ရန်ကုန်တိုင်းရွှေအသင်းမှ ၆ ဦး အပါအဝင် ရွှေကုန်သည်များကို စသုံးလုံးက ခေါ်ယူသွားပြီး ရွှေကုန်သည်များကို စစ်တပ်က ခြိမ်းခြောက်ဖမ်းဆီးဟုဆို၊ ရွှေအရောင်းအဝယ်အတွက် လိုက်နာရမည့် အချက် ၇ ချက် ထုတ်ပြန်ပြီး မလိုက်နာလျှင် အရေးယူမည်ဟုထုတ်ပြန်

ရန်ကုန်တိုင်းရွှေအသင်းမှ ၆ ဦး အပါအဝင် ရွှေကုန်သည်များကို စသုံးလုံးက ခေါ်ယူသွားပြီး ရွှေကုန်သည်များကို စစ်တပ်က ခြိမ်းခြောက်ဖမ်းဆီးဟုဆို၊ ရွှေအရောင်းအဝယ်အတွက် လိုက်နာရမည့် အချက် ၇ ချက် ထုတ်ပြန်ပြီး မလိုက်နာလျှင် အရေးယူမည်ဟုထုတ်ပြန်

ရွှေရောင်းသူနှင့်ရွှေဆိုင်များ လိုက်နာရမည့် စည်းကမ်း ၇ ချက်ကို ရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်လိုက်ပြီး လက်ရှိတွင် ရန်ကုန်တိုင်းရွှေအသင်းမှ ၆ ဦး အပါအဝင် ရွှေကုန်သည်များကို အထူးစုံစမ်းစစ်ရေးဦးစီးဌာနက

ခေါ်ယူစစ်ဆေးမှုများလုပ်ဆောင်နေကြောင်း၊ စစ်တပ်က ရွှေကုန်သည်များကို ခြိမ်းခြောက်ဖမ်းဆီးလျက်ရှိကြောင်း ရွှေ ကုန်သည်များထံမှ သိရှိရသည်။

အခေါက်ရွှေများကို စီးပွားဖြစ် အဓိက ရောင်းဝယ်နေသည့် ရန်ကုန်တိုင်းရွှေုလုပ်ငန်းရှင်အသင်းက ရွှေဆိုင်နှင့် ရွှေကုန်သည်များ လိုက်နာရမည့် အချက် ၇ ချက်ကို ထုတ်ပြန်ပြီး အဆိုပါ အချက်များတွင် ရွှေဆိုင်နှင့်ရွှေကုန်သည်များ အရောင်းအဝယ်

လိုင်စင်လုပ်ရန်၊ အခေါက်ရွှေ ရောင်းဝယ်သူများ ပြုလုပ်သူများ လိုင်စင်ပြုလုပ်ထားရန်၊ လူမှုကွန်ရက်နှင့်အွန်လိုင်းမှ ရွှေအရောင်း အဝယ်လုပ်နေသော လိုင်စင်မရှိသူများကို အရေးယူရန် ၊ အခေါက်ရွှေ အတုံးအခဲ ရောင်း ဝယ်နေသူများကို

မှန်ကန်စွာစာရင်းပြုစုရန်၊ ရွှေအရောင်းအဝယ် ဇယား မှန် ကန်တိကျစွာ ဖြည့်ရန်၊ ရွှေအသင်းစျေးကွက်မှ အပ အခြားနေရာတွင် ရောင်းဝယ်ခြင်းမပြုရန်နှင့်နယ်စပ်ဖြတ်ကျော်ရောင်းဝယ်ခြင်း မပြုရန်၊ လိုက်နာခြင်းမရှိသူများကို ဥပဒေအရ အရေးယူရန်

ရွှေအသင်းက ထုတ်ပြန်ထားသည်။

“​စနေနေ့က နေပြည်တော်မှာ အစည်းအဝေးဆိုပြီး လူ ၉ ဦးပါအောင်ခေါ်ပါတယ်။ ၆ နာရီကြာအောင်အစည်းအဝေးထိုင်ရပြီး ည၉နာရီထိုးတဲ့အထိမပြန်ရသေးလို့ အစည်းအဝေးတက်တဲ့သူတွေ

သူတို့ကိုဖမ်းတော့မယ်လို့တောင်ထင်တဲ့အထိခြိမ်းခြောက်ပါတယ်။ အခုဖမ်းခံရတယ်ဆိုတဲ့သူထဲက ၆ယောက်လောက်က ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက အမာခံအသင်းဝင်တွေပါ။

