မြေကွက်တစ်ခုဝယ်ယူပြီး ကျောင်းဆောင်ဆောက်လုပ်ကာ ငွေကြေးမတတ်နိုင်တဲ့သူတွေကို ပညာအခမဲ့သင်ပေးခဲ့သည့် ဆရာတစ်ဦး၏ တပည့်တွေကို ပညာတတ်ဖြစ်စေချင်သည့် စေတနာ

နိုင်ငံတော် ခေတ်မှီဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအကျဆုံးသောအချက်မှာ ပညာရည်နှလုံးရည်ပြည့်ဝဖို့အတွက် အထူးလိုအပ်လှတာဖြစ်ပါတယ်။အနာဂတ်လူငယ်များနှင့်အတူ ပညာဖြင့်တည်ဆောက်ပါက နိုင်ငံတော်ဟာ အမြဲတမ်းအခြားသူများနှင့် ရင်ဘောင်တန်းနိုင်မှာသေချာပါတယ်။

ထို့ကြောင့် ဗီယက်နမ်နိုင်ငံမှ မစ္စတာKhanhဆိုသည့်ဆရာဟာ သူ၏ငွေကြေးများဖြင့် မြေကွက်တစ်ခုကို ဝယ်ယူပြီး ကိုယ်ပိုင်ကျောင်းဆောင်ကို ဆောက်လုပ်ခဲ့ပါတယ်။ထို့အပြင် ပညာသင်ကြားဖို့အခက်အခဲဖြစ်နေသည့် တပည့်လေးတွေကို အခကြေးငွေမယူဘဲ အလကားသင်ကြားပေးခဲ့ပါတယ်။

အခြားဆရာသမားများကိုလည်း အားလပ်ချိန်လေးများတွင် သူ၏ကျောင်းတွင် လာသင်ပေးဖို့ အကူအညီတောင်းခံကာ တပည့်လေးတွေပညာပြည့်ဝဖို့အတွက် အရာရာကို အနစ်နာခံပြီး ဆောင်ရွက်ပေးနေခဲ့ပါတယ်။ထို့ကြောင့် ဆရာလေး၏ဂုဏ်သတင်းဟာ ချက်ချင်းပင်ပျံနှံလာခဲ့ပြီး လူတိုင်း၏လေးစားမှုကို ရရှိခဲ့ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

Leave a Reply

Your email address will not be published.