လူတိုင်းက အေးဆေးလေးထိုင်ပြီး အဝလာစားကြသည့် ဘူဖေးအဝစားဆိုင်သို့ ရောက်လာပြီး ဘောက်တစ်လုံးနှင့်သီချင်းဖွင့်ကာ မူးမူးရူးရူးနှင့် ခုံပေါ်တက်ကနေခဲ့သည့် မိန်းကလေး

ဘူဖေးအဝစားဆိုင်လို့ဆိုလိုက်သည်နှင့် လူတိုင်းဟာ ဘာအနှောက်အယှက်မှမရှိချင်ဘဲ အစားအသောက်တွေကို အားရပါးရစားသောက်ဖို့အတွက် ရောက်လာခဲ့ကြတာဖြစ်ပါတယ်။သို့သော်လည်း အမျိုးသမီးငယ်လေး၏ ဘူဖေးအဝစားဆိုင်သို့လာစားရင်း လုပ်ချလိုက်သည့်ပုံစံကတော့ အခြားစားသောက်သူတွေကို အနှောက်အယှက်ဖြစ်စေခဲ့တာဖြစ်ပါတယ်။

ဒီကောင်မလေးတွေဟာ အစားအသောက်တွေစားပြီချိန်မှာ အသင့်ယူလာသည့် ဆောင်းဘောက်ကို အသံကုန်ဖွင့်ပြီး ခုံပေါ်တက် ကနေတော့တာဖြစ်ပါတယ်။ထို့ကြောင့် ကောင်မလေးတို့၏ပတ်ဝန်းကျင်ကို အနှောက်အယှက်ဖြစ်စေသည့်လုပ်ရက်ကြောင့် လူအများကလည်း ဒေါသထွက်ပြီး အော်ဟစ်ဆဲဆိုနေကြတော့တာဖြစ်ပါတယ်။

လွတ်လပ်ခွင့်ဆိုတာ လူတိုင်းမှာရှိတာမှန်သော်လည်း ပတ်ဝန်းကျင်ကို အလေးထားရမှန်းမသိတဲ့ကောင်မလေးရဲ့အပြုအမူဟာ နားလည်ရခက်လှပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

Leave a Reply

Your email address will not be published.