အသင်းဝင်တွေ စကစနဲ့ပူးပေါင်းတယ်ဆိုတာ မှားပါတယ်။ စီးပွားရေးပဲစိတ် ဝင်စားသူတွေဖြစ်ပေမယ့် နိုင်ငံ့အရေးမှာ လက်မနှေးတဲ့သူတွေပါ။ စကစတွေ အသင်းပေါ်နေ့တိုင်းလာထိုင်နေတာတောင်မှ အသင်းကို တစ်ယောက်မှမလာဘဲ

အခန်းဟောင်းလောင်းပဲမြင်စေခဲ့သူတွေပါ။ ​အသင်းပေါ် မနာလိုသူတွေ

အမြင် မကြည်သူတွေရှိတယ်ဆိုတာလည်းနားလည်ပေမယ့် ခုကိစ္စမှာတော့ အသင်းက လူတွေ အပြစ်မရှိဘဲ ဖမ်းလည်းခံရသေးတယ် အသင်းကိုလည်းစကစနဲ့ပူးပေါင်းတယ်လို့ပြောတာ လက်မခံပါဘူး။ စကစက ရွှေသမားတွေကိုမျက်စိကျနေတာ

ကြာပါပြီ။ အသင်းက ကာကွယ်ပေးထားလို့သာ ခုချိန်ထိခံနေတာပါ။ ဒါပေမယ့် ခုတော့ အသင်းကလည်း မကာကွယ်နိုင်တဲ့အချိန်ရောက်ပြီထင်ပါတယ် အသင်းကလူတွေကိုပါဖမ်းခံရတော့လေ” ဟု ရွှေအသင်းဝင်တစ်ဦးက ပြောဆိုသည်။

“ရွှေဘုံသာလမ်း ရန်ကုန်တိုင်းရွှေအသင်းရုံးမှာ စသုံးလုံးက လာထိုင်နေတယ်။ အခုက ရွှေအသင်းက လူတွေကလည်း စစ်တပ်အလိုကျ လုပ်နေရပဲ။ သူတို့အနေအစားချောင်ဖို့အတွက်ပဲ စစ်တပ် အမြင်ကြည်ဖို့ လုပ်နေတာ။တကယ်က ရွှေစျေးက

သူတို့သတ်မှတ်တဲ့စျေးနဲ့ အပြင်ပေါက်စျေးကွာဟနေတယ်။ သူတို့သတ်မှတ်စျေးနဲ့လည်း ဘယ်သူမှ မရောင်း မဝယ်ဘူး။ ရွှေကုန်သည်တချို့ စသုံးလုံးက ခေါ်စစ်တာလည်းရှိတယ်။ ဖမ်းတာတော့မဟုတ်ဘူး။ စစ်တာ။ နောက်မှ

အမှုရှာဖမ်းရင်တော့မသိဘူး။ ရွှေအသင်းဆိုတာကလည်း အနီခေတ်ဆို လိုက်နီပြီး အစိမ်းခေတ်ဆို လိုက်စိမ်းတာပဲ။ အဓိက ရွှေစျေးကွက်အကျိုးထက် သူတို့ အနေအစားချောင်ဖို့နဲ့ စျေးကွက်ကတော့ သူတို့လည်း နောက်ကွယ်မှာ လက်

သိပ်ထိုးလုပ်နေကြတာပဲ။ သူတို့သတ်မှတ်တဲ့စျေးအတိုင်း ရွှေအသင်းကလူတွေ ရောင်းပေးမလားလို့ မေးကြည့်ပေးပါလား” ဟု ရွှေကုန်သည်တစ်ဦးက သုံးသပ်ပြောဆိုသည်။

လက်ရှိတွင် အခေါက်ရွှေတစ်ကျပ်သား ငွေကျပ် သိန်း ၂၀ ဝန်းကျင်ရှိနေပြီး စျေကွက်တွင် ရွှေလိုသလောက်ဝယ်မရ ကြောင်း၊ ရွှေဝယ်လိုပါက သတ်မှတ်စျေးထက် များစွာ ပိုပေးရပြီး မှောင်ခိုစျေးကွက်ဆန်ဆန် ဝယ်ယူရကြောင်း၊

ရောင်းသူနည်းပါးကြောင်း သိရှိရသည်။


Leave a Reply

Your email address will not be published.