတွေဆိုတာ ကြည်နူးပျော်ရွှင်တဲ့ အချိန်ဆိုတာ ရှိသလို စိတ်အခန့်မသင့်လို့ စိတ်ဆိုး၊ စိတ်ကောက်ရန်ဖြစ်တာလေးတွေလည်း ရှိတတ်ပါတယ်။ ဒါပေမယ့် စကားများ ရန်ဖြစ်တိုင်း သင့်ဘက်ကပဲ မှားနေသလို၊ သင်စိတ်ကောက်တဲ့ အချိန်တိုင်း စိတ်ပျက်တဲ့ ပုံစံကြီးနဲ့ လိုက်လျူရှု ရှောင်ဖယ်တာတွေ၊ အပြစ်တင်ပြောဆိုတာတွေ ရှိလာပါတယ်။

မချစ်တော့ဘူး

ရှင်းရှင်းပြောရရင်တော့ သူသင့်ကို အရင်လို မကြင်နာတော့သလို၊ အရင်ကလိုလည်း မလေးနက်တော့ဘူးလို့ သင်ခံစားနေရပြီဆိုရင် သင်တို့ရဲ့ ဆက်ဆံရေးမှာ တစ်ခုခုတော့ မှားယွင်းနေပါပြီ။ အရင်လို သင့်အပေါ် အလေးအနက် မရှိတော့ဘူး၊ အရင်လို သင့်ကို ဂရုမစိုက်တော့ဘူးဆိုတာကတော့ သူသင့်ကို အရင်လို မချစ်တော့ဘူးလို့ ဆိုလိုချင်တာပါပဲ။ ဒီအချက်တွေက သူသင့်အပေါ် အရင်လို မဟုတ်တော့ဘူးဆိုတာ ဖော်ပြနေတာပဲ ဖြစ်ပါတယ်။

Crd#


Leave a Reply

Your email address will not be published.