အသက်ကြီးနေပေမယ့် ဝမ်းရေးအတွက် လမ်းမတွေထက်မှာ တွန်းလှည်းကလေးနဲ့ဈေးရောင်းနေရဆဲ အသက် (၇၁)နှစ်အရွယ်အဘွား
အဘွားဒေါ်ချစ်ဘွားဟာ အသက် (၇၁)နှစ်ရှိပြီဖြစ်ပြီး တောင်ဒဂုံမြို့နယ်၊ ၅၆ ရပ်ကွက်၊ ၅၅ရပ်ကွက်၊ ၆၈ ရပ်ကွက်၊ ၆၉ရပ်ကွက်တွေရဲ့လမ်းမတွေထက်မှာ တွန်းလှည်းကလေးနဲ့ ဈေးလှည့်လည်ရောင်းနေပါတယ်။
“၈ နာရီခွဲလောက်ဆိုရင် အိမ်ကနေတစ်နေကုန်ထမင်းထည့်သွားတာ ညနေစာမပါဘူး၊ ရေနွေးဓာတ်ဘူး၊ လက်ဆွဲခြင်း၊ ဟင်းလေးနဲ့ကိုယ်စားချင်တာလေးတွေထည့်သွား ဟင်းမရှိရင် လမ်းမှာတွေ့တဲ့ဆိုင်ဝယ်စားတယ် ထမင်းကတော့ထည့်သွားတယ်။
ညနေ ၅နာရီခွဲ ၆နာရီမတ်တင်းမှအိမ်ကိုပြန်ဝင်…ဘယ်သူနဲ့မှမနေဘူး အရင်တုန်းကတော့ အဘိုးကြီးနဲ့အဘွားကြီး ၂ယောက်ထဲနေတာ၊
အဘွားပိုက်ဆံအခိုးခံရတာရော အဘိုးကြီးကလည်းဆုံးတော့ အဘွားမှာမပြေလည်ရှာတော့ဘူး…”ဗီဒီယိုအင်တာဗျူးရုပ်သံအပြည့်အစုံအောက်ဆုံးမှာပါဝင်သည်။
Source – PopularJournal
ဇော်ဂျီ ဖောင့် ဖြင့် အောက်မှာ ဆက်လက် ဖတ်ရှု အားပေး နိုင် ပါသည်
ထမင်းကျွေးထားမယ့်သူမရှိလို့ သားအရင်းဆီကနေအတိုးနဲ့ ယူရတဲ့အမေရင်း
Credit